DVB Logo
Home
မြန်မာသတင်း
လှိုင်မြစ်ရေ တိုးမှုကြောင့် တိုက်ကြီးမြို့ ကျေးရွာအချို့ ရေနစ်မြုပ် (ရုပ်သံ)
DVB
·
August 12, 2015
လှိုင်မြစ်ရေ တိုးမှုကြောင့် တိုက်ကြီးမြို့ ကျေးရွာအချို့ ရေနစ်မြုပ် (ရုပ်သံ)
Donate to DVB

ဧရာဝတီမြစ်ရေကျပြီး လှိုင်မြစ်ရေ တက်လာတာကြောင့် တိုက်ကြီးမြို့ ၁၀ မိုင်ကျော်ဝေးတဲ့ မြစ်အနောက်ဘက်ကမ်းရွာတွေမှာ သြဂုတ် ၁၁ ရက်ကစပြီး ရေနစ်မြုပ်နေပါတယ်။

သြဂုတ် ၁၁ ရက်နေ့မှာ ဧရာဝတီမြစ်ရေ ၄ ပေကျသွားပေမယ့် လှိုင်မြစ်ရေမြင့်တက်လာ လို့ အခုလို ရေနစ်မြုပ်နေတာပါ။

ရန်ကုန်တိုင်းအတွင်း တိုက်ကြီးမြို့နယ် မီးသွေးချောင်းကျေးရွာကနေ စက်လှေနဲ့ ၁ နာရီ ကျော်ကြာ သွားရောက်ရမယ့် တော်လတီကျေးရွာ အနောက်လေးအုပ်စုရွာတွေမှာ  လှိုင်မြစ်ရေ တိုးလာတာတဲ့ ဒဏ်ကို စတင်ခံစားနေရတာဖြစ်ပါတယ်။

BG သွေးကူညီရေးအဖွဲ့တာဝန်ခံ ဦးသက်ဦးက “လှိုင်မြစ်ရေတက်လာတဲ့အတွက် ဒီသုံး ရက်အတွင်းမှာ ဒုက္ခရောက်နေကြပါတယ်။ လက်ရှိပဲ ကျောင်းသားတွေ ကျောင်းတက်လို့မရဘူး။ ကျောင်းတွေလည်း ရေမြုပ်တယ်။ ကျေးရွာထဲမှာ ပြန်လည်တည်ဆောက်ရေးမှာ လယ်ယာတွေ အများကြီး ရေမြုပ်ပျက်စီးသွားပြီး မျိုးစပါးကိစ္စတွေ၊ ကောက်စိုက်သမတွေရဲ့ စားဝတ်နေရေးကိစ္စတွေမှာ ရေရှည်စီမံကိန်းကိစ္စတွေမှာ လုပ်ဆောင်သွားဖို့ အရမ်းကိုအရေးကြီးပါတယ်”လို့ပြောပါတယ်။

တိုက်ကြီးနဲ့ ဥက္ကံဒေသမှာ ရေဘေးရှောင်စခန်း ၁၂ ခုအထိ ဖွင့်ထားပေမယ့် ဒေသခံတချို့က ရေလွတ်ရာကားလမ်းဘေးမှာ ယာယီနေထိုင်နေကြပါတယ်။

လှိုင်ကျေးရွာအုပ်စု ရာအိမ်မှူးဦးသာလှိုင်က “ဒီအပေါ်ရောက်လာတာ အကုန်မြုပ်တာရော ဘာရောဆိုရင်အားလုံး ၁၅ ရက်ရှိသွားပါပြီ။ လူတွေအထိအခိုက်တော့မရှိပါဘူး” လို့ပြောပါတယ်။

ပြီးခဲ့တဲ့ ၁၀ ရက်လောက်က ဧရာဝတီမြစ်ရေတက်လာတာကြောင့် တိုက်ကြီးမြို့နယ်အပိုင် အဖျောက်ဒေသနဲ့ ဥက္ကံဒေသတွေရေဘေးသင့်ခဲ့ပါတယ်။ အဲ့ဒီအတွက်ကြောင့် တိုက်ကြီးမြို့နယ် မှာ ရေဘေးကယ်ဆယ်ရေးစခန်း၊ ဘုန်းကြီးကျောင်း ၅ ခုနဲ့ ဥက္ကံမှာ စခန်း ၇ ခုဖွင့်လှစ်ခဲ့ပြီး ရေ ဘေးသင့်ပြည်သူ ၃ ထောင်ကျော် လာရောက်ခိုလှုံနေရပါတယ်။

ဒီစခန်းတွေမှာ တပ်မတော်သားတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ တိုက်ကြီးမြို့ခံတွေက ကူညီပံ့ပိုးပေးနေပါတယ်။ လတ်တလောမှာတော့ လှိုင်မြစ်အရှေ့ဘက်ကမ်းနဲ့ အနောက်ဘက်ကမ်းရွာတွေမှာ ကယ်ဆယ်ရေးနဲ့ ထောက်ပံ့ရေးတွေ အထူးလိုအပ်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013