DVB Logo
Home
မြန်မာသတင်း
ပုသိမ်မြို့ပေါ်ရေကြီး ရေလျှံ၊ ဒုက္ခသည်စခန်း ၄ ခု ဖွင့်ထား
DVB
·
August 13, 2015
ပုသိမ်မြို့ပေါ်ရေကြီး ရေလျှံ၊ ဒုက္ခသည်စခန်း ၄ ခု ဖွင့်ထား
1 / 5
Donate to DVB

ဧရာဝတီတိုင်းမြို့တော် ပုသိမ်မြို့မှာ လွန်ခဲ့တဲ့ ၃ ရက်လောက်ကစပြီး င၀န်မြစ်ရေ တဖြည်းဖြည်း တက်ရာကနေ မြို့ပေါ်ရပ်ကွက်တွေအထိ ရေ၀င်တဲ့အတွက် ရေဘေးကယ်ဆယ်ရေးစခန်းတွေ ဖွင့်လှစ်ထားရပါတယ်။

မြန်မာပြည်အထက်ပိုင်းက ကျလာတဲ့ရေတွေ အခုချိန် ပုသိမ်ဘက်ကို ရောက်ရှိလာသလို မိုးတွေရွာနေတဲ့အတွက် အခုလို ရေကြီးမှု ဖြစ်ပွားတာလို့ မြို့ခံ ဦးသက်လွင်က ပြောပါတယ်။

“ကျနော်တို့ ရပ်ကွက် ၁၊ ၂၊ ၇၊ ၁၄၊ ၁၂၊ နောက်မြို့ပေါ် မြို့တော်ခန်းမရှေ့တို့ ရပ်ကွက် ၄ တို့လည်းမြုပ်တယ်။ တော်တော်များများ မြို့ပေါ် ကျနော်တို့ ၁၅ ရပ်ကွက်မှာ ၈ ရပ်ကွက်လောက်တော့ မြုပ်နေပြီ။ ရေက စပြီးနေ့ကို ၂ လက်မ၊ ၃ လက်မတက်တာ ၃ ရက်လောက်ရှိပြီ။ ရေကလည်း ဆက်တက်နေတုန်းပဲ။ အခု ပြောနေတဲ့အချိန်မှာ မိုးရွာနေတယ်။”

မြို့ပေါ်ရေတက်မှုကြောင့် ရပ်ကွက် ၁၊ ၂၊ ၇ နဲ့ ၄ ရပ်ကွက်တွေမှာ ရေဘေးကယ်ဆယ်ရေးစခန်း ဖွင့်ထားပြီး လောလောဆယ် လူဦးရေအားဖြင့် ၄၀၀၀ ကျော် လာရောက်ခိုလှုံနေတယ်လို့လည်း ဦးသက်လွင်က ပြောပါတယ်။

လောလောဆယ် မိုးများပြီး မြစ်ရေတက်နေမှုကြောင့် ကယ်ဆယ်ရေးစခန်းတွေမှာ ကလေးငယ်တွေနဲ့ လူကြီးတချို့မှာ အအေးမိပြီး ချောင်းဆိုတာတွေ ရှိတယ်လို့လည်း ပြောပါတယ်။

ပုသိမ်မြို့ အပါအ၀င် ဧရာဝတီတိုင်းက သာပေါင်း၊ ဟင်္သာတ၊ ဇလွန်၊ ညောင်တုန်း အစရှိတဲ့မြို့နယ်တွေမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအနှံ့ ပြည်နယ်နဲ့ ၁၁ ခုမှာ ရေဘေးနဲ့  ကြုံတွေ့နေရတယ်လို့ အစိုးရက သတင်းထုတ်ပြန်ထားပြီး ရေကြီးမှုကြောင့် လူပေါင်း ၁၀၀ ကျော်သေဆုံးပြီး ၁ သန်းကျော် ရေဘေးဒုက္ခ ရောက်နေရပါတယ်။

ဓာတ်ပုံ - မိုးကျော် (ပုသိမ်)

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013