DVB Logo
Home
မြန်မာသတင်း
သမ္မတ ဦးသိန်းစိန် နှင့် ကေအန်ယူ၊ အာစီအက်စ်အက်စ် ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေး
DVB
·
August 3, 2015
သမ္မတ ဦးသိန်းစိန် နှင့် ကေအန်ယူ၊ အာစီအက်စ်အက်စ် ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေး
Donate to DVB

ကရင်အမျိုးသားအစည်းအစည်းရုံး (ကေအန်ယူ) အပါအ၀င် ကရင်လက်နက်ကိုင်ခေါင်းဆောင်တွေနဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် (အာစီအက်စ်အက်စ်/အက်စ်အက်စ်အေ) တို့  သမ္မတဦးသိန်းစိန်နဲ့ ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

ဒီတွေ့ဆုံပွဲမှာ ကေအန်ယူဥက္ကဋ္ဌ ပဒိုစောမူတူးစေးဖိုး အပါအ၀င် ကေအန်ယူ ထိပ်တိန်း ခေါင်းဆောင်တွေနဲ့ ကရင်လက်နက်ကိုင် အဖွဲ့အစည်းတွေဖြစ်တဲ့ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (ဒီကေဘီအေ)၊ ကရင်ငြိမ်းချမ်းရေးကောင်စီနဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည်တပ်မတော် (အာစီအက်စ်အက်စ်/အက်စ်အက်စ်အေ) ပါဝင်ပါတယ်။

ဒီတွေ့ဆုံပွဲနဲ့ပတ်သက်ပြီး တွေ့ဆုံပွဲမှာ ပါဝင်တဲ့ ကေအန်ယူ အထွေထွေအတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်းကို မေးမြန်းထားပါတယ်။

ဒီကနေ့ ကေအန်ယူခေါင်းဆောင်တွေနဲ့ သမ္မတ တွေ့ဆုံကြတယ်ဆိုလို့လေ။ အဓိက ဘာတွေ ဆွေးနွေးကြသလဲ။

“တွေ့တာကတော့ ကေအန်ယူတဖွဲ့တည်းတော့ မဟုတ်ဘူးပေါ့နော်။ ကျနော်တို့ ကေအန်ယူရယ်၊ နောက် ဒီကေဘီအေခေါင်းဆောင်တွေ၊ ကေအန်ယူ၊ ကေအန်အယ်အေ ပီစီခေါင်းဆောင်တွေနဲ့ အာစီအက်စ်အက်စ်က ခေါင်းဆောင်တွေ ပါဝင်ပါတယ်။ အဓိက ဆွေးနွေးတာက အခု တပြည်လုံး အပစ်ခတ်ရပ်စဲရေး စာချုပ်နဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးတယ်။ ပြီးတော့ စာချုပ်သဘောတူညီချက် ရပြီးတဲ့နောက်ပိုင်း ဆက်လက် အကောင်အထည်ဖော်နိုင်ဖို့အတွက် ကိစ္စပါ။”

ဆိုတော့ အခု သမ္မတဘက်က ဘာတွေပြောလဲရှင်။

“ကျနော်တို့  အဓိကစာချုပ်ကတော့ ဒီတခေါက် အဆင့်မြင့် ညှိနှိုင်းရေးအဖွဲ့နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဆွေးနွေးပွဲကတော့ လာမယ့် ၆ ရက်၊ ၇ ရက်ပြီးသွားမှာ။ ပြီးသွားလို့ရှိရင် လက်မှတ်ရေးထိုးမယ့် အဖွဲ့ကိစ္စ၊ လက်မှတ်ရေးထိုးရမယ်ဆိုတဲ့ နေရာမှာကျတော့ လက်တွေ့မှာ အဖွဲ့အစည်းရဲ့ ကိုယ်စားလှယ်ပေါ့။ ကျနော်တို့ကလည်း သမ္မတကိုလည်း တကယ်လို့ စာချုပ်ပြီးလို့ရှိရင် လက်မှတ်ရေးထိုးဖို့အတွက်တော့ တောင်းဆိုထားတယ်။ သမ္မတတော့ စဉ်းစားသွားမယ်။ ဆိုလိုတဲ့သဘောက ထိုးမယ့်အနေအထားတော့ ရှိပါတယ်။ စာချုပ်က အရင်ပြီးအောင်လုပ်ပြီးမှ လက်မှတ်ရေးထိုးတဲ့ကိစ္စ ညှိရနှိုင်းရမှာကို။"

"နောက်တချက်ကတော့ နိုင်ငံတကာက အသိသက်သေတို့၊ ပြည်တွင်းသက်သေတို့၊ ပြည်တွင်းသက်သေကတော့ ကျနော်တို့ တင်ပြတဲ့အတိုင်းကတော့ သူတို့အကုန်လုံး လက်ခံတဲ့ အနေအထား ရှိပါတယ်။ နိုင်ငံတကာ အသိသက်သေမှာကျတော့ အထူးသဖြင့် ကျနော်တို့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ တရုတ်၊ အိန္ဒိယ၊ ယိုးဒယားတို့ကိုတော့ သူတို့လက်ခံတဲ့ အနေအထား ရှိတယ်။ နိုင်ငံတကာ အဖွဲ့အစည်းအနေနဲ့ ယူအန်တို့၊ အာဆီယံတို့ သူတို့ မူလက သဘောထား ရှိထားတယ်။ ကျနော်တို့ တင်ပြထားတဲ့ နိုင်ငံအားလုံးကိုတော့ သူတို့လက်ရှိ နိုင်ငံရေး အခြေအနေနဲ့ ပတ်သက်ပြီးတော့ နောက် လက်မှတ်ရေးထိုးပြီး ရှုပ်ထွေးမှုမရှိအောင် အဲဒါတွေကိုကျတော့ လက်ခံတဲ့ အနေအထားတော့ မရှိဘူး။ အခုန ကျနော်ပြောတဲ့ ယူအန်၊ အာဆီယံ၊ တရုတ်၊ ထိုင်း၊ အိန္ဒိယတို့ကိုကျတော့ လက်ခံတဲ့ အနေအထားရှိပါတယ်။ ဒါကတော့ လက်မှတ်သက်သေပေါ့။"

