DVB Logo
Home
မြန်မာသတင်း
ရေဘေးသင့်ပြည်သူများကို လှူဒါန်းမည့် ဓာတ်ပုံပြပွဲ (သတင်းဓာတ်ပုံ)
DVB
·
August 11, 2015
ရေဘေးသင့်ပြည်သူများကို လှူဒါန်းမည့် ဓာတ်ပုံပြပွဲ (သတင်းဓာတ်ပုံ)
1 / 5
Donate to DVB

ရေဘေးသင့်ပြည်သူတွေကို သွားရောက် ကူညီလှူဒန်းဖို့ ဓာတ်ပုံပြပွဲ တခုကို ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်ထဲမှာရှိတဲ့ The Yangon ပြခန်းမှာ သြဂုတ် ၁၁ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ ကျင်းပပြုလုပ်နေပါတယ်။

ဒီပြပွဲကို Art for hope လို့ နာမည်ပေးထားပြီး မြန်မာပြည်အနှံ့က ဓာတ်ပုံဆရာ ၃၉ ဦးရဲ့ လက်ရာတွေကို ပြသထားတာ ဖြစ်ပါတယ်။

ဓာတ်ပုံအရေအတွက်ကတော့ ၁၀၂ ခုရှိပြီး အများစုဟာ မြန်မာပြည်အနှံ့က ရှုခင်းတွေ လူမှုဘဝတွေအကြောင်း ဖြစ်ပါတယ်။

ဓာတ်ပုံတွေရဲ့ ရောင်းဈေးတွေကတော့ အနည်းဆုံး ဒေါ်လာ ၃၀ ကနေ အများဆုံး ဒေါ်လာ ၂၀၀ အထိရှိပြီး ပထမနေ့မှာတင် ၁၀ ပုံဝန်းကျင် ရောင်းချပြီးသွားပြီ ဖြစ်ပါတယ်။

ဓာတ်ပုံတွေရဲ့ ရောင်းရငွေအားလုံးကို ရေဘေးသင့်ပြည်သူတွေကို သွားရောက်လှူဒါန်းမှာဖြစ်ပြီး သွားရောက်လှူဒါန်းမှု နည်းပါးတဲ့ ဒေသတွေကို ဦးစားပေး လှူဒါန်းသွားမှာ ဖြစ်ပါတယ်။

သတင်းဓာတ်ပုံ - စည်သူဇေယျ

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013