DVB Logo
Home
မြန်မာသတင်း
ရေဘေး အကူပစ္စည်းများ စစ်တွေလေဆိပ်ကို လေယာဉ်ဖြင့်ရောက်ရှိ (ရုပ်သံ)
DVB
·
August 6, 2015
ရေဘေး အကူပစ္စည်းများ စစ်တွေလေဆိပ်ကို လေယာဉ်ဖြင့်ရောက်ရှိ (ရုပ်သံ)
Donate to DVB

ရေဘေးဒဏ် အဆိုးဆုံးခံစားနေရတဲ့ ရခိုင်ပြည်နယ်က ရေဘေးဒုက္ခသည်တွေအတွက် အကူအညီထောက်ပံ့ပစ္စည်းတွေ စစ်တွေလေဆိပ်ကို လေယာဉ်နဲ့ သြဂုတ် ၅ ရက်နေ့က ရောက်ရှိလာပါတယ်။

မြန်မာနိုင်ငံတ၀န်းမှာ ဇွန်နဲ့ ဇူလိုင်လတွေအတွင်း မိုးသည်းထန်စွာရွာသွန်းခဲ့တာကြောင့် တိုင်းနဲ့ ပြည်နယ် ၁၂ ခုလောက် ရေကြီးရေလျှံတာနဲ့ မြေပြိုတာ စတဲ့ သဘာဝဘေး အန္တရာယ်တွေနဲ့ ရင်ဆိုင်နေရတာကြောင့် သွားလာခက်ခဲ့တဲ့ ဒေသတွေက ရေဘေးသင့် သူတွေအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီရဲ့ ဦးဆောင်စီမံမှုနဲ့ အစားအသောက်၊ ဆေးဝါးနဲ့ ကယ်ဆယ်ရေး၊ ထောက်ပံ့ ရေးပစ္စည်းတွေကို သြဂုတ်လ ၅ ရက်နေ့က လေယာဉ် (၁၁) ခေါက်နဲ့  စစ်တွေ နဲ့ ကလေးမြို့တွေကို ပို့ဆောင်ပေးခဲ့တယ်လို့ အစိုးရက ထုတ်ပြန်ထားပါတယ်။

ရန်ကုန်နဲ့ မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေတဆင့် စစ်တွေ လေဆိပ်ကို တပ်မတော်လေနဲ့ ပုဂ္ဂလိက လေကြောင်းလိုင်းတွေနဲ့ ပို့ဆောင်ပေးခဲ့တယ်လို့လည်း ဆိုပါတယ်။

နယ်စည်းမထား ဆရာဝန်များအဖွဲ့ (MSF) ကတော့ မင်းပြား၊ မြောက်ဦး၊ ကျောက်တော် နဲ့ ဘူးသီးတောင်တွေမှာ ရေဘေးအဆိုးဆုံးခံစားရတဲ့ မြို့နယ်တွေဖြစ်တယ်လို့ ပြောပါတယ်။

လူဦးရေ ၄ ထောင်လောက် အိုးမဲအိမ်မဲ ဖြစ်ပြီး မင်းပြားမြို့က ဘုန်းကြီးကျောင်း ၂၃ ကျောင်းမှာ သွားရောက်ခိုလှုံနေရတယ်လို့ ပြောပါတယ်။ မောင်တောဘက်မှာတော့ ရေဘေးသင့်ပြည်သူတွေဟာ နေရာထိုင်ခင်းတွေ လိုအပ်နေဆဲပဲလို့ ပြောပါတယ်။

အန်ဂျီအို၊ ပြည်တွင်းလူမှုအဖွဲ့အစည်းတွေနဲ့ အစိုးရက သောက်ရေသန့်၊ စောင်၊ ခြင်ထောင်၊ ဆပ်ပြာနဲ့ တခြား အစားအစာတွေကို ထောက်ပံ့ပေးတာတွေရှိနေသလို ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာဖူလုံရေးအဖွဲ့ကလည်း ပဲခူး၊ မကွေး၊ မွန်၊ ရခိုင်နဲ့ ချင်းပြည်နယ်တွေက ရေသေးသင့်ဒေသတွေကို အရေးပေါ် အကူအညီတွေ ပို့ဆောင်ထားပါတယ်။

သြဂုတ် ၄ ရက်နေ့ အထိရတဲ့ သတင်းတွေအရ ရေဘေးသင့်လူဦးရေ ၂ သိန်း ၆ သောင်းကျော်ရှိပြီး သေဆုံးသူ ၆၉  ဦးရှိပါတယ်။ ရခိုင်ပြည်မှာတော့ သေဆုံးသူ ၄၇ ဦး အထိရှိခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013