DVB Logo
Home
မြန်မာသတင်း
တာချီလိတ်ခရိုင် ရေကြီးမှု လူ ၂၀ ရေထဲမျော၊ ၄ ဦးပျောက်ဆုံး
DVB
·
August 5, 2015
တာချီလိတ်ခရိုင် ရေကြီးမှု လူ ၂၀ ရေထဲမျော၊ ၄ ဦးပျောက်ဆုံး
Donate to DVB

ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်ခရိုင် ကျိုင်းလပ်မြို့နယ်ထဲမှာ သြဂုတ် ၄ ရက် မနက်စောစောက ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့တာကြောင့် နေအိမ်တွေနဲ့ လူတွေ ရေထဲမျောပါခဲ့ပြီး လူ ၄ ဦး ပျောက်ဆုံးနေပါတယ်။

ကျိုင်းလပ်မြို့နယ်ထဲ ပါလျိုးကျေးရွာအုပ်စုထဲမှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း မိုးသည်းထန်ပြီး တောကျချောင်းရေတွေ တက်လာတာကြောင့်  သြဂုတ် ၄ ရက်နေ့က နမ့်ကိုင်းရွာက နေအိမ် ၁၈ လုံးနဲ့ လူ ၂၀ ရေထဲမျောသွားကာ ၄ ဦး ပျောက်ဆုံးနေတယ်လို့ တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက ဒီဗွီဘီကို ပြောပါတယ်။

“အိမ် ၁၈ လုံး ရေထဲမျောပါတယ်၊ အုတ်စိုက်တထပ်အိမ်တွေလည်းပါတယ်။ လူ ၂၀ မျောပါသွားတာ မနေ့က ၁၆ ယောက်ပဲ ပြန်တွေ့တယ်။ ၄ ယောက်ပျောက်နေတယ်၊ ကလေး ၁ ယောက်ပါတယ်။ နာမည်စာရင်းအတိအကျတော့ မရသေးပါဘူး။ မနေ့က ကျနော်တို့ခရိုင်အုပ်ချုပ်ရေးအဖွဲ့ အဲဒီရွာကို သွားမလို့ လုပ်တာ ၁၂ မိုင်လောက်ပဲ သွားရသေးတယ်၊ အဲဒီဘက်က တံတားတွေ ပျက်သွားတော့ ရှေ့ဆက်သွားလို့မရလို့ နောက်ပြန်လှည့်လာရတယ်။ တံတားပေါင်း အနည်းဆုံး ၇ စင်းလောက် ပျက်တယ်။ ဒီနေ့တော့ မဲခေါင်မြစ်ဘက်ကနေ စက်လှေနဲ့ကူးဖို့ ထပ်ကြိုးစားနေပါတယ်ခင်ဗျ။ ကျနော်တို့ ခရိုင်စီမံခန့်ခွဲမှု ကော်မတီက အုပ်ချုပ်ရေပိုင်း၊ ရဲတပ်ဖွဲ့၊ ကယ်ဆယ်ရေး နဲ့ ကျန်းမာရေးမှူးတွေ ပါပါတယ်။ မြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ အဖွဲ့ကတော့ မနေ့ကတည်းက ရောက်နေပြီ။”

နမ့်ကိုင်းရွာမှာ လူနေအိမ်ခြေ စုစုပေါင်း ၁၀၂ လုံးရှိပြီး တရွာလုံးနီးပါး ရေလွှမ်းနေတဲ့အတွက် ရွာသားတွေအားလုံး အမြင့်ပိုင်းက ဘုန်းကြီးကျောင်းမှာ ရွှေ့ပြောင်းခိုလှုံနေရတယ်လို့ ဆိုပါတယ်။

ပျက်စီးနေတဲ့ တံတားတွေကို ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းက ချက်ချင်းပဲ ဘေလီတံတားတွေ ပြန်ထိုးပေးနေတယ်လို့ ပြောပါတယ်။

ရေဘေးသင့်ရွာကို ရောက်ရှိနေတဲ့ တာချီလိတ် ကျားခေါင်းပါတီအဖွဲ့ဝင်တွေကတော့ ရေထဲပျောက်ဆုံးနေတဲ့ လူ ၄ ဦးကို မနေ့ကဘဲ အလောင်းပြန်တွေ့ရှိပြီး အဘိုးအိုတဦး၊ သားအမိ ၂ ဦး နဲ့ ကလေး တဦးတို့ ပါဝင်တယ်လို့  တာချီလိတ် ကျားခေါင်းပါတီအတွင်းရေးမှူး ဦးစိုင်းနီမှ ဒီဗွီဘီကို ပြောပါတယ်။

မနေ့က ရေတွေ လူတရပ်စာမြင့်တက်ခဲ့ပြီး ဒီနေ့မှာတော့ ရေအနည်းငယ်ကျသွားပေမယ့် ရေဘေးသင့်သူတွေ ပြန်မလာနိုင်သေးကြောင်း၊ အိမ်ထောင်ပရိဘောဂ၊ အိပ်ရာအ၀တ်အစားတွေ၊ အစားအသောက်တွေ အကုန်ရေထဲမျောပါ ပျက်စီးကုန်တဲ့အတွက် အိမ်ထောင်စု ၁၀၀ ကျော်အတွက် အကူအညီတွေ အများကြီး လိုအပ်နေတယ်လို့  ဆိုပါတယ်။

သြဂုတ် ၄ ရက်နေ့က တာချီလိတ်မြို့ပေါ်မှာလည်း မယ်ဆိုင်ချောင်းရေကြီးပြီး ရပ်ကွက်တချို့ထဲ ရေ၀င်ကာ တာလော့ဈေးပိတ်ထားရပြီး ဒီနေ့တော့ အခြေအနေ ပြန်ကောင်းသွားပြီလို့ တာချီလိတ်မြို့ခံ စိုင်းနွမ်က ပြောပါတယ်။

ဒါပေမယ့် တာချီလိတ်မြို့အ၀င်ဝ ပါယန်း နဲ့ ၀မ်ကျောက်ရွာကြားမှာတော့ ကတ္တရာလမ်း အနက် ၅ ပေလောက် ကွဲနေတာ တွေ့ရတယ်လို့  တာချီလိတ်မြို့ခံက ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013