DVB Logo
Home
နိုင်ငံရေး
ကေအိုင်အေနှင့် အစိုးရတပ်များ ပစ်ခတ်မှု ရပ်တန့်
DVB
·
June 15, 2011
Donate to DVB

[caption id="attachment_10754" align="alignleft" width="310" caption="အစိုး​ရတပ်နှင့်​ ​ကေအိုင်​အေတပ်တို့​ စစ်သုံ့​ပန်း​လဲလှယ်​နေစဉ်"][/caption]

ကချင်ပြည်နယ် မိုး​မောက်မြို့​နယ် တာပိန်​ရေအား​လျှပ်စစ် စက်ရုံနား​က ဘွန်ဆန်​တောင်ကုန်း​မှာ တပ်စွဲထား​တဲ့​ ​ကေအိုင်​အေ - ကချင်လွတ် လပ်​ရေး​တပ်မ​တော် တပ်မဟာ ၃ တပ်ရင်း​ ၁၅ ကို စ​နေ​နေ့​ကတည်း​က လက် နက်ကြီး​တွေနဲ့​ ပစ်ခတ်​နေခဲ့​ရာက မ​နေ့​က မနက် ၁ဝ နာရီ​လောက်ကစပြီး​ ပစ်ခတ် မှု​လျော့​သွား​ပြီး​ မွန်း​လွဲပိုင်း​ကစပြီး​ ပစ်ခတ်မှု ရပ်သွား​တယ်လို့​ ​ကေအိုင်အို တွဲဘက် အ​ထွေ​ထွေအတွင်း​ရေး​မှူး​ ဦး​လနန်း​က ​ပြောပါတယ်။

“သူတို့​ရဲ့​ ဒီလက်နက်ကြီး​ ​နေရာချထား​တဲ့​နေရာရယ်။ အဲဒီလက်နက်ကြီး​ ချတဲ့​နေရာရယ်မှာ သူတို့​ ဗုံး​ကျဉ်ဆန်​တွေ ​လှောင်ထား​တဲ့​ ဂို​ဒေါင်တခုကို ကျ​နော် တို့​ရဲ့​ ပစ်လိုက်တဲ့​ လက်နက်ကြီး​တခုက သွား​ကျ​တော့​ အဲဒီက လက်နက်ကြီး​ တပ် ဖွဲ့​ဝင်​တွေအား​လုံး​ ဒဏ်ရာရတယ်။ ကျဆုံး​တယ်။ ​နောက်ပြီး​တော့​ သူတို့​ရဲ့​ ပုံထား​ တဲ့​ လက်နက်ပုံကြီး​ပေါ်မှာကို ကျ​နော်တို့​ရဲ့​ လက်နက်ကြီး​သွား​ကျ​တော့​ အဲဒီမှာ အား​လုံး​ပေါက်ကွဲပြီး​တော့​ သူတို့​ရဲ့​ လက်နက်ကြီး​တော်​တော်​လေး​ ပျက်စီး​မှုဖြစ် သွား​တယ်၊​ တပ်ပျက်တဲ့​ပုံစံဖြစ်သွား​တယ်။”

ဗိုလ်မှူး​ရော်ဘင် ဦး​ဆောင်တဲ့​ ​ကေအိုင်​အေတပ်ရင်း​ ၁၅ ဟာ မူလ​တောင်ကုန်း​က​နေ ဖယ်ရှား​ပြီး​ ဘွန်ဆန်​တောင်​ကြော​ပေါ်က ပိုမြင့်​တဲ့​ ​တောင်ကုန်း​တခု​ပေါ် ​ပြောင်း​ရွှေ့​တပ်စွဲပြီး​ အစိုး​ရစစ်တပ်ကို ရင်ဆိုင်​နေတာဖြစ်ပါတယ်။

အစိုး​ရစစ်တပ်ဘက်က တပ်ရင်း​ ၁ဝ ရင်း​၊​ လူအင်အား​ ၈၀၀ ​လောက်နဲ့​ တိုက်ခိုက်​နေတာဖြစ်ပြီး​ လက်နက်ကြီး​တွေကို အဓိကအသုံး​ပြုပြီး​ ပစ်ခတ်​နေတာ ဖြစ်ပြီး​ ​ကေအိုင်​အေဘက်က လက်နက်ကြီး​နဲ့​ တုံ့​ပြန်ရာမှာ အစိုး​ရစစ်တပ်ဘက်က လက်နက်ကြီး​တပ်ကို ထိခိုက်ပြီး​နောက် ခုလို အပစ်ရပ်သွား​တာဖြစ်ပါတယ်။

