DVB Logo
Home
မြန်မာသတင်း
နိုင်ငံတ၀န်း လူ ၁ သန်းခန့် ရေဘေးသင့်၊ ၁၀၀ ခန့်သေဆုံး
DVB
·
August 9, 2015
နိုင်ငံတ၀န်း လူ ၁ သန်းခန့် ရေဘေးသင့်၊ ၁၀၀ ခန့်သေဆုံး
Donate to DVB

နိုင်ငံတ၀န်း ပြည်နယ် ၁၁ ခုမှာ ရေကြီးမိုးကြီးခဲ့လို့ ရေဘေးသင့်သူ လူဦးရေ ၁ သန်းလောက်နဲ့ ရေဘေးအတွင်း သေဆုံးသူ ၁၀၀ လောက်ရှိနေပြီလို့ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဦးစီးဌာနက ပြောပါတယ်။

ဒီစာရင်းဟာ ဇွန်၊ ဇူလိုင်နဲ့ သြဂုတ် ၈ ရက်အထိ ရရှိထားတဲ့ ကိန်းဂဏန်းတွေ ဖြစ်တယ်လို့ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းက ပြောပါတယ်။

“အခု ဇူလိုင်နဲ့ သြဂုတ်အတွင်း ဖြစ်တဲ့ ရေဘေးမှာတော့ စုစုပေါင်း ၉၂ ယောက် သေဆုံးလို့ မနေ့ကထိ ကျမတို့ရတာပေါ့။ ဇွန်လထဲမှာလည်း တနင်္သာရီတို့၊ ရခိုင်တို့မှာ ရေဘေးတခု ဖြစ်ခဲ့သေးတယ်။ အဲ့ဒီမှာ သေတာက ၇ ယောက်။ အဲ့ဒီတော့ ဇွန်မှာ ဖြစ်ခဲ့တာရော၊ လတ်တလော ဇူလိုင်၊ သြဂုတ်မှာဖြစ်တာရော ပေါင်းရင် ၉၉ ရှိတယ်။ အခုဖြစ်တဲ့ ရေဘေးမှာ တနိုင်ငံလုံး ရေဘေးခံစားရတဲ့သူပေါင်းက ၉ သိန်း ၈ သောင်းခန့် ရှိပါတယ်။”

လတ်တလော ရေပြန်ကျနေတဲ့ စစ်ကိုင်း၊ မကွေးတို့မှာ ရေဘေးသင့်သူတွေ အိမ်ပြန်နေနိုင်ဖို့ ကူညီလုပ်ဆောင်ပေးနေပြီး အစိုးရအနေနဲ့ ရိက္ခာ ၂ ပတ်စာ ထောက်ပံ့ကူညီပေးနေတယ်လို့ ပြောပါတယ်။

ရေဘေးအတွင်း သေဆုံးသူ ၁၀၀ လောက်မှာ အများစုက ရခိုင်ရေကြီးမှုအတွင်း သေဆုံးခဲ့ကြတာ ဖြစ်ပါတယ်။

ရေကြီးရေလျှံမှုတွေ အဆိုးဆုံးဖြစ်ပွားခဲ့တဲ့ စစ်ကိုင်းတိုင်းက ကလေး၊ မကွေးတိုင်းက ပွင့်ဖြူ၊ ရခိုင်ပြည်နယ်က မြောက်ဦး၊ မင်းပြား စတဲ့ မြို့နယ်တို့မှာ အခုအခါ ရေပြန်ကျသွားပြီး လမ်းနဲ့အိမ်တွေမှာ တင်ကျန်ရစ်တဲ့ နုန်းတွေကို ဖယ်ရှားရှင်းလင်းနေကြရပါတယ်။

အိမ်မှာ ပြန်နေနိုင်ဖို့နဲ့ သူတို့ရဲ့ လုပ်ငန်းတွေ ပြန်စတင်နိုင်ဖို့ အနည်းဆုံး ၂ ပတ်လောက် အချိန်ယူရမှာဖြစ်ပြီး ရေဘေးသင့်ပြည်သူတွေဘ၀ ပြန်လည်ထူထောင်နိုင်ဖို့ အနည်းဆုံး ၆ လလောက် အချိန်ယူရဦးမှာ ဖြစ်ပါတယ်။

လတ်တလော မြစ်ရေကြီးပြီး ရေကြီးတဲ့ဒဏ်ခံနေရတဲ့ တိုင်း ၂ ခုကတော့ ပဲခူးနဲ့ ဧရာဝတီတိုင်းတို့ဖြစ်ပြီး အဲ့ဒီတိုင်း ၂ ခုမှာရှိတဲ့ လယ်ဧက သိန်းနဲ့ချီရေမြုပ်နေပြီး သောင်းနဲ့ချီပြီး ပျက်စီးနေပါတယ်။

ဧရာဝတီတိုင်းတခုတည်းမှာတင် လတ်တလော လူဦးရေ ၂ သိန်းခွဲကျော် ရေဘေးသင့်နေပြီး လယ်ဧက ၂ သိန်းခန့် ရေမြုပ်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013