DVB Logo
Home
Lead Story
ကလေးရေဘေးဒုက္ခသည် ၃၀၀၀ ကျော် ရိက္ခာပြတ်လပ်မှု ကြုံတွေ့နေရ (ဓာတ်ပုံ)
DVB
·
August 5, 2015
ကလေးရေဘေးဒုက္ခသည် ၃၀၀၀ ကျော် ရိက္ခာပြတ်လပ်မှု ကြုံတွေ့နေရ (ဓာတ်ပုံ)
1 / 11
Donate to DVB

ကလေးမြို့နဲ့ ၃ မိုင်အကွာက အဲဒီရွာမှာ ရေနစ်မြုပ်တဲ့ ပတ်ဝန်းကျင်ကျေးရွာ ၁၃ ရွာက ရေဘေးဒုက္ခသည် ၃၀၀၀ ကျော် ခိုလှုံနေရပါတယ်။

စာသင်ကျောင်းတွေမှာဖွင့်လှစ်ထားတဲ့ အဲဒီဒုက္ခသည်စခန်းဟာ ကလေးမြို့နဲ့ ချိတ်ဆက်ထားတဲ လမ်းတွေပျက်ဆီးနေတဲ့အတွက်
တခြားရေမြုပ်ဒေသတွေလိုပဲ ရိက္ခာပြတ်လပ်မှု ပြဿနာ နဲ့ ကြုံတွေ့နေရတာဖြစ်ပါတယ်။

လက်ရှိ အချိန်မှာတော့ ၅ ရက်စာရိက္ခာပဲ ကျန်တော့သလိုပဲ ပုဂ္ဂလိက အလှုရှင်တွေ လှူဒါန်းနေပေမယ့် အခြေခံ စားသောက်ကုန်နဲ့ အဝတ်အထည်တွေ လိုအပ်နေတယ်လို့ ကူညီပေးနေတဲ့ စခန်းတာဝန်ခံတွေက ပြောပါတယ်။

ကလေးမြို့နယ်ထဲက ရေနစ်မြုပ်ခဲ့တဲ့ ကျေးရွာတွေမှာတော့ လမ်းပန်းဆက်သွယ်ရေး အခက်အခဲ၊ ရိက္ခာ လိုအပ်ချက်နဲ့ နေထိုင်စရာအခက်အခဲတွေနဲ့ ကြုံတွေ့နေရပါတယ်။

သတင်းဓာတ်ပုံ - သူရိန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013