ဒါ​ပေမယ့်​ စစ်ပွဲက​တော့​ ရပ်သွား​မယ့်​ပုံမ​ပေါ်ဘဲ အစိုး​ရတပ်ဘက်က အင် အား​တိုး​မြှင့်​လာတာ​ကြောင့်​ တိုက်ပွဲဆက်ဖြစ်မယ့်​ အလား​အလာရှိ​နေပြီး​ ​ကေအိုင်​အေဘက်က​တော့​ တပြည်လုံး​မှာ ခုခံစစ်ဆင်နွှဲသွား​ဖို့​ အမိန့်​ပေး​ပြင်ဆင်ထား​ပြီလို့​ ဦး​လနန်း​က ​ပြောပါတယ်။

“အခုသူတို့​ရဲ့​ စစ်​ရေး​လှုပ်ရှား​မှု​တွေက အဲဒီဘွန်ဆန်တဝိုက်သာမက ဗန်း​မော်၊​မြစ်ကြီး​နား​၊​ ကား​လမ်း​တ​လျှောက်မှာ သူတို့​တပ်ရဲ့​ လှုပ်ရှား​မှု​တွေက ပိုတိုး​ လာတယ်။ ​နောက်ပြီး​တော့​ ​အောင်ပန်း​က​နေ မန္တ​လေး​တို့​ဘက်က ဗန်း​မော်ဘက် ကို အင်အား​တွေ ဖြည့်​တင်း​လာတဲ့​သတင်း​တွေလည်း​ ကြား​နေရတယ်။ သူတို့​ရဲ့​ စစ်အင်အား​ပြင်ဆင်မှုဟာ ​လျော့​သွား​တဲ့​အ​ခြေအ​နေ​တော့​ မရှိဘူး​။ အဲဒီပုံစံအ​ပေါ် မှာ ​သေနတ်သံငြိမ်သွား​တာက သူတို့​ရဲ့​ အထိအခိုက် အများ​အပြား​ ရှိသွား​တဲ့​အ တွက်မို့​ တိုက်ပွဲ ခနငြိမ်သွား​တဲ့​သ​ဘောလို့​ပဲ ယူဆတယ်။”

ဒီတိုက်ပွဲကာလအတွင်း​ မြန်မာအစိုး​ရတပ်က ညှဉ်း​ပန်း​​သတ်ဖြတ်ခဲ့​တဲ့​ ​ကေအိုင်​အေ ဒု-တပ်ကြပ်တဦး​ ​သေဆုံး​တာ အပါအဝင် ကျဆုံး​သူ သုံး​ဦး​ရှိပြီး​ တဦး​ ဒဏ်ရာရတယ်လို့​ ​ကေအိုင်​အေက ​ပြောပါတယ်။ အစိုး​ရတပ်ဘက်က​တော့​ ထိခိုက်ဒဏ် ရာရသူ​ပေါင်း​ တရာနီး​ပါး​ရှိပြီး​ မိုး​မောက်နဲ့​ ဗန်း​မော်​ဆေး​ရုံတို့​မှာ ​ရောက်ရှိ​နေတယ် လို့​ ​ဒေသခံ​တွေက ​ပြောပါတယ်။

အစိုး​ရစစ်တပ်ဘက်က ​နောက်ထပ်တပ်အင်အား​တွေ ဗန်း​မော်ဆိပ်ကမ်း​ကို မ​နေ့​ကစတင်​ရောက်ရှိလာပြီလို့​ ​ဒေသခံတဦး​က ​ပြောပါတယ်။ မိုး​မောက်နဲ့​ ဗန်း​ ​မော် အ​ခြေအ​နေကို ​ဒေသခံက ခုလို​ပြောပြပါတယ်။