“နောက်တခု လက်မှတ်ရေးထိုးမယ့် အဖွဲ့ကျတော့ သူတို့ မူလက သဘောထားအတိုင်းပဲ။ ဒါပေမယ့် အကုန်လုံးကို တချိန်တည်းမှာ လက်မှတ်ရေးထိုးနိုင်တဲ့ အနေအထား မရှိပေမယ့်လည်း နောက်အနေနဲ့ အထူးသဖြင့် သူတို့ ပေါ်လစီကတော့ by letter ထုတ်ထားတဲ့ အဖွဲ့တွေကို အရင်လက်မှတ်ရေးထိုးမယ်။ ကျန်တဲ့အဖွဲ့တွေကလည်း ငြိမ်းချမ်းရေး မလိုချင်တဲ့သဘော မသက်ရောက်ဖို့အတွက် သူတို့ကလည်း ပါဝင်လာနိုင်ဖို့အတွက် သူတို့က နည်းလမ်းရှာဖွေဖို့ သဘောရှိတာပေါ့။”

ဆိုတော့ အခု အပစ်အခတ်ရပ်စဲရေး မူကြမ်းနဲ့ ပတ်သက်ပြီးတော့ ညှိနှိုင်းရေးအဖွဲ့နဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့တို့ တွေ့ဆုံပြီး ဆွေးနွေးနေတဲ့အချိန်မှာ အန်ကယ်တို့ အနေနဲ့က ဘာကြောင့် သမ္မတနဲ့ သီးသန့်သွားပြီး တွေ့ဆုံရတာလဲ။

“ကျနော်တို့မှာက ဒီလို အန်စီအေ ရရှိဖို့အတွက် ရှင်းရှင်းပြောရမယ်ဆိုလို့ရှိရင် ဒီအတွက် commitment လက်မှတ်ရေးထိုးတဲ့ အချိန်မှာကတည်းက သမ္မတကြီး အပါအ၀င်ပေါ့လေ တပြည်လုံး အပစ်ခတ်ရပ်စဲဖို့အတွက်၊ နိုင်ငံတော်အေးချမ်းသာယာရဖို့အတွက် ဒါလေးတွေ ညှိကြတာကိုး။ ဒီဥစ္စာကို ဆက်လက်အကောင်အထည် ဖော်နိုင်ဖို့အတွက် ကျနော်တို့ လက်မှတ်ရေးထိုးတဲ့အတွက် အဖွဲ့တွေ ဘယ်လိုနည်းလမ်းရှာမလဲဆိုတဲ့သဘော ရှိပါတယ်။ ဒါကတော့ ဆွေးနွေးရမှာက တကယ့် ကျနော်တို့ တိုင်းရင်းသားတွေ ကိုယ်စားပြုတဲ့ အဖွဲ့အစည်းတွေက ဆုံးဖြတ်ပြီးတော့ ဆွေးနွေးဆုံးဖြတ်တဲ့ကိစ္စ ဖြစ်တယ်။ ကျနော်တို့ရဲ့ လာရောက်တွေ့ဆုံမှုကလည်း တပြည်လုံး အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ်ကိုလည်း အထောက်အကူဖြစ်နိုင်တဲ့ သဘောတူညီမှုမျိုး သို့မဟုတ်ရင်လည်း သဘာထားမျိုး ရရှိဖို့အတွက် ကျနော်တို့ တင်ပြဆွေးနွေးတဲ့ သဘောမျိုးဖြစ်ပါတယ်။”

ဆိုတော့ ဒီနေ့တွေ့ဆုံပွဲမှာ အဓိကအားဖြင့် သမ္မတဘက်ကနဲ့ အခု သွားရောက်တွေ့ဆုံတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေအကြား ဘာတွေ သဘောတူညီမှုတွေရရှိလဲ။

“သဘောတူညီမှုဆိုတာထက် ညှိနှိုင်းရမှာက ကျနော်တို့ ယူပီဒဗလျူစီနဲ့ အက်စ်ဒီ အဆင့်မြင့် ညှိနှိုင်းရေးအဖွဲ့တွေက တရားဝင်လုပ်ဆောင်ရမယ့် ကိစ္စဖြစ်တယ်။ ကျနော်တို့ကတော့ လာတွေ့ဆုံဆွေးနွေးတာက တိုင်းရင်းသားဘက်က လိုလားချက်တွေကို တင်ပြတဲ့သဘောပါ။”

တခြား ဘာပြောချင်တာ ရှိဦးမလဲ။

“ကျနော်တို့ ဆွေးနွေးမှုတွေက အခုန ကျနော်ပြောသလို ငြိမ်းချမ်းရေးအတွက် ဆက်လက်ပြီးတော့ ကျနော်တို့ ကြိုးစားဆောင်ရွက်မယ်ဆိုတဲ့ သဘောထားတော့ ရှိတာပေါ့။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013