DVB Logo
Home
မြန်မာသတင်း
မူလသတ်မှတ်ရက်တွင် ကိုယ်စားလှယ်လောင်း ၃၈၀၀ ကျော် အမည်စာရင်း တင်သွင်း
DVB
·
August 9, 2015
မူလသတ်မှတ်ရက်တွင် ကိုယ်စားလှယ်လောင်း ၃၈၀၀ ကျော် အမည်စာရင်း တင်သွင်း
Donate to DVB

ရွေးကောက်ပွဲကော်မရှင်က မူလသတ်မှတ်ထားတဲ့ ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းရမယ့် နောက်ဆုံးရက်ဖြစ်တဲ့ သြဂုတ် ၈ ရက်ထိ ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းသူပေါင်း ၃၈၀၀ ကျော် ရှိတယ်လို့ ကော်မရှင်က သတင်းထုတ်ပြန်ပါတယ်။

ကိုယ်စားလှယ်လောင်းအမည်စာရင်း စတင် တင်သွင်းနိုင်တဲ့ ဇူလိုင် ၂၀ ရက်ကစပြီး နိုင်ငံရေးပါတီ ၇၄ ခုနဲ့ တသီးပုဂ္ဂလ ၁၃၈ ယောက်တို့က ကိုယ်စားလှယ်လောင်းအမည်စာရင်း ၃၈၂၂ယောက် တင်သွင်းခဲ့ကြတာ ဖြစ်ပါတယ်။

ကော်မရှင်က လတ်တလော ပြည်တွင်းမှာဖြစ်ပွားနေတဲ့ ရေကြီးရေလျှံမြေပြိုစတဲ့ သဘာဝဘေးတွေကြောင့် ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းရမယ့်ရက်ကို တပတ်ဆုတ်ပြီး သြဂုတ် ၁၄ရက် နောက်ဆုံးတင်သွင်းဖို့ ကြေညာထားပါတယ်။

ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ပူးဇိုဇမ်က ချင်းပြည်နယ်ထဲ သဘာဝလွန်ဘေးအန္တရာယ်ကျရောက်နေလို့ သူတို့ ပါတီက ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းတွေ အမည်စာရင်းတင်သွင်းဖို့ အခက်အခဲကြုံနေရတယ်လို့ ပြောပါတယ်။

“တော်တော်လေးကို အခက်အခဲ ကြုံတွေ့နေတယ်၊ အခု ကျနော်က ကလေးမှာ ပိတ်မိနေတယ်၊ မနက်ဖြန် ၅ မိုင် တောလမ်းခရီး လမ်းလျှောက်ပြီးတလှည့် ဆိုင်ကယ်နဲ့တလှည့် မြို့နယ်အရောက်သွားရမှာ ဖြစ်တယ်။ ပါတီက ကိုယ်စားလှယ်လောင်း တ၀က်ကျော်ကျော် ဒုက္ခရောက်နေတယ်။ အမည်စာရင်း မတင်နိုင်သေးဘူး။ ၀င်ပြိုင်မှာက ကိုယ်စားလှယ်လောင်း ၅၇ယောက်။”

ကိုယ်စားလှယ်လောင်းအမည်စာရင်းကို ဖလမ်းခရိုင်ကော်မရှင်ရုံးမှာ သွားရောက် တင်သွင်းရမယ်လို့လည်း ပြောပါတယ်။

ကော်မရှင်ကထုတ်ပြန်ခဲ့တဲ့ စာရင်းဇယားတွေအရ အာဏာရပြည်ခိုင်ဖြိုးပါတီက ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းသူဦးရေ အများဆုံးဖြစ်ပြီး အဲ့ဒီနောက် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ အစဉ်လိုက် ရှိနေပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက လက်ရှိ နိုင်ငံတွင်းဖြစ်ပွားနေတဲ့ သဘာဝဘေးတွေကြောင့် ရွေးကောက်ပွဲ ကျင်းပမယ့်ရက်ကို ရွှေ့မှာမဟုတ်ဘူးလို့ ကတိပေး ပြောထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013