DVB Logo
Home
မြန်မာသတင်း
တပ်မတော်က ရေဘေးအလှူပစ္စည်းတွေကို ကူညီသယ်ဆောင်ပေးမည်
DVB
·
August 3, 2015
တပ်မတော်က ရေဘေးအလှူပစ္စည်းတွေကို ကူညီသယ်ဆောင်ပေးမည်
Donate to DVB

ရေဘေးကယ်ဆယ်ရေးလှူဒါန်းပေးပို့မယ့် ပစ္စည်းတွေကို တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်၊ သင်္ဘောတွေနဲ့ ကူညီသယ်ဆောင်ပေးမယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဒီကနေ့ ကြေညာပါတယ်။

ပြည်သူလူထုရဲ့လှူဒါန်းမှုတွေကို အဆင်ပြေချောမွေ့စေဖို့စီစဉ်တာဖြစ်ပြီး ရန်ကုန်တိုင်း မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်မှာ လာရောက်ပို့ဆောင်ကြဖို့ ဆော်သြပါတယ်။

ဒီအစီအစဉ်အတွက် မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်မှ ဒုတိယဌာနချုပ်မှူး ဗိုလ်မှူးကြီး အောင်ကျော်ထွန်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီး အေးလင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကိုယ်စားလှယ် ၁ ဦး၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ၀န်ကြီးဌာနမှ ကိုယ်စားလှယ် ၁ ဦး တို့ဖြင့် စနစ်တကျလက်ခံ၍ အလှူရှင်များမှ ပေးပို့လိုသည့် နေရာများသို့ ပို့ဆောင်ပေးသွားမယ်လို့ ဆိုပါတယ်။

ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီး အေးလင်းကို ဒီဗွီဘီက ဆက်သွယ်မေးမြန်း ထားပါတယ်။

ရေဘေးကယ်ဆယ်ရေးပစ္စည်းတွေ လှူလို့ရတယ်ဆိုလို့ပါ။ အဲဒီအစီအစဉ်သိပါရစေ။

လောလောဆယ် ကျနော်က ရခိုင်အတွက်ကို ပစ္စည်းလက်ခံပြီး လေယာဉ်နဲ့ ပို့ပေးနေတာခင်ဗျ။

လာလှူဒါန်းမယ်ဆိုရင် လေယာဉ်နဲ့သယ်မယ်ဆိုတော့  ဘယ်ပစ္စည်းတွေလက်ခံသလဲ၊ ဘယ်ပစ္စည်းတွေက သင့်တော်သလဲခင်ဗျ။

သြော် နံစော်တဲ့ပစ္စည်းတော့ မကောင်းဘူးလေ။ အခုကတော့ အသင့်သုံးနိုင်တဲ့ဟာမျိုးတွေပဲ ကျနော်တို့က ပို့နေတာများပါတယ်ခင်ဗျ။ ရေသန့်တို့၊ ခေါက်ဆွဲထုတ်တို့၊ စားစရာမုန့်တို့၊ ဆေးဝါးတို့၊ ဆန်တို့ အဲဒါတွေပို့ပါတယ်ခင်ဗျ။

 ရေဘေးသင့်သူတွေအတွက် အသုံးလိုတာတွေကလည်း ဒါတွေပဲလို့ ပြောချင်တာလားခင်ဗျာ။

လောလောဆယ်ကတော့ အားချင်း၊ ချက်ခြင်းတန်းပြီးတော့ သုံးနိုင်တဲ့ဟာပေါ့နော်။ အခု တချို့ဆိုရင်လည်း ရေသန့်စက်တွေ၊ တချို့ဆိုလည်း ရေသန့်ဆေးတွေ၊ တချို့ဆိုလည်း ရေသန့်တဲ့ ဆေးပြားတို့၊  အများဆုံးတော့ အသင့်သုံးနိုင်တဲ့ဟာကိုပဲ။ နောက် စောင်တို့၊ ခြင်ထောင်တို့၊ အ၀တ်အစားတို့ပေါ့ဗျာ။

 လာပို့မယ်ဆိုရင် ဘယ်လိပ်စာအတိအကျကို လာရမလဲခင်ဗျာ။

ရခိုင်ကိုပို့မယ်ဆိုရင်တော့ မင်္ဂလာဒုံလေတပ်စခန်းထဲမှာပါဗျ။ မနက်ရှစ်နာရီကနေ ညနေ ငါးနာရီထိ ရှိနေပါတယ်ဗျ။

နိုင်ငံတ၀န်း တိုင်းနဲ့ပြည်နယ် ၁၁ ခုမှာ လွန်ခဲ့တဲ့သီတင်းနှစ်ပတ်ခန့်ကတည်းက မိုးများပြီးရေကြီးရေလျှံဖြစ်နေတာဖြစ်ပြီး ဇူလိုင် ၃၁ ရက်နေ့မှာတော့ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတို့ကို သဘာဝဘေးအန္တရာယ်ကျရောက်တဲ့ဒေသတွေအဖြစ် ကြေညာခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013