DVB Logo
Home
မြန်မာသတင်း
ရေဘေးကြောင့် မြန်မာကလေး ၈ သောင်းခန့် အရေးပေါ် အကူအညီလိုအပ်
DVB
·
August 5, 2015
ရေဘေးကြောင့် မြန်မာကလေး ၈ သောင်းခန့် အရေးပေါ် အကူအညီလိုအပ်
Donate to DVB

မြန်မာနိုင်ငံမှာ ရေဘေးဒဏ်ကို ခံစားရတဲ့ ဒေသတွေမှာ ကလေး ၈ သောင်းနီးပါးဟာ တကိုယ်ရေ ပတ်ဝန်းကျင်သန့်ရှင်းရေးနဲ့ အသုံးအဆောင် ပစ္စည်းတွေ လိုအပ်နေတယ်လို့ အစိုးရမဟုတ်တဲ့ နိုင်ငံတကာ လူမှုရေး အဖွဲ့အစည်း Save the Children က သြဂုတ် ၄ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

Save the Children ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး ဂျိုဆေး ရာဗန်နိုက သဘောဝဘေးအန္တရာယ်ကြောင့် ကလေးတွေက ခုခံနိုင်စွမ်းမရှိတဲ့ အထဲမှာ ပါတယ်လို့ ပြောပါတယ်။

“သဘာဝဘေးကြောင့် ထောင်နဲ့ချီတဲ့ ကလေးတွေ ထိခိုက်ခံစားခဲ့ရပါတယ်။ ဒေသတခုလုံး ရေလွမ်းခဲ့တဲ့အတွက် ကလေးတွေရဲ့ လုံခြုံရေးကို ကျနော်တို့ စိုးရိမ်ပါတယ်။ ပျက်စီးမှုတွေနဲ့ ရွှေ့ပြောင်းရတဲ့အတွက် ကလေးတွေက အနှောင့်အယှက် ဖြစ်သလို လိုအပ်တဲ့ ပစ္စည်းတွေ မပါဘဲ ကလေးတွေက အိမ်ကနေထွက်ပြေးရတယ်” လို့ သူက ပြောပါတယ်။

ကရင်ပြည်နယ်က မိသားစု ၁၅၀ အတွက် ဆပ်ပြာနဲ့ တကိုယ်ရေသန့်ရှင်းရေးဆိုင်ရာ ပစ္စည်းတွေကို ဖြန့်ဝေနေတယ်လို့ ဆိုပါတယ်။

Save the Children ရဲ့ အကူအညီပေးနေတဲ့ အသင်းကလည်း ရေကြီးတာနဲ့ ကလေးတွေနဲ့မိသားစုတွေရဲ့ လိုအပ်ချက်တွေကို အကဲဖြတ်နိုင်ဖို့ ၂၄ နာရီပတ်လုံး ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ချက်မှာရေးပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013