
လက်ရှိချန်ပီယံ ပီအက်စ်ဂျီအသင်းဟာ ဘိုင်ယန်မြူးနစ်ကို နှစ်ကျော့ပေါင်းရလဒ် (၆-၅) ဂိုးနဲ့ အနိုင်ယူပြီး ဗိုလ်လုပွဲမှာ အာဆင်နယ်နဲ့ ရင်ဆိုင်ဖို့ ဖြစ်လာပါတယ်။
ဒီမနက် တဂိုးစီသရေကျခဲ့တဲ့ ဒုတိယကျော့ပွဲစဉ်မှာ ပီအက်စ်ဂျီအတွက် အစောပိုင်းဦးဆောင်ဂိုးကို ဒမ်ဘီလီက သွင်းယူခဲ့ပါတယ်။
ဘိုင်ယန်အတွက် ဟာရီကိန်းက ပွဲပြီးခါနီးမှ ချေပဂိုးတဂိုး ပြန်သွင်းနိုင်ခဲ့ပေမဲ့ နောက်တဂိုးသွင်းယူဖို အချိန်နောက်ကျသွားခဲ့လို ပီအက်စ်ဂျီတို ဗိုလ်လုပွဲ တက်လှမ်းသွားတာ ဖြစ်ပါတယ်။
ပီအက်စ်ဂျီဟာ ပြီးခဲ့တဲ့နှစ်က အင်တာမီလန်ကို နိုင်ပြီး ချန်ပီယံဖြစ်ခဲ့သလို အခုလည်း သူတိုရဲ့ ခံစစ်နဲ့ တိုက်စစ် စွမ်းရည်ကို ထပ်မံသက်သေပြနိုင်ခဲ့ပါတယ်။
လာမဲ့ မေလ ၃၀ ရက်၊ ဘူဒါပက်စ်မှာကျင်းပမဲ့ ဗိုလ်လုပွဲမှာတော့ ၂၀ နှစ်အတွင်း ပထမဆုံးအကြိမ် ဗိုလ်လုပွဲတက်လာတဲ့ အာဆင်နယ်နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။
ပီအက်စ်ဂျီဟာ ဥရောပရဲ့ အကောင်းဆုံးအသင်းဖြစ်ကြောင်း ပြသနေတာကြောင့် အာဆင်နယ် အတွက်တော့ ခက်ခဲတဲ့ စိန်ခေါ်မှုတခု ဖြစ်လာမှာပါ။
Photo:Reuters










