DVB Logo
Home
လူမှုရေး
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ကြိုဆို ဂုဏ်ပြုပွဲများ ကျင်းပ
DVB
·
June 14, 2011
Donate to DVB

ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ ၆၆နှစ်​မြောက် ​မွေး​နေ့​နဲ့​ မြန်မာနိုင်ငံ အမျိုး​သမီး​များ​နေ့​ကို ကြိုဆိုဂုဏ်ပြုတဲ့​အ​နေနဲ့​ ရန်ကုန် အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ရုံး​ချုပ်မှာ ဂီတပွဲ​တော်ကို ဆက်လက်ကျင်း​ပ​နေပါတယ်။

ဒီဂီတပွဲကို ဒီလ ၁ဝ ရက်​နေ့​က စတင်ကျင်း​ပတာဖြစ်ပြီး​ ၁၈ ရက်​နေ့​အထိ ကျင်း​ပသွား​မယ်လို့​ အစီအစဉ်ဖြစ်​မြောက်​ရေး​ ​ဆောင်ရွက်​နေသူတဦး​ဖြစ်တဲ့​ ကိုဖြိုး​မင်း​သိန်း​က ​ပြောပါတယ်။

“အခုအ​ခြေအ​နေအထိ​တော့​ ယှဉ်ပြိုင်မယ့်​ ပြိုင်ပွဲဝင်တဲ့​ အင်အား​စုက ​လေး​ဆယ်​ကျော်​လောက် ရှိသွား​ပြီ။ ၁၉ ရက်​နေ့​မှာ​တော့​ ​နောက်ဆုံး​စကာတင် ပြိုင်ပွဲဝင်ပြီး​ ဆု​ပေး​မှာပါ။ ကိုယ်ပိုင်သံစဉ်သီချင်း​တွေ များ​ပါတယ်။ group songs ​တွေများ​တယ်။ တီး​ခတ်မှုကိုလည်း​ သူတို့​ကိုယ်တိုင် ဝင်​ရောက်တီး​ခတ်တာလည်း​ ရှိပါတယ်။ သူတို့​ကိုယ်တိုင် မတီး​တဲ့​အချိန်ကျရင် ပ​ရော်ဖက်ရှင်နယ် သမား​တွေက ဝင်တီး​ပေး​ပါမယ်။ ကိုရဲလွင်တို့​၊​ ကိုတိုး​လွင်တို့​ ဝိုင်း​ဝန်း​ကူညီ​ပေး​ထား​ပါတယ်။”

လာမယ့်​ ၁၆ ရက်​နေ့​မှာ​တော့​ ​ဈေး​ရောင်း​ပွဲ​တော် ကျင်း​ပတဲ့​အခါ အမျိုး​သား​ဒီမိုက​ရေစီ အဖွဲ့​ချုပ် အမျိုး​သမီး​လုပ်ငန်း​အဖွဲ့​၊​ လူငယ်အဖွဲ့​ စတဲ့​ကွန်ရက်တွင်း​အဖွဲ့​တွေက ပါဝင်​ရောင်း​ချကြမယ်လို့​လည်း​ ​ပြောပါတယ်။

“​ဒေါ်​အောင်ဆန်း​စုကြည် ဓာတ်ပုံပါတဲ့​ စ​တေကာပါတဲ့​ အင်္ကျီ​တွေ ဒီမိုက​ရေစီ​ရေး​ လှုပ်ရှား​မှုမှာ အစဉ်တစိုက် ပါဝင်ခဲ့​တဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ လှုပ်ရှား​မှုစီဒီ​ခွေ​တွေ၊​ ရင်ထိုး​တွေ၊​ ​သော့​ချိတ်​တွေ၊​ အစရှိသဖြင့်​ ​ရောင်း​ချသွား​ပါမယ်။ ​ဒေါ်​အောင်ဆန်း​စုကြည်​မွေး​နေ့​ပွဲကို ကမ္ဘာတဝှမ်း​ ဒီမိုက​ရေစီ​ရေး​ လိုလား​သူများ​အား​လုံး​က​နေ မြန်မာနိုင်ငံမှာ​ကော ကမ္ဘာတလွှား​မှာပါ အား​လုံး​ မြန်မာနိုင်ငံတွင်း​မှာ ရှိ​နေသူ​တွေအား​လုံး​ စု​ပေါင်း​ဆောင်ရွက်ကြပါလို့​ ကျ​နော်တိုက်တွန်း​ချင်ပါတယ်။”

ဒေါ်​အောင်ဆန်း​စုကြည်​မွေး​နေ့​ ကြိုဆိုဂုဏ်ပြုပွဲ​တွေကို နယ်မြို့​တွေမှာလည်း​ ကျင်း​ပသွား​ကြမယ်လို့​လည်း​ ​ပြောပါတယ်။

ဒီ​နေ့​ ရန်ကုန်က ဂီတပြိုင်ပွဲကို ဒု-ဥက္ကဋ္ဌ ဦး​တင်ဦး​ အပါအဝင် အဖွဲ့​ချုပ်​ခေါင်း​ဆောင်​တွေလည်း​ လာ​ရောက်အား​ပေး​တယ်လို့​ သိရပါတယ်။

မွေး​နေ့​ရှင် ​ဒေါ်​အောင်ဆန်း​စုကြည်က​တော့​ အလုပ်​တွေ များ​နေလို့​ လာ​ရောက် အား​မ​ပေး​နိုင်​သေး​ဘူး​လို့​လည်း​ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013