DVB Logo
Home
စီးပွားရေး
သန်လျင်မြေကွက်များ ဈေးကောင်းနေ
DVB
·
June 14, 2011
Donate to DVB

ရန်ကုန်တဘက်ကမ်း​ သန်လျင်မြို့​နယ်မှာ အသစ်​ဖောက်လုပ်ထား​တဲ့​ ​ခြောက်လမ်း​သွား​လမ်း​ဘေး​က လယ်​မြေ​တွေကို လုပ်ငန်း​ရှင်​တွေက ဝယ်​နေကြလို့​ ​မြေ​ဈေး​ကောင်း​နေတယ်လို့​ ​ဒေသခံလယ်သမား​တဦး​က ​ပြောပါတယ်။

“သူ​ဌေး​တွေ ​တော်​တော်ဝယ်တာပဲ။ ကျ​နော်တို့​ ဒီနား​က လယ်ကွက်ဆိုရင် ၃ ဧက ခွဲ​လောက်ပဲ ရှိတာ သိန်း​ ၇၀ နဲ့​ ​ပေး​ဝယ်တယ်။ ဝယ်တာကလည်း​ ဗမာနည်း​ပါတယ်။ ကုလား​သူ​ဌေး​တွေ များ​တယ်။ သူ​ဌေး​တော်​တော်များ​များ​က ​ဈေး​တော်​တော်​ပေး​တယ်။ ဘယ်လို​ကြောင့်​ပေး​နေမှန်း​ကို မသိဘူး​။ ​နောက်ဆိုရင် ကွန်တိန်နာ​တွေကို ဒီမှာစိုက်မယ်။ ဒီက​နေ ဘရူနိုင်း​တို့​ ဘာတို့​ ခွဲပို့​မယ်။”

တချို့​နေရာအကွက် အလိုက်​ဈေး​အမျိုး​မျိုး​ ​ပေး​ဝယ်​နေသလို တချို့​ လယ်တဧကကို သိန်း​သုံး​ဆယ်​ကျော်​ပေး​ပြီး​ ဝယ်ယူ​နေကြတာ​ကြောင့်​ လယ်သမား​တွေကလည်း​ ​ဈေး​ကောင်း​ရချိန်မှာ မိမိတို့​လယ်​မြေ​တွေကို ထုတ်​ရောင်း​နေကြတာဖြစ်ပါတယ်။

တချိန်က အဲဒီ​နေရာမှာ ရန်ကုန်အ​ရှေ့​ပိုင်း​ တက္ကသိုလ် (သန်လျင်) တည်​ဆောက်ဖို့​ ​မြေ​နေရာနဲ့​ ရန်ကုန်- သန်လျင် ရထား​လမ်း​ဖောက်လုပ်ဖို့​ ​မြေ​နေရာအတွက် ​မြေဧက ​မြောက်မြား​စွာ ရှိတဲ့​ လယ်​မြေ​တွေကို နိုင်ငံ​တော်က ​လျော်​ကြေး​ငွေ မ​ပေး​ဘဲသိမ်း​ယူခဲ့​ဖူး​ပါတယ်။

အခု အဲဒီနယ်​မြေတဝိုက်မှာ ရှိတဲ့​လယ်​မြေ​တွေကို နိုင်ငံခြား​ ရင်း​နှီး​မြှုပ်နှံမှု​တွေ ဝင်​ရောက်လာပြီး​တော့​ ​လျော်​ကြေး​ငွေမရဘဲ သိမ်း​ယူခံရမှာကို လယ်သမား​တွေက စိုး​ရိမ်​နေကြတာပါ။

ဒါ​ကြောင့်​ အခုလယ်​မြေ​တွေကို လုပ်ငန်း​ရှင်​တွေက ​ဈေး​ကောင်း​ပေး​ပြီး​ ဝယ်ယူ​နေချိန် လယ်သမား​တွေက ​ရောင်း​နေကြတာဖြစ်တယ်လို့​ အဲဒီလယ်သမား​က ​ပြောဆိုသွား​ပါတယ်။

“အစိုး​ရက လုပ်ပြီဆိုရင်​တော့​ ဘာခံနိုင်မှာလဲ။ သူတို့​ပေး​သ​လောက်ပဲရတယ်။ ကျ​နော်တို့​ ဟိုဘက်က လယ်သမား​တွေဆိုရင်လည်း​ အဲတိုင်း​ပဲ၊​ စစ်တပ်ဆို ပိုဆိုး​သေး​တယ်။ သိမ်း​ခံရတာ​တွေလည်း​ မ​ပေး​ဘူး​။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013