DVB Logo
Home
Lead Story
ကလေး-ဟားခါးကားလမ်း ဆိုးရွားစွာ ပျက်စီး (ဓာတ်ပုံ)
DVB
·
August 7, 2015
ကလေး-ဟားခါးကားလမ်း ဆိုးရွားစွာ ပျက်စီး (ဓာတ်ပုံ)
1 / 18
Donate to DVB

ကလေး-ဟားခါးလမ်း ပျက်ဆီးနေပါတယ်။ လက်ရှိ အချိန်မှာတော့ ကလေးမြို့ကနေ ဖလမ်းမြို့အထိ ကားငယ်တွေသွားလို့ ရနေပါတယ်။ ဒါပေမယ့် ဒေသခံတွေပဲ မောင်းနင်သင့်တဲ့လမ်းအနေအထားဖြစ်နေပြီး ချင်းတောင်တက်လိုင်းကား ကလေးဂျစ်တွေနဲ့ပဲ ဖြတ်သန်းနိုင်သေးတဲ့ အနေအထားဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဖလမ်းမြို့ကနေ ဟားခါးကြားမှာတော့ မိုင်တိုင် ၁၀၂ နဲ့ ၁၀၇ မှာ ဆိုးဆိုးရွားရွား ပျက်စီးနေပြီး ပြင်ဆင်နေတာကိုလည်း တွေ့မြင်ရပါတယ်။
အဲ့ဒီပျက်စီးနေတဲ့လမ်း ၂ နေရာကြောင့် ဟားခါးမြို့ကားတွေလာလို့ မရသေးသလို အခြေခံစားနပ်ရိက္ခာနဲ့ လောင်စာဆီ ဈေးနှုန်းမြင့်တက်နေပြီး အလှူ ပစ္စည်းတွေရောက်ရှိဖို့လည်း အခက်အခဲဖြစ်နေပါတယ်။

ကလေး-ဟားခါးလမ်းမှာ ကားလေးတွေသွားလာနိုင်အောင် အမြန်ဆုံးပြုပြင်နေပြီး ဒီရက်သတ္တပတ်အတွင်းမှာ သွားလာနိုင်မယ်လို့ ပြည်သူ့ဆောက်လုပ်ရေးအရာရှိ တစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။

လက်ရှိမှာတော့ ကလေးမြို့ကနေ ဟားခါးအထိ ဆိုင်ကယ်နဲ့သွားလာနိုင်ပြီး လမ်း ၃ နေရာလောက်မှာတော့ ခက်ခက်ခဲခဲ ဖြတ်သန်းရတာကိုတွေ့မြင်ရပါတယ်။

မိုးပြင်းပြင်းထန်ထန် ထပ်မရွာဘူးဆိုရင်တော့ ဒီ ၁ ရက် ၂ ရက်အတွင်း လမ်းပြန်ကောင်းလာနိုင်တယ်လို့ ဒေသခံတွေက ယူဆနေကြပါတယ်။

(ဒီဓါတ်ပုံတွေကတော့ကလေး ဟားခါးလမ်းပိုင်းပျက်ဆီးနေတာကို သြဂုတ်လ ၅ ရက်နဲ့ ၆ ရက်နေ့က မှတ်တမ်းတင်ထားတာဖြစ်ပါတယ်။)

သတင်းနှင့် ဓာတ်ပုံ- သူရိန်၊ ဖိုးကျော်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013