DVB Logo
Home
မြန်မာသတင်း
မြန်မာ ရေဘေး နော်ဝေနှင့် သြစတြေးလျက ဒေါ်လာ ၃ သန်းကျော် ကူညီမည်
DVB
·
August 5, 2015
မြန်မာ ရေဘေး နော်ဝေနှင့်  သြစတြေးလျက  ဒေါ်လာ ၃ သန်းကျော် ကူညီမည်
Donate to DVB

မြန်မာနိုင်ငံအနှံ့ ဖြစ်ပွားခဲ့တဲ့ ရေဘေးသင့်ဒေသတွေနဲ့ မုန်တိုင်းဒဏ်ခံဒေသတွေအတွက် နော်ဝေအစိုးရက ခရိုနာ ၁၀ သန်း (အမေရိကန်ဒေါ်လာ ၁ ဒဿမ ၂ သန်း) ထောက်ပံ့ကူညီသွား မယ်လို့ ထုတ်ပြန်ပါတယ်။

နော်ဝေနိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ နော်ဝေနိုင်ငံခြားရေး ၀န်ကြီး Borge Brende က သြဂုတ် ၄ ရက်နေ့၊ မလေးရှားနိုင်နိုင်ငံ ကွာလာလမ်ပူမြို့မှာ ကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေး ၀န်ကြီးအစည်းအဝေးမှာ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ တွေ့ဆုံခဲ့ချိန်မှာ အကူအညီပေးဖို့ ပြောခဲ့တာလို့ ဆင်ဟွာသတင်းမှာ ဖော်ပြပါတယ်။

နော်ဝေနိုင်ငံခြားရေးဝန်ကြီး ဘို့ဂ်ျဘရဲန်းဒ်က “မြန်မာနိုင်ငံမှာ လူပေါင်း ၂၀၀၀၀ လောက်ရေ ဘေးဒုက္ခတွေ ခံစားခဲ့ရပြီး လူပေါင်းများစွာ အသက်အိုးအိမ်တွေ ဆုံရှုံးခဲ့ရတယ်။ မြန်မာနိုင်ငံအနေနဲ့ သဘာဝဘေးအန္တရာယ်လျော့ပါးဖို့နဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေအတွက် ကြိုးစားအားထုတ်နေပေမယ့် ပြင်ပက အကူအညီတွေ လိုအပ်နေတုန်းပါပဲ” လို့ ပြောပါတယ်။

“မြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ ရေဘေးဒုက္ခ ပျက်စီးဆုံးရှုံးမှုတွေဟာ သဘာဝဘေးအန္တရာယ်နဲ့ ရာသီဥတုဆိုင်ရာ အဖြစ်အပျက်တွေက ဘယ်လောက်အရေးကြီးတယ်ဆိုတာ ပြလိုက်တာပါပဲ။ နော်ဝေအစိုးရရဲ့ ခုလိုထောက်ပံ့ကူညီမှုဟာ မြန်မာနိုင်ငံအပါအ၀င် နိုင်ငံအတော်များများမှာ ရာသီဥတုဆိုင်ရာ သတိပေးထုတ်ပြန်နိုင်မယ့် လုပ်ငန်းစဉ်တွေမှာ ပိုမိုကောင်းမွန်လာစေမယ့် ရလဒ်တွေ ရလာနိုင်ဖို့ဖြစ်ပါတယ်” လို့ သူကဆိုပါတယ်။

အလားတူ အဲဒီအစည်းအဝေးမှာပဲ သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး ဂျူလီဘစ်ရှော့ကလည်း  နှစ်ပေါင်း ၁၀၀ အတွင်းအဆိုးရွားဆုံးကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံအတွက်  ဒေါ်လာ ၂ သန်း အရေးပေါ် ကယ်ဆယ်ရေးထောက်ပံ့ငွေ ကူညီပေးမယ့်အကြောင်း ပြောခဲ့တယ်လို့ အက်စ်ဘီအက်စ် သတင်းမှာဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013