DVB Logo
Home
မြန်မာသတင်း
ရေဘေး ကြောင့် သေဆုံးသူ ၇၀ ခန့် ရှိပြီ
DVB
·
August 5, 2015
ရေဘေး ကြောင့် သေဆုံးသူ ၇၀ ခန့် ရှိပြီ
Donate to DVB

နိုင်ငံတဝန်း တိုင်းနဲ့ပြည်နယ် ၁၂ ခုမှာ ဖြစ်ပွားနေတဲ့ မိုးကြီးရေလျှံတာကြောင့် ဇူလိုင် အစောပိုင်းကစပြီး သြဂုတ် ၄ ရက်နေ့အထိ လူဦးရေ ၇၀ နီးပါးသေဆုံးခဲ့ပြီး လူဦးရေ ၂ သိန်း ၆ သောင်းကျော် ရေဘေးသင့်ခဲ့ရပါတယ်။

ရခိုင်ပြည်နယ်မှာ ရေဘေးသင့်သူ ၁ သောင်း ၃ ထောင်ကျော်ရှိပြီး ၄၇ ဦး သေဆုံးသလို ဧရာဝတီမှာ ၁ ဦး၊ စစ်ကိုင်းတိုင်းမှာ ၇ ဦး၊ ကချင်ပြည်နယ်မှာ ၁ ဦး၊ ရှမ်းပြည်နယ်မှာ ၅ ဦး၊ မန္တလေးတိုင်းမှာ ၈ ဦး၊ စုစုပေါင်း ၆၉  သေဆုံးခဲ့တယ်လို့ အစိုးရက သြဂုတ်လ ၄ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ရေဘေးသင့်သူတွေအတွက် ဆန်ရိက္ခာတန်ဖိုးငွေကျပ် ၃၉၈ သိန်းကျော်၊ အရေးပေါ်အစားအစာ တန်ဖိုး ငွေကျပ် ၁၅၅ သိန်းကျော်၊ အိမ်ဆောက်ပစ္စည်းတန်ဖိုး ငွေကျပ် ၄၄၉ သိန်း၊ ကယ်ဆယ်ရေး ပစ္စည်းတန်ဖိုး ငွေကျပ် ၉၆၈ သိန်းကျော်နဲ့ သေဆုံးမှု ထောက်ပံ့ကြေး ငွေကျပ် ၁၈ သိန်း စုစုပေါင်း တန်ဖိုးငွေကျပ် ၁၉၀၀ ကျော်ကို ထောက်ပံ့ခဲ့ကြောင်း အစိုးရက ထုတ်ပြန်ထားပါတယ်။

ရေကြီးရေလျှံတာတွေကြောင့် တံတား၊ လမ်း နဲ့ တိရစ္ဆာန်စတာတွေ ပျက်စီးခဲ့ပြီး ခန့်မှန်းတန်ဖိုး ကျပ်သန်းပေါင်း ၁ သောင်းနီးပါး ဆုံးရှုံးခဲ့တယ်လို့ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်း ၀န်ကြီးဌာနက သြဂုတ် ၂ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

တိုင်းနဲ့ပြည်နယ် ၁၀ ခုမှာ ဆုံးရှုံးတာကို ထုတ်ပြန်တာဖြစ်ပြီး ရခိုင်ပြည်နယ်မှာ ကျပ်သန်းပေါင်း ၇ ထောင်လောက် ဆုံးရှုံးခဲ့တာဖြစ်ပါတယ်။

ဒုတိယအများဆုံးဖြစ်တဲ့ ရှမ်းပြည်နယ်မှာတော့ တံတားတစင်းနဲ့ ကျောက်လမ်း ၇ မိုင်ပျက်စီးခဲ့ပြီး ခန့်မှန်းတန်ဖိုး ကျပ်သန်းပေါင်း ၁ ထောင်လောက် ဆုံးရှုံးတယ်လို့ ထုတ်ပြန်ထားတာပါ။

သြဂုတ် ၂ ရက်နေ့အထိ သိရတဲ့ သတင်းတွေအရ ဆည်ပေါင်း ၃၉ ခုမှာ သတ်မှတ်ရေလှောင်ပမာဏ ပြည့်သွားတဲ့အတွက် ရေပိုလွှဲတွေကနေ ရေကျော်နေတယ်လို့လည်း လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်း ၀န်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013