DVB Logo
Home
မြန်မာသတင်း
မြစ်ဝကျွန်းပေါ်နှင့် ရခိုင်ကမ်းရိုးတန်း လှိုင်းလေထန်နိုင်၊ ကမ်းနီးကမ်းဝေး ရေယာဉ်များကို သတိပေး
DVB
·
August 12, 2015
မြစ်ဝကျွန်းပေါ်နှင့် ရခိုင်ကမ်းရိုးတန်း လှိုင်းလေထန်နိုင်၊ ကမ်းနီးကမ်းဝေး ရေယာဉ်များကို သတိပေး
Donate to DVB

ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်း ဆက်ရှိနေတယ်လို့ မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ပါတယ်။

သြဂုတ် ၁၂ ရက် ဒီကနေ့မနက် မြန်မာစံတော်ချိန် ၀၆း၃၀ နာရီအချိန် တိုင်းထွာချက်အရ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနဲ့ ဆက်စပ်လျက်ရှိတဲ့ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ဆက်လက်တည်ရှိနေပြီး ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေ အားအသင့်အတင့် ရှိနေတယ်လို့ ဆိုပါတယ်။

လက်ရှိ လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နေတဲ့နေရာဟာ အိန္ဒိယကမ်းခြေနဲ့ နီးကပ်နေပေမယ့် လေဖိအားနည်းရပ်ဝန်း အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်နဲ့ ရခိုင်ကမ်းရိုးတန်းတောင်ပိုင်း ပင်လယ်ပြင်မှာ လှိုင်းလေထန်နိုင်ပြီး ရေပြင်/မြေပြင်လေတိုက်နှုန်း ၃၅ မိုင်အထိ တိုက်ခတ်နိုင်လို့ ကမ်းနီးကမ်းဝေး ရေယာဉ်ငယ်တွေ သတိထားကြဖို့လည်း မိုးဇလက အကြံပြုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013