DVB Logo
Home
မြန်မာသတင်း
ကြံ့ဖွံ့ပါတီရုံးချုပ်ကို ရဲလုံခြုံရေးများ ၀င်ရောက်၊ သူရဦးရွှေမန်းနေအိမ် လုံခြုံရေး ချထား
DVB
·
August 13, 2015
ကြံ့ဖွံ့ပါတီရုံးချုပ်ကို ရဲလုံခြုံရေးများ ၀င်ရောက်၊ သူရဦးရွှေမန်းနေအိမ် လုံခြုံရေး ချထား
Donate to DVB

နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ထဲက ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးချုပ်ကို သြဂုတ်လ ၁၂ ရက် ညက ရဲလုံခြုံရေးတွေဝင်ရောက်လာပြီးနောက် ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းကို နေအိမ်မှာ လုံခြုံရေး အစောင့်အရှောက်တွေချထားတယ်လို့ သားဖြစ်သူ ဦးတိုးနိုင်မန်းက အေအက်ဖ်ပီ သတင်းဌာနကို ပြောပါတယ်။

"ရဲတွေ ပါတီဝင်းထဲကို မနေညက ၀င်လာတယ်။ ဒီနောက် ဘယ်သူမှ အ၀င်အထွက် မပေးလုပ်တော့ဘူး”

ပြီးခဲ့တဲ့ညကနေ ဒီမနက်အထိ ပါတီ ဌာနချုပ် အနီးရဲတွေကင်းလည့်နေပြီး မော်တော်ကား အစီး ၂၀ ကျော် ၀င်ထွက်သွားလာခဲ့တယ်လို့ နေပြည်တော်မှာ ရှိတဲ့ ဒီဗွီဘီသတင်းထောက် ကိုနေဖြိုးဝင်းက ပြောပါတယ်။

“ကျနော်တို့ ည ၁၂ နာရီလောက်မှာ အဲဒီကိုရောက်သွားပါတယ်ခင်ဗျ။ ရဲကားတွေရော မာစီးဒီး ကားတွေရော အစုံဘဲ၊ စစ်ကားတော့မပါဘူး တချို့က ရပ်ထားတယ်။ တချို့က ၀င်လိုက်ထွက်လိုက်နဲ့ ပုံမှန်လိုမဟုတ်ဘဲ ထူးခြားနေတယ်။ ဒါပေမယ့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ နီးစပ်တဲ့လူတွေကို မေးလို့မရဘူးခင်ဗျ၊ တချို့က ဖုန်းပိတ်ထားတယ်။ ရတဲ့လူတွေကျတော့ ဘာမှလည်း မပြောဘူး။ ကျနော်တို့ သတင်းထောက်တွေ ဆယ့်လေးဆယ့်ငါးယောက် လောက်ရှိတယ်။ အဲလိုဘဲ စောင့်ကြည့်နေကြတာ။ မနက် ၄ နာရီ ခွဲလောက်ကျတော့ ကားတွေ ကျဲသွားလို့ ကျနော်တို့လည်း ပြန်လာကြတယ်။ အခု (မနက် ၁၀ နာရီ) မှာ ဘာထူးမလဲလို့ နောက်ထပ်ပြန်သွားနေပါတယ်ခင်ဗျ။”

သူရဦးရွှေမန်းကို ပါတီဥက္ကဋ္ဌ ရာထူးကနေ ဖယ်ရှားလိုက်တယ်လို့ သတင်းတွေ ထွက်နေပေမယ့် အတည်ပြုလို့မရသေးဘဲ အခြေအနေကို စောင့်ကြည့်နေပြီး နောက်ကွယ်မှာ ဘာတွေ ဖြစ်နေ သလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့လည်း ဆိုပါတယ်။

မနေ့က အာဏာရ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက တပ်မတော်အရာရှိတွေနဲ့ အစိုးရအဖွဲ့ဝင် ၀န်ကြီးနဲ့ ဒုဝန်ကြီးတွေ အပါအ၀င် ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းတွေကို ထုတ်ပြန်ခဲ့ပြီးနောက် ခုလို ပါတီတွင်းအရှုပ်အတွေး ပြဿ နာတွေ ဖြစ်ပေါ်နေတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013