DVB Logo
Home
မြန်မာသတင်း
ပြည်သူ ၅၂ သန်းကျော်ရဲ့ ပြဿ နာတွေကို ရင်ဆိုင်ဖို့ အဆင်သင့်ရှိဟု ဒေါ်စု ပြော (ရုပ်သံ)
DVB
·
August 11, 2015
ပြည်သူ ၅၂ သန်းကျော်ရဲ့ ပြဿ  နာတွေကို ရင်ဆိုင်ဖို့ အဆင်သင့်ရှိဟု ဒေါ်စု ပြော (ရုပ်သံ)
Donate to DVB

ပြည်သူ ၅၂ သန်းကျော်ရဲ့ ပြဿ  နာတွေကို ရင်ဆိုင်ဖို့ အဆင်သင့်ရှိနေမှတော့ အဖွဲ့ချုပ် ကိုယ်စားလှယ်လောင်း ၁ ထောင်အတွက် ကောင်းကောင်းကိုင်တွယ် နိုင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ သြဂုတ်လ ၉  ရက်နေ့က မကွေးတိုင်း မင်းဘူးမြို့ကို ရောက်ရှိခဲ့တာပါ။ မင်းဘူးမြို့ မန်းသီတာဟိုတယ်ရှေ့မှာ လူထုတွေနဲ့တွေဆုံပြီး ပြည်သူ ၅၂ သန်းကျော်ရဲ့ ပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းဖို့ အသင့်ရှိနေတဲ့အတွက် ကိုယ်စားလှယ်လောင်း တစ်ထောင်ကျော်အတွက် ကိုင်တွယ် နိုင်ကြောင်းပါတယ်။

“ပြည်သူ ၅၂ သန်းကျော်ရဲ့ ပြဿ  နာတွေကို ရင်ဆိုင်ဖို့ အဆင်သင့်ရိှမှတော့ ကိုယ်စားလှယ် ၁ ထောင်လောက်ကတော့ ကောင်းကောင်းနိုင်တယ် အဲ့တော့ စိတ်မပူပါနဲ့ ဒီကိုယ်စားလှယ်က မကောင်းဘူးဆိုရင် ကောင်းအောင်ကြိုးစားမယ် ကောင်းအောင်ကြိုးစားလို့မရရင် စည်းမျဉ်းစည်းကမ်းအရ အရေးယူမယ်။ အဲ့တော့ ဒါတွေကို မကြည့်နဲ့ ရေးကြီးတာ စနစ်ကိုပြောင်းမှရမယ်။ ဒီစနစ်ကိုမပြောင်းရင် ဒီနိုင်ငံဟာ မပြောင်းနိုင်ဘူး မတိုးတက်နိုင်ဘူး။”

အဖွဲ့ချုပ်ဟာ ၂၇ နှစ်လုံးလုံးဒီမိုကရေစီဖက်ကိုဖြောက်ဖြောက်တန်းတန်း ရပ်တည်ခဲ့သလို ပြည်သူတွေ ဒုက္ခရောက်အောင်လည်း မလုပ်ခဲ့ကြောင်း ပြောပါတယ်။ ဒီလိုစနစ်ပြောင်းလဲ နိုင်အောင် အခွင့်ရေးရဖို့ နိုင်ငံတနိုင်ငံရဲ့ သမိုင်းမှာ တခါတလေမှရတာကြောင့် ဒီအခွင့်အရေးကို မဆုံးရုံးအောင် အဖွဲ့ချုပ်ကိုမဲပေးဖို့ တိုက်တွန်းခဲ့ပါတယ်။

“စနစ်တခုပြောင်းဖို့ဆိုတာ နိုင်ငံတနိုင်ငံရဲ့ သမိုင်းမှာ ခဏခဏလာတာ မဟုတ်ဘူး။ တခါတလေမှလာတာ ၁၉၉၀ ခုနှစ်တုန်းက တခါ အခွင့်အရေးရခဲ့တယ်။ ဒါပေမယ့် ကျမတို့ပြည်သူတွေက တာဝန်ကြေပြီးတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကိုမဲပေးခဲ့ပေမယ့် အဲ့ဒီတုန်းက အာဏာပိုင်တွေက ရွေးကောက်ပွဲရဲ့ ရလကိုပယ်ဖျက်လိုက်တယ်။ ဒီတခါ ကျမတို့ ထပြီးတော့ အဖွင့်အရေးရပြန်တယ်။ ဒီလိုအခွင့်အရေးမျိုးဟာ နောင်အနှစ် ၅၀ မှ ရချင်မှရမယ်။ အဲ့တော့ အဲ့ဒီအဖွင့်အရေးကိုလက်မလွတ်ပါနဲ့ သေသေခြာခြာစဉ်းစားပြီးတော့ ကျမတို့ရဲ့ မေ့တာရခံချက်ကို လိုက်လျောစေချင်ပါတယ်။”

ဒါ့အပြင် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေ အနေနဲ့ ကျန်းမာရေး ကောင်းကြောင်း ထောက်ခံစာတွေတောင်းဆိုထားကြောင်း ဒီလို တောင်းဆိုရခြင်းဟာလည်း ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ ကိုယ်စားလှယ်လောင်းအချို့ဟာ ကျန်းမာရေး မကောင်းမွန်တဲ့အတွက် တာဝန်ထမ်းဆောင်ရာမှာ အခက်အခဲရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်ဟာ သြဂုတ်လ ၁၀ ရက်နေ့မှာ  မင်းဘူးမြို့ကနေ ပွင့်ဖြူ။ စေတုတ္ထရာ၊ ပြည်မြို့တွေက ရေဘေးဒုက္ခသည်တွေကို သွားရောက်တွေ့ဆုံပြီး လိုအပ်တဲ့ပစ္စည်းတွေကို သွားရောက်လှူဒါန်းခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013