DVB Logo
Home
မြန်မာသတင်း
မြန်မာ့ ရေဘေးအတွက် ကူညီလှူဒါန်းနိုင်ရန် ဖေ့စ်ဘွတ်ခ်က စီစဉ်ပေး
DVB
·
August 9, 2015
မြန်မာ့ ရေဘေးအတွက် ကူညီလှူဒါန်းနိုင်ရန် ဖေ့စ်ဘွတ်ခ်က စီစဉ်ပေး
Donate to DVB

တနိုင်ငံလုံးနီပါး ရေကြီးခဲ့တဲ့ မြန်မာနိုင်ငံကို ကူညီလှူဒါန်းနိုင်ဖို့အတွက် လူမှုကွန်ရက်တခုဖြစ်တဲ့ ဖေ့စ်ဘွတ်ခ်က စီစဉ်ဆောင်ရွက်ပေးလိုက်ပြီဖြစ်ပါတယ်။

Donate to Myanmar Flood Relief ဆိုတဲ့ အစီအစဉ်ကို ပြီးခဲ့တဲ့ ရက်ပိုင်းက စတင်လိုက်တာ ဖြစ်ပါတယ်။

Visa ကတ်၊ Master Card တွေနဲ့ ငွေပေးချေရမှာဖြစ်ပြီး အနည်းဆုံး ၁၀  ဒေါ်လာကနေ ဒေါ်လာ ၅ သိန်းအထိ လှူဒါန်းနိုင်မှာပါ။

အဲဒီလိုပဲ ပြည်တွင်းဆက်သွယ်ရေး အော်ပရေတာတွေဖြစ်တဲ့ အမ်ပီတီ၊ အော်ရီဒူးနဲ့ တယ်လီနော တို့ကလည်း ဖုန်းဘီတွေကတဆင့် လှူဒါန်းနိုင်ဖို့ စီစဉ်ထားပါတယ်။

အမ်ပီတီက တဆင့်လှူဒါန်းချင်ရင် ကုတ်နံပါတ် ၂၀၀၁ ကို မက်ဆေ့ဂ်ျပို့ရမှာဖြစ်ပြီး အနည်းဆုံး ၅၀၀ ကျပ် လှူဒါန်းရမှာပါ။ မက်ဆေ့ဂ်ျမှာတော့ ဘာမှ ရေးပေးစရာမလိုပါဘူး။

တယ်လီနောကတဆင့် လှူချင်ရင်လည်း ၂၀၀၁ ကို မက်ဆေ့ဂ်ျပို့ရမှာဖြစ်ပြီး အနည်းဆုံး ၅၀၀ ကျပ် လှူဒါန်းရမှာဖြစ်ပါတယ်။

အော်ရီဒူးကတဆင့် လှူဒါန်းချင်ရင်တော့ ၄၅၄၈ ကို မက်ဆေ့ဂ်ျပို့ရမှာဖြစ်ပြီး အနည်းဆုံး ၁၀ ကျပ်ကနေ ၁ သိန်းကျပ်အထိ လှူဒါန်းနိုင်ပါတယ်။

မက်ဆေ့ဂ်ျပို့ရာမှာတော့ အင်္ဂလိပ်စာလုံးအကြီးနဲ့ HELPMM လို့ ရိုက်ပြီး ကွက်လပ်တခုနောက်မှာ လှူဒါန်းလိုတဲ့ ပမာဏကို ရိုက်ထည့်ရမှာပါ။

ဖေ့စ်ဘွတ်ခ်မှ လှူဒါန်းရန်လင့်ခ် - https://www.facebook.com/myanmarfloodrelief

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013