DVB Logo
Home
မြန်မာသတင်း
ဒေါက်တာ ဒေါ်ညိုညိုသင်း တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်မည်
DVB
·
August 7, 2015
Donate to DVB

လက်ရှိ  ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်း က လာမယ့် နိုဝင်ဘာလ ရွေးကောက်ပွဲမှာ ဗဟန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နေရာအတွက် တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်မယ်လို့ သြဂုတ် ၇ ရက်နေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး ကြေညာလိုက်ပါတယ်။

“လုပ်လက်စအလုပ်တွေကို ဆက်လုပ်ဖို့အတွက်ဆိုရင် ကျမသည် လွှတ်တော်ထဲမှာ ရှိရမှာဖြစ်ပါတယ်။ အန်အယ်လ်ဒီက မဲဆွယ်စည်းရုံးမှုတွေ စတင်လုပ်တာနဲ့ တပြိုင်နက်တည်း ကျမကို တောင်းဆိုသည်ဖြစ်စေ၊ မတောင်းဆိုသည်ဖြစ်စေ၊ ကျမကတော့ အဲဒီနေရာတွေမှာ သွားပြီးတော့ ကျမရဲ့ နိုင်ငံရေးရရှိထားတဲ့ လူထု ယုံကြည်မှု၊ နိုင်ငံရေး ပုံရိပ်တွေကို အစွမ်းကုန် အသုံးချပြီးတော့ အန်အယ်လ်ဒီကို ၀န်းရံဖို့ ကျမပြောမှာဖြစ်ပါတယ်။ သို့သော် ကျမရဲ့ မဲဆန္ဒနယ်မှာတော့ ကျမသည် အန်အယ်လ်ဒီက ရွေးချယ်ပေးသော ကိုယ်စားလှယ်လောင်းကို ကျမ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။”

ဒေါက်တာ ဒေါ်ညိုညိုသင်းကို ဗဟန်းမြို့နယ်နဲ့ ရန်ကုန်တိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်း ရွေးချယ်ရေး ကော်မတီက ဆန္ဒမဲအများစုနဲ့ ရွေးချယ်ခံခဲ့ရပေမယ့် အန်အယ်ယ်ဒီဗဟိုက ကိုယ်စားလှယ်လောင်းအဖြစ် မရွေးချယ်ဘဲ ပယ်ချခဲ့ပြီးနောက် ခုလို  တသီးပုဂ္ဂလအဖြစ် ရွေးကောက်ပွဲဝင်မယ်လို့  ပြောကြားလိုက်တာပါ။

အန်အယ်လ်ဒီပါတီက ထုတ်ပြန်ထားတဲ့ ကိုယ်စားလှယ်လောင်း ရွေးချယ်ရေးဆိုင်ရာ မူတွေနဲ့ ကိုက်ညီပေမယ့် သူ့ကို ကိုယ်စားလှယ်လောင်းအဖြစ် မရွေးချယ်တာနဲ့ ပတ်သက်ပြီး ဒေါက်တာဒေါ်ညိုညိုသင်းက အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို ဖြေရှင်းချက်ပေးဖို့ စာတင်ထားမှုတွေ ရှိခဲ့ပါတယ်။

ဥပဒေပညာနဲ့ ဒေါက်တာဘွဲ့ရရှိထားသူ ဒေါ်ညိုညိုသင်းဟာ ၂ဝ၁ဝ ရွေးကောက်ပွဲတုန်းက ဒီမိုကရက်တစ်ပါတီ (မြန်မာ) ကိုယ်စားပြုပြီး ဗဟန်းမြို့နယ် မဲဆန္ဒနယ်မြေက တဆင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နေရာကနေ ဝင်ရောက်အရွေးချယ်ခံခဲ့ရသူတဦး ဖြစ်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ် ဖြစ်ပြီးနောက်ပိုင်းမှာ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ကနေ နုတ်ထွက်ပြီး တသီးပုဂ္ဂလအမတ်အဖြစ် ရပ်တည်နေခဲ့ပါတယ်။

လာမယ့်ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ သြဂုတ်လ ၆ ရက်နေ့အထိ အမည်စာရင်း သွင်းထားတဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၁၀၇ ဦးရှိနေပြီဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013