DVB Logo
Home
မြန်မာသတင်း
ရေဘေးသင့် ရှမ်းပြည်အရှေ့ပိုင်းဒေသ စပါးပြန်စိုက်ရန်အခက်ကြုံနေ
DVB
·
August 10, 2015
ရေဘေးသင့် ရှမ်းပြည်အရှေ့ပိုင်းဒေသ စပါးပြန်စိုက်ရန်အခက်ကြုံနေ
1 / 6
Donate to DVB

ပြီးခဲ့တဲ့ အပတ်က တောင်ကျရေတွေကြောင့် ရေကြီးမှုဒဏ်ခံခဲ့ရတဲ့ ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းနဲ့ ပါလျိုး-ကျိုင်းလပ်ဒေသက ကျေးရွာတွေမှာ ပျက်စီးစပါးတွေပြန်စိုက်ဖို့ အပါအ၀င် ပြန်လည်ထူထောင်ရေး အကူအညီတွေလိုအပ်နေတယ်လို့ သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

တာချီလိတ်မြို့ မြောက်ဘက် မိုင် ၂၀ ကျော်က ကျိုင်းလပ်မြို့နယ် ပါလျိုးကျေးရွာအုပ်စုထဲမှာဆိုရင် နမ့်ကိုင်း၊ တော်ကော့၊ မီမိုင်၊ နမ့်ကျိုင်နဲ့ နမ့်ဝမ် စတဲ့ ရွာ ၅ ရွာက နေအိမ် ၃၈ လုံး ရေထဲမျော ပါသွားသလို ဧကပေါင်း ရာနဲ့ချီတဲ့ စပါးခင်းတွေ ပျက်စီးသွားလို့ ရှေ့နှစ် ၀မ်းစာရေး အခက်တွေ့မယ်လို့ နမ့်ကိုင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုင်းပီဆမ်က ပြောပါတယ်။

“ရေထဲပါသွားတဲ့ အိမ်တွေက နမ့်ကိုင်းရွာမှာ ၂၁ လုံး အများဆုံးဘဲ၊ ပြီးတော့ ကော်ကော့ရွာက ၆ လုံး၊ ၀မ့်မီမိုင်က ၆ လုံး၊ နမ့်ကျိုင်ရွာက ၃ လုံး၊ နမ့်ဝမ်းမှာ ၃ လုံး အဲဒါတွေ ပြန်ဆောက်ဖို့ အကူအညီလိုပါတယ်။ စားစရာတွေ ဆေးတွေ အ၀တ်အစားတွေတော့ လုံလောက်ပြီ၊ အစိုးရအဖွဲ့လည်းကူတယ်။ နိုင်ငံရေးပါတီတွေရော၊ လူမှုအဖွဲ့တွေ၊ မိုင်းဖုံး၊ တာချီလိတ်၊ မိုင်းလင်း၊ တာလေဘက်ကလူတွေလည်း လာကူကြတယ်။ လောလောဆယ် စားဖို့ရှိပြီ။ ဒါပေမယ့် စပါးပင်တွေ အကုန်ပျက်ကုန်တော့ တနှစ်လုံးအတွက် စဉ်းစားလို့မရသေးဘူး၊ ပြန်စိုက်ဖို့လည်း အချိန် မမီတော့ဘူး။”

