DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည် ကိုယ်ရေးအချက်များ ရဲသတင်းတပ်ဖွဲ့ တောင်း
DVB
·
August 9, 2015
ဒေါ်အောင်ဆန်းစုကြည် ကိုယ်ရေးအချက်များ ရဲသတင်းတပ်ဖွဲ့ တောင်း
Donate to DVB

ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ရန်ကုန်တိုင်း အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်းတချို့ဆီက ကိုယ်ရေးအချက်အလက်တွေကို ရဲသတင်းတပ်ဖွဲ့ အက်စ်ဘီက လိုက်လံတောင်းခံနေတယ်လို့ အဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင် ဦးဉာဏ်ဝင်းက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ပွဲကိုယ်စားလှယ်ဆီမှာ လာရောက်တောင်းယူတာဖြစ်ပြီး ဒေါ်စုက အဲ့ဒီလိုတောင်းဆိုပိုင်ခွင့် မရှိဘူးလို့ ယူဆကြောင်း အကြောင်းပြန်ထားတယ်လို့လည်း ပြောပါတယ်။

ပါတီဗဟိုအလုပ်အမှုဆောင် ဦးဉာဏ်ဝင်းက ရဲသတင်းတပ်ဖွဲ့မှာ အခုလို ကိုယ်ရေးအချက်အလက် တောင်းပိုင်ခွင့် မရှိဘူးလို့ ပြောပါတယ်။

“ဒီဟာက သူတို့ ၀တ္တရားအရ ဆောင်ရွက်တာလို့ မြင်တယ်၊ သို့သော် ကျနော်တို့ကို တောင်းဖို့ အခွင့်အာဏာတော့ မရှိဘူး၊ ကျနော်တို့ဆီက အချက်အလက်တွေကို သူတို့ စုံစမ်းရမှာ၊ ကျနော်တို့ ပေးတယ်ဆိုရင်တော့ သူတို့ လွယ်သွားတာပေါ့၊ အစိုးရအဖွဲ့အစည်းအနေနဲ့ အားလုံးရဲ့ ကိုယ်ရေးမှတ်တမ်းကို ယူနိုင်တယ်လို့ ယေဘုယျပြောကြတာကို သိပ် လက်မခံချင်ဘူး။”

ရန်ကုန်တိုင်းရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုကတော့ အန်အယ်လ်ဒီပါတီ တခုတည်းကို တောင်းတာ မဟုတ်ဘဲ တခြားပါတီကိုယ်စားလှယ်လောင်းတွေထံကလည်း တောင်းတယ်၊ သူတို့ တိုင်းကော်မရှင်မှာလဲ လာတောင်းတယ်လို့ ပြောပါတယ်။

“ကျနော်တို့ဆီမှာလည်း တောင်းတယ်၊ ကျနော်တို့ မပေးပါဘူး။ တကယ်တမ်း ကိုယ်စားလှယ်လောင်းတွေကို စိစစ်မှာက ကော်မရှင်က စိစစ်မှာ၊ ကော်မရှင် လက်လှမ်း မမီတဲ့ အရာတွေ ရှိတယ်။ အဲ့ဒါတွေကျတော့ ပြည်ထဲရေးဝန်ကြီးဌာနက စိစစ်ရတယ်၊ သူ့ လုပ်ထုံးလုပ်နည်းအရ။ ကျနော်တို့ဆီက ကိုယ်စားလှယ်လောင်းစာရင်းတွေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ပို့မယ်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြည်ထဲရေးကို ပို့မယ်၊ ပို့တဲ့အခါကျ သူတို့ဆီ (SB) ရောက်မှာပဲ၊ ကျနော်တို့ဆီ မတောင်းလည်း သူတို့ဆီ ရောက်မှာပဲ၊ သူ့တာဝန်အရ သူတောင်းတာပါ။”

ရဲသတင်းတပ်ဖွဲ့အနေနဲ့ ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်း အရေအတွက်က များတော့ ကြိုလုပ်ထားချင်တဲ့သဘောနဲ့ ဖြတ်တောင်းတာ ဖြစ်နိုင်တယ်လို့လည်း ပြောပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ ရွေးကောက်ပွဲဝင်မယ့်ကိုယ်စားလှယ်လောင်း စိစစ်ခြင်းလုပ်ငန်းကို သြဂုတ် ၁၈ ရက်ကနေ ၂၇ ရက်အတွင်း လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013