DVB Logo
Home
မြန်မာသတင်း
“အရေးကြီးပြီ သွေးစည်းကြစို့” ရေဘေးနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်း စုကြည် ၏ ပန်ကြားချက် (ရုပ်သံ)
DVB
·
August 6, 2015
“အရေးကြီးပြီ သွေးစည်းကြစို့” ရေဘေးနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်း စုကြည် ၏ ပန်ကြားချက် (ရုပ်သံ)
Donate to DVB

မြန်မာနိုင်ငံတ၀န်း ကြုံတွေ့နေရတဲ့ ရေဘေးဒုက္ခသည်တွေအတွက်  “အရေးကြီးပြီ သွေးစည်းကြစို့” ဆိုတဲ့ စိတ်ဓာတ်နဲ့ ဆက်လက်ကူညီပေးကြဖို့ ဒေါ်အောင်ဆန်းစုကြည်က  မေတ္တာရပ်ခံလိုက်ပါတယ်။

ရေဘေးအန္တရာယ်သင့် ပြည်သူတွေနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က လူမှုကွန်ရက်ကတဆင့် ဖြန့်ချိထားတဲ့ ရုပ်သံဗွီဒီယိုမှာ ပန်ကြားလိုက်တာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က “အခုလိုနိုင်ငံကနေပြီးတော့ ပြဿ    နာ ကြီးကြီးတခုနဲ့ ရင်ဆိုင်ရတယ်ဆိုရင် အရေးကြီးပြီ သွေးစည်းကြစို့ ဆိုတဲ့ စိတ်ဓာတ်နဲ့  အားလုံးကပါဝင်တဲ့အတွက် ကျမအနေနဲ့ အင်မတန်မှ အားတက်ရပါတယ်။ ဒီလိုပဲ ဆက်ပြီးတော့ လုပ်ပေးကြပါလို့ ကျမဆက်ပြီး မေတ္တာရပ်ခံချင်ပါတယ်”လို့ ပြောပါတယ်။

ရေဘေးဒုက္ခသည်တွေကို ပြည်သူအားလုံးက တာဝန်သိသိသိနဲ့ အနယ်နယ်အရပ်ရပ်မှာ ၀ိုင်းဝန်းပြီး တတ်နိုင်တဲ့ဘက်က လှူဒန်း အလှူငွေရှာပေးနေတာတွေဟာ နိုင်ငံအတွက် အားတက်စရာဖြစ်တယ်လို့လည်း ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ ပူးပေါင်းပြီး တတ်နိုင်သလောက် အကူအညီပေးနေပြီး လိုအပ်တဲ့နေရာကို လိုအပ်တဲ့အကူအညီတွေ ထိထိရောက်ရောက်ပို့နိုင်ဖို့၊ ဘယ်နေရာတွေမှာ ဘယ်လိုအခက်တွေရှိနေပြီး ဘယ်လိုအကူ အညီမျိုးတွေလို အပ်နေတယ်ဆိုတဲ့ မှန်ကန်တဲ့သတင်းအချက်အလက်တွေ ပေးကြဖို့လည်း တိုက်တွန်းထားပါတယ်။

ဒါ့အပြင် နိုင်ငံတကာ အသိုင်းအ၀န်း အနေနဲ့လည်း ရေဘေးသင့်ပြည်သူတွေအတွက် ရေရှည်ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ ဆောင်ရွက်ရေး အကူညီတွေပေးကြဖို့လည်း ဒေါ်အောင်ဆန်းစုကြည်က အင်္ဂလိပ်ဘာသာနဲ့ ဖြန့်ချိတဲ့ သီးခြားရုပ်သံဗွီဒီယိုမှာ ပန်ကြား လိုက်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013