“ဗန်း​မော်ဘက်က​နေပြီး​တော့​ တပ်မတခု​လောက်ရှိတယ် ​ရောက်လာတာ။ မ​နေ့​ည​နေပိုင်း​ ၂ နာရီ​လောက်က။ ​နေပြည်​တော်ကလာတာ။ ပြီး​တော့​ လူကြီး​ ၂ ​ယောက်လည်း​ ညှိနှိုင်း​ဖို့​ လာတယ်လို့​တော့​ အဲလိုမျိုး​ပြောသံ​တွေလည်း​ ကြား​နေရတယ်။ ဗန်း​မော်​ဒေသခံ​တွေရဲ့​ အ​ပြောအရ​ပေါ့​။ ​ရောက်​တော့​ရောက်​နေပြီလို့​ ​ပြော တယ်။ ​ကျောင်း​တွေက​တော့​ ပိတ်လိုက်ပြီ။ ဗန်း​မော်​ကျောင်း​က​တော့​ ဖွင့်​သေး​ တယ်။ အခု​တော့​ ​ကျောင်း​ပိတ်ဖို့​ ​ဆွေး​နွေး​နေတုန်း​ပဲ။ ဒီလိုင်ဇာဝန်း​ကျင် ​တော်တော်များ​များ​မှာ စစ်အင်အား​တွေကို စစ်အစိုး​ရဘက်က ​တော်​တော်ချထား​တယ်။”

အစိုး​ရစစ်တပ်က ​ပေါ်တာဆွဲလို့​ ​ဒေသခံကချင်ပြည်သူ​တွေ ​ကေအိုင်​အေ ဘက်ကို ထွက်​ပြေး​နေတယ်လို့​လည်း​ ​ပြောပါတယ်။ စစ်​ပြေး​ဒုက္ခသည်​တွေ လိုင်ဇာ မြို့​ဘက်ကို ထွက်​ပြေး​ရောက်ရှိလာ​နေပြီး​ အစိုး​ရတပ်ဘက်က ​ပေါ်တာဆွဲ​နေပုံကိုလည်း​ ​ဒေသခံက ခုလို​ပြောပြပါတယ်။

“လက်နက်ကြီး​နဲ့​ တအား​ပစ်တယ်။ ​ဒေသခံ​တော်​တော်များ​များ​က​တော့​ အဲဒီ ဗန်း​မော်-မြစ်ကြီး​နား​လမ်း​နား​က ရွာငယ်​တွေ​ပေါ့​။ ​တော်​တော်များ​များ​ ဒီလိုင်ဇာဘက်ကို ထွက်​ပြေး​လာကြပြီ။ ခန့်​မှန်း​ခြေ​တော့​ ၅ဝဝ ​ကျော်​လောက်​တော့​ ရှိမယ်။ ​ထောင်သား​တွေက ၁ဝ ရက်​နေ့​ ည​နေပိုင်း​လောက်မှာ ဗန်း​မော်က​နေ ​ရှေ့​ တန်း​ကို ပြန်ပို့​လိုက်ပြီ။”

ဒီစစ်​ပြေး​ဒုက္ခသည်​တွေကို ​ကေအိုင်အိုဘက်က ကူညီဖို့​ ပြင်ဆင်ထား​ပုံ​တွေကို ဦး​လနန်း​က ခုလို​ပြောပြပါတယ်။

“ကျ​နော်တို့​လည်း​ ​ရောက်လာတဲ့​လူထု​တွေကို ကူညီဖို့​အတွက် ​ကော်မတီ ကို အ​ရေး​ပေါ်ဖွဲ့​စည်း​ပြီး​တော့​ သူတို့​ကို ​နေရာချထား​တာမျိုး​၊​ စား​ရေး​သောက် ​ရေး​နဲ့​ အဆင်​ပြေ​အောင် လုပ်​ပေး​ထား​ပါတယ်။ ​နောက်ပြီး​တော့​ အဲဒီမှာပါတဲ့​ က​လေး​တွေအတွက်လည်း​ ကျ​နော်တို့​ ​ဒေသမှာဖွင့်​ထား​တဲ့​ ​ကျောင်း​တွေမှာ အဖြစ် နိုင်ဆုံး​ အချိန်ဇယား​တွေ ညှိနှိုင်း​ပြီး​တော့​ ကျ​နော်တို့​ ​ကေအိုင်အိုက ဖွင့်​ထား​တဲ့​ ​ကျောင်း​တွေမှာ ဆက်သင်ကြား​နိုင်​အောင် စီမံချက်​တွေ စပြီး​တော့​ လုပ်​ဆောင် ​နေကြပါပြီ။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013