DVB Logo
Home
မြန်မာသတင်း
ကျွန်းသစ်နဲ့ သစ်မာခုတ်လှဲမှု တားဆီးပိတ်ပင်ကြောင်း ကေအန်ပီပီ ကြေညာ
DVB
·
August 13, 2015
ကျွန်းသစ်နဲ့ သစ်မာခုတ်လှဲမှု တားဆီးပိတ်ပင်ကြောင်း ကေအန်ပီပီ ကြေညာ
Donate to DVB

ကရင်နီပြည် (ကယားပြည်နယ်) အတွင်း ကျန်ရှိနေတဲ့ ကျွန်းသစ်နဲ့ သစ်မာတွေကို အသစ်ထပ်မံ ခုတ်လှဲတာ၊ စီးပွားဖြစ်လုပ်ကိုင်ဆောင်ရွက်တာတွေကို လုံးဝတားဆီးပိတ်ပင်ကြောင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တခုဖြစ်တဲ့ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီက ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ပြီးခဲ့တဲ့ ၆ လပတ် ပါတီဗဟိုကော်မီတီပုံမှန်အစည်းအဝေးမှာ ဆုံးဖြတ်လိုက် တာဖြစ်ပြီး အဓိကအားဖြင့် သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံခိုင်မြဲရေး၊ နောက်လာ နောက်သားတွေရဲ့ အကျိုးစီးပွားကို မျော်ကိုးရေးအပြင် ကရင်နီပြည်အတွင်း သဘာဝ ဘေးဒဏ်ကျရောက်မယ့် အန္တရာယ်တာဆီးနိုင်ရေးအတွက် ရည်ရွယ်ပြီး အခုလို တားမြစ်လိုက်တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ကရင်နီပြည်မှာ အဖိုးတန်ကျွန်းသစ်နဲ့ သစ်မာတွေဟာ ကုန်ခန်းလုနီးပါးဖြစ်နေတဲ့အပြင် သစ်တောတွေ ပြန်လည်ထိန်းသိန်းခြင်းလုပ်ငန်းနဲ့ ပြန်လည်ပြုစုပျိုးထောင်ရေးလုပ်ငန်းတွေမှာ လွန်စွာနည်းပါးနေတယ်လို့ ဖော်ပြထားပါတယ်။

လက်ရှိ မြန်မာနိုင်ငံအတွင်းကြုံတွေ့နေရတဲ့ သဘာဝဘေးအန္တရာယ်ဆိုးတွေဟာလည်း သစ်တောတွေ ပြုန်းတီးခြင်း၊ သယံဇာတတွေ အလွန်အကျွံတူးဖော်သုံးစွဲခြင်းကြောင့် ရာသီဥတု ဖောက်ပြန်မှုဖြစ်ပေါ်နေတာဖြစ်တယ်လို့ ကေအန်ပီပီက ထောက်ပြထားပါတယ်။

မြန်မာနိုင်ငံဟာ လက်ရှိကမ္ဘာမှာ သစ်တောပြုန်းတီးမှုအများဆုံးနိုင်ငံထဲမှာ ပါဝင်နေပြီး သစ်တောပြန်လည်ပြုစုထိန်းသိမ်းတာကိုပြုဖို့ဖို့ လွန်စွာအရေးကြီးနေပြီးလို့လည်း ကြေညာချက်မှာ သတိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
ကျွန်းသစ်နဲ့ သစ်မာခုတ်လှဲမှု တားဆီးပိတ်ပင်ကြောင်း ကေအန်ပီပီ ကြေညာ