DVB Logo
Home
မြန်မာသတင်း
ရေကြီး ရေလျှံ မှုကြောင့် စာသင်ကျောင်း ၁၃၈၇ ပိတ်ထားရ (ရုပ်သံ)
DVB
·
August 5, 2015
ရေကြီး ရေလျှံ မှုကြောင့် စာသင်ကျောင်း ၁၃၈၇ ပိတ်ထားရ (ရုပ်သံ)
Donate to DVB

မြန်မာနိုင်ငံတ၀န်း မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုကြောင့် ပြည်နယ်တိုင်း  ပြည်နယ် ၁၁ ခုက အခြေခံပညာ စာသင်ကျောင်းပေါင်း ၁၃၈၇ ကျောင်း ခေတ္တပိတ်ထားခဲ့ရ တယ်လို့ အစိုးရက ထုတ်ပြန်ပါတယ်။

အဓိက ပိတ်ထားခဲ့ရတဲ့ စာသင်ကျောင်းတွေအနက် ရခိုင်ပြည်နယ်မှာ  ကျောင်းပေါင်း ၆၈၀ ကျော်နဲ့ အများဆုံးဖြစ်ပြီး ပဲခူးတိုင်းမှာ စာသင်ကျောင်း ၂၄၀ နီးပါးနဲ့ စစ်ကိုင်းတိုင်းမှာ ကျောင်း ပေါင်း ၁၀၀ ကျော်ရှိပါတယ်။

ရေကြီးရေလျှံမှုကြောင့် စာသင်ကျောင်းတွေ အများအပြား ရေနစ်မြုပ်ပျက်စီးမှုတွေ ရှိခဲ့သလို ရေဘေးဒုက္ခသည်တွေ အများအပြားဟာလည်း ရေဘေးလွတ်ရာ စာသင်ကျောင်း တွေနဲ့ ဘုန်းတော်ကြီးကျောင်းတွေမှာ ဖွင့်လှစ်ထားတဲ့ ဒုက္ခသည်စခန်းတွေမှာ ယာယီခိုလှုံနေကြရပါတယ်။

သမ္မတ ဦးသိန်းစိန်ကတော့ ပျက်စီးသွားတဲ့ စာသင်ကျောင်း၊ အဆောက်အအုံတွေ ကျောင်းသား ကျောင်းသူတွေအတွက် ပြဋ္ဌာန်းစာအုပ်တွေ ပြန်လည်ပြင်ဆင် ဖြည့်ဆည်းပေး ရမယ်လို့ နေပြည်တော်မှာ ကျင်းပတဲ့ ရေဘေးသင့်ဒေသများကို ကယ်ဆယ်ရေး၊ ထောက်ပံ့ ကူညီရေးနဲ့ ပြန်လည်ထူထောင်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးမှာ ပြောပါတယ်။

ပညာရေး ၀န်ကြီးဌာနကလည်း ရေဘေးသင့်ကျာင်းတွေရှိ ကျောင်းသား၊ ကျောင်းသူတွေအတွက် ငွေကျပ် သန်းပေါင်း ၃၁၇ သန်းကျော် တန်ဖိုးရှိ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင် စတဲ့ စာရေးကိရိယာတွေ ပေးပို့နေတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013