DVB Logo
Home
Lead Story
ကော့ကရိတ်-မြ၀တီအာရှလမ်းတွင် ရေဘေးအလှူငွေကောက်
DVB
·
August 4, 2015
ကော့ကရိတ်-မြ၀တီအာရှလမ်းတွင် ရေဘေးအလှူငွေကောက်
1 / 7
Donate to DVB

နယ်ခြားစောင့်တပ်ဖွဲ့နဲ့ ဝတီမြို့ လူမူကယ်ဆယ်ရေးအဖွဲ့ပူးပေါင်းပြီး နိုင်ငံတ၀ှမ်းရေဘေးဒုက္ခ ရောက်နေသူတွေအတွက် မြဝတီ- ကော့ကရိတ် အာရှလမ်းသစ်ပေါ်မှာ အလှူငွေတွေ ဒီကနေ့ ကစပြီး စတင်ကောက်ခံနေပါတယ်။

ဒီလိုကောက်ခံမှုကို ယာယီအနေနဲ့ ကောက်ခံမှာဖြစ်ပြီး ကရင်ပြည်နယ် နယ်ခြားစောင့်တပ် အထွေထွေအတွင်းရေးမှူး နှင့်မြဝတီအခြေစိုက်တပ်မတော် အကြီးအကဲများရဲ့ ခွင့်ပြုချက်နဲ့ ကောက်ခံတာဖြစ်တယ်လို့ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့ (ဘီဂျီအက်ဖ်) ပြောခွင့်ရ ဗိုလ်မှူး နိုင်မောင်ဇော်က ပြောပါတယ်။

“ကျနော်တို့ကတော့ အဓိက ဒီမှာ ကျနော်တို့ နေရာလာချပေးတာပေါ့နော်။ ပရဟိတ မြ၀တီက လူငယ်လေးတွေ လာတယ်။ နောက်ပြီးတော့ လူမှုကယ်ဆယ်ရေးအဖွဲပတွေပါတယ်လေ။ ကျနော်တို့ကတော့ ဘေးကခပ်ဝေးဝေးမှာပဲ ကျနော်တို့ ထိုင်စောင့်ပေးတယ်။ လူငယ်အဖွဲ့တွေက သူတို့ကောက်တယ်။ သူတို့ မှတ်တမ်းလေးနဲ့ သူတို့လုပ်ထားတယ်။ တရက်စာ တရက်စာကိုလည်း သူတို့ အွန်လိုင်းမှာ ဥပမာ မော်တော်ယဉ်နံပါတ်ဘယ်လောက်က ဘယ်လောက်ပေါ့နော်။ စေတနာရှိတဲ့ လူကတော့ ကားပေါ်ကနေ ထည့်သွားပေးတာပေါ့။ ”

ဓာတ်ပုံ - (ဗိုလ်မှူး နိုင်မောင်ဇော်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013