DVB Logo
Home
မြန်မာသတင်း
မြန်အောင်မြို့နယ် ကျေးရွာအချို့ ရေလွှမ်း၊ သောက်သုံးရေ ပြတ်လပ် (ရုပ်သံ)
DVB
·
August 5, 2015
မြန်အောင်မြို့နယ် ကျေးရွာအချို့ ရေလွှမ်း၊ သောက်သုံးရေ ပြတ်လပ် (ရုပ်သံ)
Donate to DVB

ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ်ထဲက ဧရာဝတီမြစ်နဲ့ ဆက်စပ်နေတဲ့ ကျေးရွာဒေသတွေနဲ့ အနိမ့်ပိုင်းဒေသတွေ ရေလွှမ်းနစ်မြုပ်နေကြပါတယ်။

မြန်အောင်-ကနောင်-ရွှေကျင်-သပြေကုန်း-ဇလုပ်ကြီးပန်းတာရဲ့ ကြားထဲက ကျေးရွာဒေသတွေ မှာ ရေနစ်မြုပ်နေတာပါ။

မြန်အောင်မြို့နယ်ထဲ အဆိုးဆုံးကတော့ ဇလုပ်ကြီးအုပ်စုထဲက ကန့်ဘလူ ညောင်တန်းကျေးရွာက အဆိုးဆုံးခံစားနေရတာပါ။

ကန့်ဘလူညောင်တန်းမှာ အိမ်ထောင်စု ၃၀၀ ကျော်၊ လူဦးရေ ၁၅၀၀ ကျော် ရေဘေးဒုက္ခရောက်နေတာပါ။ ဒီဒေသဟာ သွားလာဖို့ ခက်ခဲတဲ့ဒေသလည်းဖြစ်ပါတယ်။

ရေလွှမ်းနစ်မြုပ်နေတဲ့ ကန့်ဘလူညောင်းတန်းက အိမ်ထောင်စုတွေကတာ့ အချို့ဟာ အိမ်တွေပေါ်မှာ ဆင့်ထိုးနေနေကြရပြီး အချို့ကတော့ မြန်အောင်-ကနောင်-ရွှေကျင်-သပြေကုန်း-ဇလုပ်ကြီး ပန်းတာပေါ်မှာ ဖြစ်သလို နေထိုင်စားသောက်နေကြရပါတယ်။

ရေကြီးတာ ၇ ရက်လောက်ရှိနေပြီး သောက်သုံးရေ၊ ကျန်မာရေးစောင့်ရှောက်မှုနဲ့ အစားအစာတွေ လိုအပ်နေပါတယ်။

ဧရာဝတီမြစ်ရေ မြင့်တက်နေတာရယ်၊ မိုးသည်းထန်စွာ ရွာနေတာကြောင့် ခုချိန်ထိ ရေမကျသေးပဲ ဖြစ်နေတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013