DVB Logo
Home
Lead Story
ပွင့်ဖြူ ရေဘေးသင့်ပြည်သူများအတွက် ဒေါ်အောင်ဆန်းစုကြည် ဆန်အိတ် ၃၀၀ လှူဒါန်း
DVB
·
August 10, 2015
ပွင့်ဖြူ ရေဘေးသင့်ပြည်သူများအတွက် ဒေါ်အောင်ဆန်းစုကြည် ဆန်အိတ် ၃၀၀ လှူဒါန်း
1 / 7
Donate to DVB

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဟာ ပွင့်ဖြူမြို့နယ်က ရေဘေးသင့်ပြညိသူတွေအတွက် ဆန်အိတ် ၃၀၀ ကို ဒီကနေ့ သြဂတ်စ် ၁၀ ရက်နေ့မှာ လှူဒါန်းခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ပွင့်ဖြူ၊၊ စေတုတ္ထရာနဲ့ ပြည် မြို့တွေက ရေဘေးဒုက္ခသည်တွေ ကို သွားရောက်တွေ့ဆုံပြီး လိုအပ်တဲ့ ပစ္စည်းတွေကို သွားရောက်လှုဒါန်းတာ ဖြစ်ပါတယ်။ သြဂတ်စ် ၉ ရက်နေ့ကတော့ မင်းဘူးမြို့ရှိ မန်းသီတာ ဟိုတယ်ရှေ့တွင် မြို့ခံလူထုကို ရွေးကောက်ပွဲနဲ့ပတ်သတ်ပြီး အသိပညာပေး ဟောပြောပွဲ ပြုလုပ်ခဲ့ပါတယ်။

ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မယ့် အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်းတွေကို ကျန်းမာရေးကောင်းကြောင်း ထောက်ခံစာတွေ တောင်းထားကြောင်းနဲ့ ဒီလို တောင်းဆိုရခြင်းဟာလည်း ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ မှာ အနိုင်ရရှိခဲ့တဲ့ ကိုယ်စားလှယ်လောင်းတချို့ဟာ ကျန်းမာရေး မကောင်းမွန်တဲ့အတွက် တာဝန်ထမ်းဆောင်ရာမှာ အခက်အခဲ ရှိခဲ့တာကြောင့်ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

"အဖွဲ့ချုပ်ထဲက အဖွဲ့ဝင်တွေဟာ အားလုံး ခြောက်ပြစ်ကင်း သဲလဲစင် မဟုတ်တဲ့အတွက် စည်းမျဉ်းစည်းကမ်းနဲ့ ထိန်းထားမှာပါ” လို့ ဆိုပါတယ်။ ဒါ့အပြင် ကိုယ်စားလှယ်လောင်းတွေကို မှန်ကန်တဲ့ လမ်းပေါ်ကို ရောက်အောင် ကြိုးစားမှာ ဖြစ်ပြီး ရာနှုန်းပြည့်တော့ အာမ မခံနိုင်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသွားပါတယ်

ဓာတ်ပုံ - ကောင်းထက်ကျော်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013