ပါလျိုးကျေးရွာအုပ်စုထဲမှာ စပါးစိုက်ဧကပေါင်း တစ်ထောင်ကျော်ရှိကာ ၈၀ ရာခိုင်နှုန်း ပျက်စီးကြောင်း၊ စာသင်ကျောင်း ၃ ကျောင်းနဲ့ တံတားပေါင်း ၇ စင်းလည်း ပျက်စီးကြောင်း၊ စာသင်ကျောင်းကို ခုထိပြန်မဖွင့်နိုင်သေးပေမယ့် တံတားတချို့ကိုတော့ သက်ဆိုင်ရာက လာပြီးပြုပြင်ပေးခဲ့တဲ့အတွက် အတန်အသင့်သွားလာလို့ရပြီလို့ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ပါလျိုးကျေးရွာအုပ်စုတွင်း ပြီးခဲ့အပတ်က ရေကြီးမှုမှာ လူ ၄ ဦးသေဆုံးခဲ့ပြီး လူ ၁၀၀ ကျော် ဘုန်းကြီးကျောင်းမှာ သွားရောက်ခိုလှုံနေရဆဲဖြစ်ပါတယ်။
ရေဘေး ကူညီလိုသူတွေအနေနဲ့ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးရုံး ဖုံးအမှတ် ၀၉ ၅၀၁ ၉၆၅၄ (မြန်မာဖုန်း) ၊ ၀၈၅ ၀၁၈၁၈၈၉ (ထိုင်းဖုန်း) သို့မဟုတ် မြို့နယ်အုပ်ချုပ်ရေးရုံး ၀၉၄ ၂၁၀၀၀ ၃၃၀ ၊ ၀၈၂ ၃၈၃၇၄၇၈ (ထိုင်းဖုန်း) ဒါမှမဟုတ် နမ့်ကိုင်းကျေးရွာအုပ်ချုပ်ရေးမှူး ၀၉ ၄၉၅၉ ၆၅၁၆ ကိုဆက်သွယ်နိုင်ပါတယ်။

အလားတူ မိုင်းယောင်းမြို့နယ် မိုင်းလိုတ်ကျေးရွာအုပ်စု မိုင်းဟန်ကျေးရွာမှာတော့ သြဂုတ်လ ၄ ရက်နေ့က နမ့်ယောင်းချောင်းရေမြင့်တက်လျှံကျလာတဲ့အတွက် နေအိမ် ၅ လုံး ရေထဲမျောပါ ပျက်စီးခဲ့ပြီး မိသားစုဝင်ပေါင်း ၄၀ နီးပါး ဘုန်းကြီးကျောင်းမှာ ခိုလှုံနေရတယ်လို့ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင် ကိုသန့်ဇင်ဦးက ပြောပါတယ်။

“အိမ် ၅ လုံးရေထဲအကုန်ပါပြီး ကျန်တဲ့ ၅ လုံးလောက်က နေလို့မရအောင် ယိုင်နဲ့နေတယ်။ ရေဘေးရှောင်မိသားစုတွေရဲ့ စားရေးသောက်ရေးကတော့ အုပ်ချုပ်ရေးပိုင်းကကော၊ မော်တော်ယာဉ် လိုင်းပေါင်းစုံအသင်းကရော နိုင်ငံရေးပါတီတွေပါ ၀ိုင်းကူထားလို့ လောလောဆယ် လောက်ငှမှုရှိပါတယ်။ ယာယီနေထိုင်ဖို့ စစ်တပ်က ဆောက်ပေးနေပါတယ်။ အိမ်တွေ လမ်းတွေ ပြန်ပြင်ဖို့တော့ အချိန်ယူရမယ်၊ အိမ်ဆောက်ဖို့ အကူအညီတွေလည်း လိုအပ်လိမ့်မယ်ခင်ဗျ။”

သြဂုတ် ၄ ရက်နေ့က တာလော့ကော့ခွဲရွာမှာလည်း ရေ၀င်ခဲ့ပေမယ့် အပျက်အစီးမရှိဘဲ ရွာရေတွင်းလောက်သာ နစ်မြုပ်ခဲ့တယ်လို့ ဆိုပါတယ်။

မိုင်းယောင်းဒေသ ပြန်လည်ထူထောင်ရေး ထောက်ပံ့ကူညီလိုတယ်ဆိုရင် ဦးသန့်စင်ဦး ဖုန်းနံပတ် ၈၆ - ၆၆၉၁ ၂၄၁၈၃၆၂ ကနေတဆင့် ဆက်သွယ်နိုင်ပါတယ်။

ဓာတ်ပုံ - ကိုသန့်ဇင်လတ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013