DVB Logo
Home
မြန်မာသတင်း
သဘာဝဘေးအန္တရာယ်ကြောင့် ကျပ်သန်းပေါင်း ၉၈၅၅ ဖိုးခန့် ပျက်စီးဆုံးရှုံး
DVB
·
August 3, 2015
သဘာဝဘေးအန္တရာယ်ကြောင့် ကျပ်သန်းပေါင်း ၉၈၅၅ ဖိုးခန့် ပျက်စီးဆုံးရှုံး
Donate to DVB

သဘာဝဘေးအန္တရာယ်တွေကြောင့် ပြည်နယ်တိုင်း ၁၀ ခုမှာ လမ်း၊ တံတား၊ မွေးမြူရေးခြံ ပုဇွန်ကန်နဲ့ အဆောက်အအုံစတဲ့ ပျက်စီးဆုံးရှုံးမှု ခန့်မှန်းချေ ကျပ်သန်းပေါင်း ၉၈၅၅ သန်း လောက်ရှိ တယ်လို့ အစိုးရက ထုတ်ပြန်ပါတယ်။

ကချင်၊ ချင်း၊ ရှမ်းနဲ့ ရခိုင်ပြည်နယ် ၄ ခုနဲ့ စစ်ကိုင်း ၊မန္တလေး၊ မကွေး၊ ပဲခူး၊ ဧရာဝတီနဲ့ တနင်္သာရီတိုင်းတွေမှာပျက်စီးဆုံးရှုံးခဲ့တာဖြစ်ပြီး တံတားပေါင်း ၁၄၅ စင်းအပြင် ခိုင်းနွားနဲ့ ကြက်ဝက်တွေလည်း အများအပြား ပျက်စီးဆုံးရှုံးခဲ့တယ်လို့ မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ရဲ့ သြဂုတ်လ ၂ ရက်ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

သဘာဝဘေးကြောင့် ပျက်စီးဆုံးရှုံးမှု အဆိုးဆုံးပြည်နယ်က ရခိုင်ပြည်နယ်ဖြစ်ပြီး သန်းပေါင်း ၆၈၂၈.၈၆ သန်းပျက်စီးသွားတယ်လို့ဖော်ပြပါတယ်။

အခုထုတ်ပြန်လိုက်တဲ့ အစိုးရသတင်းထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားတာတွေထဲမှာ လမ်း၊ တံတားပျက်စီးမှု၊ တိရစ္ဆာန်သေဆုံး၊ ပျောက်ဆုံးမှု၊ တိရစ္ဆာန်အစားအစာပျက်စီးဆုံးရှုံးမှု၊ မွေးမြူရေး ခြံနဲ့ငါးပုစွန်ကန်ပျက်စီးမှု၊ ရေချိုရေငန်အဆောက်အအုံ၊ ရုံးဝန်ထမ်းအဆောက်အအုံနဲ့ ငါးဖမ်းကိရိ ယာနဲ့ရေယာဉ်ပျက်စီးဆုံးရှုံးမှုအခြေအနေတွေကိုသာ ခန့်မှန်းဖော်ပြထားတာဖြစ်ပြီး ဒေသခံတွေ ရဲ့စီးပွားရေးလုပ်ငန်းတွေ၊ ပျက်စီးဆုံးရှုံးသွားတဲ့ လယ်ယာမြေတန်ဖိုးတွေမပါဝင်သေးပါဘူး။

ရခိုင်မျိုးချစ်ပါတီဥက္ကဌ ဦးမောင်မောင်စောက “အချက်အလက်တွေက ခုမှစုနေတုန်းပါ။ ပျက်စီးဆုံးရှုံးမှုတန်ဖိုးက ဒီထက်ပိုနိုင်ပါတယ်။ ရခိုင်ပြည်နယ်မှာ အဆိုးဆုံးမြို့နယ်တွေက ကျောက် တော်၊ မြောက်ဦးနဲ့ မင်းပြားမြို့နယ်တွေဖြစ်ပါတယ်။ မြောက်ဦးမှာဆိုရင် တမြို့လုံးရေဖုံးသွားတာပါ။ လယ်မြေတွေလည်းဆုံးရှုံးတယ်။ ရေလုပ်ငန်းနဲ့မွေးမြူရေးကန်တွေကအစ ဒေသခံတွေရဲ့လုပ်ငန်းတွေ အကုန်လုံးပျက်စီးကုန်တာပါ” လို့ပြောပါတယ်။

ရခိုင်ပြည်နယ် မှ မင်းပြားမြို့နယ်၊ ကျောက်တော်မြို့နယ်၊ မြောက်ဦးမြို့နယ်၊ ပုဏ္ဍားကျွန်း မြို့နယ်၊ မြေပုံမြို့နယ်၊ ရသေ့တောင် မြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်တွေဟာ မုန်တိုင်းနှင့် အတူ ရေကြီးရေလျှံ ဖြစ်ခဲ့တဲ့အတွက် ကျေးရွာထောင်နှင့် ချီပြီးရေနစ်မြုပ်ခဲ့တာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်းမွေးမြူရေးကဏ္ဍအနေနဲ့ ပုစွန်ကန် ၁၀၃၄၆ ဧကပျက်စီးဆုံးရှုံးခဲ့ပြီး ဒေသတွင်း ဆက်သွယ်တဲ့ တံတား ၁၁ စင်းပျက်စီးခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြပါ တယ်။
ရခိုင်ပြည်နယ် မှ မင်းပြားမြို့နယ်၊ ကျောက်တော်မြို့နယ်၊ မြောက်ဦးမြို့နယ်၊ ပုဏ္ဍားကျွန်း မြို့နယ်၊ မြေပုံမြို့နယ်၊ ရသေ့တောင် မြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်တွေဟာ မုန်တိုင်းနဲ့အတူ ရေကြီးရေလျှံ ဖြစ်ခဲ့တဲ့အတွက် ကျေးရွာထောင်နဲ့ ချီပြီးရေနစ်မြုပ်ခဲ့တာဖြစ်ပါတယ်။

မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေနဲ့ သဘာဝ ဘေးအန္တရာယ်(ရေဘေး)သင့်ဒေသတွေကို ဆန်အိတ် ၂၆၀၀ ကျော်အပါအ၀င် စုစုပေါင်းတန်ဖိုး ကျပ်၁၈၂၄.၁၃၈သိန်းခန့် ထောက်ပံ့ပေးခဲ့ပြီးပြီလို့ဆိုပါတယ်။

ရေဘေးကြောင့် ပျက်စီးသွားတဲ့ တိရစ္ဆာန်မွေးမြူရေးလုပ်ငန်းတွေ ပြန်လည်ထူထောင်နိုင် ဖို့အတွက် သဘာဝဘေးနိုင်ငံတော်ထောက်ပံ့ငွေနဲ့ နိုင်ငံတော်သမ္မတ သီးသန့် ရန်ပုံငွေတွေ က နေ လျာထားသုံးစွဲသွားမှာ ဖြစ်ပြီး လိုအပ်ပါက ကုလသမဂ္ဂစားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ (FAO)၊ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်(UNDP) စတဲ့ ပြည်ပအဖွဲ့အစည်းတွေက အကူအညီတွေ ရ ယူဆောင်ရွက်မယ်လို့လည်း အစိုးရ၀န်ကြီးဌာန ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013