DVB Logo
Home
မြန်မာသတင်း
ဟင်္သာတ မြို့နယ်အတွင်း ရေနစ်မြုပ်ကျေးရွာမှ နွားအချို့ ရေနာမိ၍ သေဆုံး (ဓာတ်ပုံ)
DVB
·
August 13, 2015
ဟင်္သာတ မြို့နယ်အတွင်း ရေနစ်မြုပ်ကျေးရွာမှ နွားအချို့ ရေနာမိ၍ သေဆုံး (ဓာတ်ပုံ)
1 / 5
Donate to DVB

ဟင်္သာတ မြို့နယ်အတွင်းရှိ စစ်ကုန်းအုပ်စုက ရေနစ်မြုပ်ခဲ့တဲ့ ကျေးရွာတချို့မှာ ရေနာမိပြီး နွားတွေ သေဆုံးခဲ့သလို တိရစ္ဆာန်အစာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေလည်း လိုအပ်နေပါတယ်။

ဟင်္သာတမြို့နယ်မှာ ဧရာဝတီမြစ်ရေ စိုးရိမ်ရေအမှတ်အောက် ပြန်လည်ကျဆင်းသွားပြီ ဖြစ်ပေမယ့် ရေနစ်မြုပ်ခဲ့တဲ့ စစ်ကုန်းကျေးရွာအုပ်စု ရေလယ်သောင်းကျေးရွာမှာ နွားတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေပြီး သေဆုံးမှုတွေလည်း ရှိနေပါတယ်။

ဧရာဝတီမြစ်ရေ ကျဆင်းသွားပြီး ရေဘေးကယ်ဆယ်ရေး စခန်းအသီးသီးက ရေဘေးသင့်ပြည်သူတွေ နေရပ်ပြန်ကြပြီး အလှူရှင်များရဲ့ ထောက်ပံ့မှုကြောင့် စားဝတ်နေရေး အဆင်ပြေပေမယ့် တိရစ္ဆာန်တွေအတွက် အစာနဲ့ ကျန်းမာရေးစောင့်ရှောက်မှု အကူအညီ လိုအပ်နေပါတယ်။

ရေနစ်မြုပ်ခဲ့တဲ့ဒေသက နွားတွေဟာ ရေထဲမှာ ရက်ကြာကြာ ရေစိမ်နေခဲ့ရတဲ့အတွက် ခွာဆစ်မှ ခြေထောက်တလျှောက်နဲ့ ဝမ်းဗိုက်စပ်အထိ ယောင်ကိုင်းနေကာ ရေနာမိလို့ သားရေတွေနူးပြီး အနာဖြစ်နေကြပါတယ်။

ဧရာဝတီမြစ်ရေဟာ အရင်နှစ်တွေထက် စံချိန်တင် မြင့်တက်ခဲ့လို့ ကျေးရွာတချို့မှာ တိရစ္ဆာန်တွေ ပြောင်းရွှေ့မှု အခက်အခဲရှိခဲ့ပါတယ်။

ရေလွတ်ရာ ကယ်ဆယ်ရေးစခန်းတွေကို ရောက်ရှိလာတဲ့ တိရစ္ဆာန်တွေကို မြို့နယ် တိမွေးကုဌာနနဲ့ ကျေးလက်လူငယ် (ကြက်ခြေပြာ) အဖွဲ့က ကုသပေးခဲ့ပြီး ရေနစ်မြုပ်ဒေသက ကျန်တိရစ္ဆာန်တွေကိုလည်း လိုက်လံကုသပေးဖို့ စီစဉ်နေပါတယ်။

ဧရာဝတီမြစ်ရေဟာ ဟင်္သာတမြို့မှာ သြဂုတ် ၁၃ ရက် မနက် တိုင်းတာချက်အရ ၄၃ ဒသမ ၅၅ ပေမှာ ရှိနေပြီး စိုးရိမ်ရေအမှတ် ၄၄ ပေအောက် ၆ လက်မခန့် ကျဆင်းသွားလို့ သက်ဆိုင်ရာက ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေပါတယ်။

ဟင်္သာတမြို့နယ်အတွင်း ရေကြီးနစ်မြုပ်မှုကြောင့် ကျေးရွာအုပ်စု ၂၂ စု၊ ကျေးရွာခွဲပေါင်း ၁၃ဝ၊ လူဦးရေ ၄၂၁၅၁ ဦး ရေဘေးသင့်ခဲ့ပြီး တာအပြင်ပိုင်း ကျေးရွာများရှိ မိုးစပါးစိုက်ဧက ၈၁၉၆ ဧကခန့် ရေနစ်မြုပ်ခဲ့ကာ ၅၁၆၈ ဧကခန့် ပျက်စီးခဲ့ကြောင်း မြို့နယ်သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအဖွဲ့ စာရင်းတွေအရ သိရပါတယ်။

သတင်းဓာတ်ပုံ - Pyi Phyo

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013