DVB Logo
Home
မြန်မာသတင်း
ရေဘေးကြောင့် လွှတ်တော်အစည်းအဝေးများ ရွှေ့ဆိုင်း
DVB
·
August 3, 2015
ရေဘေးကြောင့် လွှတ်တော်အစည်းအဝေးများ ရွှေ့ဆိုင်း
Donate to DVB

သြဂုတ်လ ၁၀ရက်နေ့ ပြန်စမယ်လို့ မူလက ကြေညာထားတဲ့ လွှတ်တော် အရပ်ရပ်ပုံမှန်အစည်း အဝေးတွေကို ရေဘေးကြောင့် ပြန်မစနိုင်ပဲရက် ရွှေ့ဆိုင်းလိုက်ကြောင်း လွှတ်တော် အသီးသီးက ကြေညာလိုက်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ သက်ဆိုင်ရာ မဲဆန္ဒနယ်မြေနဲ့ မိသားစုတွေနေထိုင်ရာ ဒေသတွေမှာ ရေကြီးရေလျှံ မြေပြိုစတဲ့ သဘာဝဘေးအန္တရာယ်တွေ ကူညီကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို သက်ဆိုင်ရာဌာန အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ဆောင်ရွက်နေရတဲ့အပြင် အချိ့နေရာတွေမှာ လမ်းပန်းဆက်သွယ်ရေးပြတ်တောက်မှုတွေနဲ့ ကြုံတွေ့နိုင်တဲ့အတွက် ရွှေ့ဆိုင်းလိုက်ကြောင်း ထုတ်ပြန်ချက်တွေမှာ ဖော်ပြပါတယ်။

ပြည်ထောင်စုလွှတ်တော်နဲ့ ပြည်သူ့ လွှတ်တော်အတွက် လွှတ်တော်နာယက သူရဦးရွှေမန်းက လက်မှတ်ရေးထိုးထုတ်ပြန်ပြီး အမျိုးသားလွှတ်တော်အတွက်တော့ ဦးခင်အောင်မြင့်က သြဂုတ်လ ၃ရက်နေ့စွဲနဲ့ ထုတ်ပြန်လိုက်တာပါ။

လွှတ်တော်အရပ်ရပ်အစည်းအဝေးတွေကို ဇူလိုင် ၂၅ ရက်ကတည်း ကခေတ္တရပ်နားထားတာဖြစ်ပြီး လွှတ်တော်တွေပြန်လည်ကျင်းပမယ့် နေ့ကိုတော့ ထပ်မံ အသိပေးကြေညာ သွားမယ်လို့လည်းဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013