DVB Logo
Home
မြန်မာသတင်း
ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နိုင်
DVB
·
August 10, 2015
ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နိုင်
Donate to DVB

နောက်လာမယ့် ၄၈ နာရီအတွင်း ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းတခု ဖြစ်ပေါ်နိုင်တယ်လို့ မိုးဇလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက  သြဂုတ် ၁၀ ရက်နေ့ မွန်းလွဲ ၃ နာရီကျော်လောက်မှာ ထုတ်ပြန်ပါတယ်။

လေဖိအားနည်းရပ်ဝန်းနဲ့ ပတ်သက်ပြီး အသေးစိတ်ထုတ်ပြန်ခြင်း မရှိသေးပေမယ့် ဒီမနက် တိုင်းထွာချက်အရတော့ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းမှာ မုတ်သုံလေ အားနည်းနေပြီး ကပ္ပလီပင်လယ်ပြင်နှင့်‌ ကျန်ဘင်္ဂလားပင်လယ်အော်တွေမှာ မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေတယ်လို့ ဆိုပါတယ်။

မြန်မာ့ပင်လယ်ပြင် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့တွင် တခါတရံ မိုးသက်လေပြင်းတွေ ကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်တဲ့အကြောင်း၊ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည်  တနာရီလျှင် ၃၅ မိုင်အထိ တိုက်ခတ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

သြဂုတ် ၁၀ ရက်နေ့မှ ၁၄ ရက်နေ့အထိ မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းဒေသနဲ့ ဧရာဝတီတိုင်း တောင်ပိုင်းမှာ မိုးများနိုင်ပြီး ကျန်ဒေသများမှာတော့ မိုးနည်းနိုင်တယ်လို့ ဆိုပါတယ်။

မနက်ဖြန်ညနေထိ ခန့်မှန်းချက်ကတော့ ကယားပြည်နယ်မှာ နေရာကွက်ကျား၊ မန္တလေးနဲ့ မကွေးတိုင်းမှာ နေရာကျဲကျဲ၊ ပဲခူးတိုင်း၊ ရှမ်း၊ ရခိုင်နဲ့ ကရင်ပြည်နယ်မှာ နေရာစိပ်စိပ်နဲ့  ကျန်တိုင်းနဲ့ ပြည်နယ်တွေမှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး စစ်ကိုင်း၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီတိုင်း၊ ကချင်နဲ့ မွန်ပြည်နယ်တွေမှာ နေရာကွက်မိုးကြီးနိုင်တယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013