DVB Logo
Home
မြန်မာသတင်း
ရေဘေး ကြောင့် မှတ်ပုံတင်သန်းခေါင်စာရင်း ပျက်စီးသူများ ဆန္ဒမဲပေးခွင့်ရမည်
DVB
·
August 5, 2015
ရေဘေး ကြောင့် မှတ်ပုံတင်သန်းခေါင်စာရင်း ပျက်စီးသူများ ဆန္ဒမဲပေးခွင့်ရမည်
Donate to DVB

သဘောဝဘေးအန္တရာယ်ကြောင့် မဲဆန္ဒရှင်တွေရဲ့ မှတ်ပုံတင် နိုင်ငံသားစိစစ်ရေးကတ်ပြားတွေနဲ့ အိမ်ထောင်စုစာရင်းတွေ ပျက်စီးပျောက်ဆုံးမှုတွေရှိနေပေမယ့် ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေဖို့ စီစဉ်ဆောင်ရွက်ထားတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာပါတယ်။

ဆန္ဒမဲလက်မှတ်တွေကို ရွေးကောက်ပွဲနေ့ရက် မတိုင်ခင် တပတ်အလိုလောက်မှာ ထုတ်ပေးဖို့ စီစဉ်ထားပြီး မှတ်ပုံတင်နဲ့ အိမ်ထောင်စု စာရင်းတွေ ပျောက်နေပေမယ့် သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲရုံးထွေမှာ မဲလက်မှတ်ထုတ်ယူ ဆန္ဒမဲပေးနိုင်မယ်လို့လည်း သြဂုတ် ၄ ရက် ကောက်မရှင်ရဲ့ အသိပေးကြေညာချက်မှာ ပါရှိပါတယ်။

အသက် ၁၈ နှစ်ပြည့်ပြီး ရွေးကောက်ပွဲ ဥပဒေနဲ့ မဆန့်ကျင်တဲ့  နိုင်ငံသား၊ ဧည့်နိုင်ငံသားနဲ့ နိုင်ငံသားပြုခွင့်ရသူတိုင်း ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးနိုင်ရေးအတွက် ဆောင်ရွက်ပေးတာလို့လည်း ဆိုပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ တနိုင်ငံလုံး အခြေခံမဲစာရင်းတွေ ပြုစုထားရှိပြီး ဖြစ်လို့ အတည်ပြုမဲစာရင်းကို သြဂုတ်လကုန်ပိုင်းလောက်မှာ ကြိုတင်အသိပေး ထုတ်ပြန် ကြေညာပေးသွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရေဘေးဒဏ်ခံစားနေရတဲ့ စစ်ကိုင်းတိုင်း၊  ကလေးမြို့ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတွေမှာ  အိမ်ထောင်စုစာရင်းနဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြားတွေ  ပျက်စီး ပျောက်ဆုံးသွားတဲ့ ရေဘေးသင့်သူတွေကို လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန ၀န်ထမ်းတွေက   အခမဲ့ အသစ်ပြန်လည် ထုတ်ပေးနေတယ်လို့ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013