DVB Logo
Home
မြန်မာသတင်း
ရေနံ ဓာတ်ငွေ့ ထုတ်လုပ်ဖြန့်ဖြူးရေးအတွက် ကုမ္ပဏီ ၁၉ ခုအဆိုပြု
DVB
·
August 5, 2015
ရေနံ ဓာတ်ငွေ့ ထုတ်လုပ်ဖြန့်ဖြူးရေးအတွက် ကုမ္ပဏီ ၁၉ ခုအဆိုပြု
Donate to DVB

မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း(အမ်ပီအီး)ဟာ ရေနံဓာတ်ငွေ့ရည်(အယ်လ်ပီဂျီ)စက်ရုံတည် ဆောက်ရေးနဲ့ ထုတ်လုပ်ဖြန့်ဖြူးရေးလုပ်ငန်းတွေ အကျိုးတူပူးပေါင်းလုပ် ဆောင်ဖို့ ပြည်တွင်းပြည်ပကုမ္ပဏီတွေကိုခေါ်ယူခဲ့ပြီး စုစုပေါင်းကုမ္ပဏီ ၁၉ ခုက အဆိုပြု လွှာတင်သွင်းခဲ့ကြတယ်လို့  စွမ်းအင်ဝန်ကြီးဌာနသတင်းထုတ်ပြန်ပါတယ်။

အဆိုပြုလွှာတင်သွင်းထားတဲ့ ကုမ္ပဏီတွေထဲမှာ ဂျပန်နိုင်ငံမှ ကုမ္ပဏီ ၅ ခု၊ ထိုင်း နိုင်ငံမှ ကုမ္ပဏီ ၄ ခု၊ ကိုရီးယားနဲ့ စင်ကာပူနိုင်ငံတွေက ကုမ္ပဏီ ၃ ခုစီ၊ မလေးရှား၊ တရုတ်၊ အိန္ဒိယနဲ့ အင်ဒိုနီးရှားနိုင်ငံတွေက ကုမ္ပဏီတခုစီပါဝင်ပါတယ်။

နိုင်ငံတကာကုမ္ပဏီတွေထဲက ထိုင်းအခြေစိုက် ပီတီတီကုမ္ပဏီ၊ ကိုရီးယားနိုင်ငံအခြေစိုက် ဒေ၀ူးကုမ္ပဏီ၊ စင်ကာပူနိုင်ငံအခြေစိုက် Puma Energy Group နဲ့ ဂျပန်နိုင်ငံအခြေစိုက် Marubeni Corporation တို့ဟာ မြန်မာနိုင်ငံတွင်းမှာ လုပ်ငန်းတွေစတင်နေခဲ့ပြီးဖြစ်ပါတယ်။

အဆိုပြုလွှာအောင်မြင်တဲ့ ကုမ္ပဏီဟာ သန်လျင်မြို့ ၊ အမှတ် (၁) ရေနံသန့်စင်စက်ရုံနေရာ မှာတည်ဆောက်မယ့် ရေနံဓာတ်ငွေ့ရည်သိုလှောင်ရုံနဲ့ ဆိပ်ခံဗောတံတားတွေအပါအ၀င် ရေနံဓာတ်ငွေ့ရည် (အယ်လ်ပီဂျီ) စက်ရုံသစ်တည်ဆောက်ရေးနဲ့ ထုတ်လုပ်ဖြန့်ဖြူးရေးလုပ်ငန်းတွေ မှာ အကျိုးတူပူးပေါင်းဆောင်ရွက်ခွင့်ရမယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း(အမ်ပီအီး)အနေနဲ့ လက်ရှိကာလမှာ မင်းဘူး၊ကျွန်းချောင်းနဲ့ ညောင်တုန်းမြို့တွေက ရေနံဓာတ်ငွေ့ရည် (အယ်လ်ပီဂျီ) ထုတ်လုပ်ရေး စက်ရုံသုံးခုနဲ့ လည်ပတ်နေတာဖြစ်ပြီး အဆင့်မြှင့်တင်မှုလုပ်ဆောင်နိုင်ဖို့လိုအပ်နေတာဖြစ်ပါ တယ်။

မကွေးတိုင်း၊ မင်းဘူးမြို့မှာ တည်ရှိတဲ့ ရေနံဓာတ်ငွေ့ရည် (အယ်လ်ပီဂျီ) စက်ရုံကို ၁၉၈၆ ခုနှစ်မှာစတင်ခဲ့တာဖြစ်ပြီး ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နဲ့ မကွေးတိုင်း၊ ကျွန်း ချောင်းမြို့တွေက စက်ရုံတွေကတော့ ၂၀၀၅ ခုနှစ်နဲ့ ၂၀၁၀ ခုနှစ်တွေမှာ အသီးသီး စတင်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီစက်ရုံတွေက နှစ်စဉ်ထုတ်လုပ်နိုင်တဲ့ ရေနံဓာတ်ငွေ့ရည်(အယ်လ်ပီဂျီ)ပမာ ဏဟာ တန်ချိန် ၇၂ ဒဿမ ၈၅ ဘီလီယံဖြစ်ပါတယ်။

မနှစ်ကလည်း မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း(အမ်ပီအီး)ဟာ ရေနံဓာတ်ငွေ့ရည် (အယ်လ် ပီဂျီ)စက်ရုံတည်ဆောက်ရေးနဲ့ ထုတ်လုပ်ဖြန့်ဖြူးရေးဆိုင်ရာလုပ်ငန်းတွေမှာ အကျိုးတူပူးပေါင်းလုပ် ဆောင်မှုတွေခေါ်ယူခဲ့ရာမှာ ပြည်တွင်းပြည်ပ ကုမ္ပဏီ ၂၂ ခုက လျှောက်လွှာတင်ခဲ့ပေမယ့် ပူး ပေါင်းလုပ်ဆောင်မယ့်ကုမ္ပဏီကို သတင်းထုတ်ပြန်နိုင် ခြင်းမရှိခဲ့ပါဘူး။

မလေးရှားအခြေစိုက် ပက်ထရိုနပ်စ်ရေနံကုမ္ပဏီက ဥက္ကဋ္ဌနဲ့ အမှုဆောင် အရာရှိတွေကတော့ မြန်မာနိုင်ငံမှာ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းတွေ ပုးပေါင်း လုပ်ဆောင်ဖို့နဲ့ စွမ်းအင်ကဏ္ဍရင်းနှီးမြှုပ်နှံဖို့ မြန်မာဒုသမ္မတ ဦးဉာဏ်ထွန်းနဲ့ နေပြည်တော်မှာ မနေ့ကတွေ့ဆုံဆွေးနွေးခဲ့ပြီး မြန်မာရေဘေးအတွက် အမေရိကန် ဒေါ်လာ ၁ သိန်းခွဲ ပေးအပ်လှူဒါန်းသွားတယ်လို့ နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013