DVB Logo
Home
မြန်မာသတင်း
မြန်မာ ရေဘေးသင့်ဒေသများကို ဂျပန်က အရေးပေါ် ပစ္စည်းများထောက်ပံ့မည်
DVB
·
August 5, 2015
မြန်မာ ရေဘေးသင့်ဒေသများကို ဂျပန်က အရေးပေါ် ပစ္စည်းများထောက်ပံ့မည်
Donate to DVB

မြန်မာနိုင်ငံကရေဘေးဒုက္ခသည်တွေကို ကူညီဖို့ ဂျပန်အစိုးရက ယန်းငွေ  ၁၈ သန်း (အမေရိကန်ဒေါ်လာ ၁ သိန်းခွဲနီးပါး)  တန်ဖိုးရှိတဲ့ ခြုံစောင်၊ အိပ်ယာနဲ့ ပလတ်စတစ်အမိုး အကာတွေအပါအ၀င် အရေးပေါ် ကယ်ဆယ်ရေးပစ္စည်းတွေ ထောက်ပံ့ကူညီသွားမယ်လို့ သတင်း ထုတ်ပြန်ပါတယ်။

အဲဒီထောက်ပံ့ကူညီမှုကို ဂျပန်-မြန်မာနှစ်နိုင်ငံကြား ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့တဖွဲ့ဖြစ်တဲ့ ဂျပန်နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့( ဂျိုက်ကာ) ကတဆင့် လှူဒါန်းသွားမယ်လို့ ဆိုပါတယ်။

ဂျပန်-မြန်မာနှစ်နိုင်ငံကြား ကာလကြာရှည် ချစ်ကြည်ရင်းနှီးမှုရှိခဲ့တဲ့အပေါ် လူသားချင်းစာနာထောက်ထားပြီး ခုလို အရေးပေါ်ထောက်ပံ့ကူညီမှုတွေပေးဖို့ ဆုံးဖြတ်ခဲ့တာလို့ ဂျပန်သံရုံး သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံနေရာ အနှံ့အပြား မိုးကြီး၊ ရေကြီး၊ ရေလျှံမှုတွေကြောင့် လူပေါင်း ၂သိန်းခွဲကျော် ရေဘေးဒုက္ခခံစားနေရပြီး လူပေါင်း ၇၀ နီးပါးသေဆုံးခဲ့ရချိန်မှာ အစိုးရက နိုင်ငံတကာ အကူအညီတွေကို လက်ခံဖိတ်ခေါ် ကမ်းလှမ်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013