DVB Logo
Home
လူမှုရေး
အကယ်ဒမီ ဒေါ်နွဲ့နွဲ့မူ ကွယ်လွန်
DVB
·
June 15, 2011
Donate to DVB

ရုပ်ရှင်သရုပ်​ဆောင် အကယ်ဒမီ ​ဒေါ်နွဲ့​နွဲ့​မူ အသက် (၆၁) နှစ်ဟာ ဇွန်လ ၁၃ ရက် မနက် ၆နာရီ​လောက်က ရန်ကုန်မြို့​၊​ ပြည်သူ့​ဆေး​ရုံသစ်မှာ အစာအိမ်​သွေး​ကြော​ပေါက်ပြီး​ ကွယ်လွန်သွား​ပါတယ်။

ဒေါ်နွဲ့​နွဲ့​မူကို ၁၉၅ဝ ပြည့်​နှစ် ဩဂုတ်လ ၁၈ ရက်​နေ့​က ဟင်္သာတမြို့​မှာ ဖခင်ဖြစ်သူ ဦး​သော် (ပညာ​ရေး​ဌာနဝန်ထမ်း​) နဲ့​ မိခင်ဖြစ်သူ ရုပ်ရှင်သရုပ်​ဆောင် အကယ်ဒမီ ​ဒေါ်သိန်း​ရှင်တို့​က ​မွေး​ဖွား​ခဲ့​ပြီး​ သား​သမီး​ငါး​ဦး​အနက် တတိယ​မြောက် သမီး​ဖြစ်ပါတယ်။

၁၉ရဝ ပြည့်​နှစ်​ကျော်ကာလ​တွေတုန်း​က မြန်မာ့​ရုပ်ရှင်​လောကမှာ ​အောင် မြင်တဲ့​ မင်း​သမီး​တဦး​အဖြစ် ရုပ်ရှင် ဇာတ်ကား​ပေါင်း​ ရာနဲ့​ချီရိုက်ကူး​ခဲ့​ပြီး​ ၁၉၇၅ ခုနှစ်မှာ ​နော်ကူး​မ ဇာတ်ကား​နဲ့​ အကယ်ဒမီရခဲ့​ပါတယ်။

ထို့​နောက် ရုပ်ရှင်​လောကနဲ့​ ဆယ်စုနှစ် ၂ ခု​ကျော် အဆက်ပြတ်ခဲ့​ပြီး​တဲ့​ ​နောက် လွန်ခဲ့​တဲ့​ ၈ နှစ်​လောက်ကမှ ဗီဒီယိုဇာတ်လမ်း​တွေမှာ ပြန်လည်သရုပ် ​ဆောင်ခဲ့​ပါတယ်။

အနုပညာမျိုး​ရိုး​ရှိသူဖြစ်ပြီး​ ကွယ်လွန်သွား​တဲ့​ နာမည်​ကျော်သရုပ်​ဆောင် ​ဒေါ်ကြည်ကြည်​ဌေး​ရဲ့​တူမအရင်း​လည်း​ ဖြစ်ပါတယ်။

သူရဲ့​ထင်ရှား​တဲ့​ ရုပ်ရှင်ကား​တွေက​တော့​ သမန်း​ကျား​၊​ ငယ်ကျွမ်း​ဆွေ၊​ အကယ်ဒမီရတဲ့​ ​နော်ကူး​မ၊​ ​နေခြည်ဖြာမှ ​နွေး​သော​ကြောင့်​၊​ မမုန်း​လေနဲ့​ငပလီ၊​ ပျဉ်း​မငုတ်တိုစတဲ့​ ရုပ်ရှင်ကား​တွေဖြစ်ပါတယ်။

ဒေါ်နွဲ့​နွဲ့​မူရဲ့​ သရုပ်​ဆောင် အနုပညာနဲ့​ပတ်သက်ပြီး​ ရုပ်ရှင်သရုပ်​ဆောင် ကို​ကျော်သူက ခုလို အမှတ်တရ ​ပြောပါတယ်။

“​ဒေါ်နွဲ့​နွဲ့​မူက ​နောက်ပိုင်း​ ကျ​နော်နဲ့​ အ​မေဇာတ်လမ်း​တွေရိုက်ဖူး​တယ်။ အစ်မအ​နေနဲ့​လည်း​ ရိုက်ဖူး​တယ်။ အ​မေနွဲ့​မူက မိဘ​မေတ္တာ ဇာတ်လမ်း​တွေမှာ နိုင်နင်း​ပါတယ်။ ကရင်လူမျိုး​တွေရဲ့​စရိုက်ကို ​ကောင်း​ကောင်း​သရုပ်​ဆောင်နိုင်တယ်။ ကရင်​လေသံရ​အောင် ​ပြောနိုင်တယ်။ ဟန်ပန်​ကော၊​ တကယ့်​အနုပညာမှာ အနု ပညာက​ဝေလို့​တောင် ​ပြောလို့​ရတယ်။”

ဒေါ်နွဲ့​နွဲ့​မူရဲ့​ ရုပ်အ​လောင်း​ကို ဇွန်လ ၁၅ ရက်​နေ့​ မနက် ၁ဝ နာရီမှာ ဗား​ဂ ရာ ခရစ်ယာန်ဘုရား​ကျောင်း​ကို ပို့​ဆောင်ကာ ဝတ်ပြုကိုး​ကွယ်ပြီး​ အဲဒီကမှတဆင့်​ ​ရေ​ဝေး​ ခရစ်ယာန်သုသန်သို့​ ပို့​ဆောင်ဂူသွင်း​မယ်လို့​ သိရပါတယ်။

ဒေါ်နွဲ့​နွဲ့​မူ ကွယ်လွန်ချိန်မှာ သား​တဦး​၊​ သမီး​တဦး​ ကျန်ရစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013