DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံတ၀န်း ဧက ၈ သိန်းခွဲကျော် ရေနစ်မြုပ်နေဟု သတင်းထုတ်ပြန်
DVB
·
August 3, 2015
မြန်မာနိုင်ငံတ၀န်း ဧက ၈ သိန်းခွဲကျော် ရေနစ်မြုပ်နေဟု သတင်းထုတ်ပြန်
Donate to DVB

မြန်မာနိုင်ငံ ပြည်နယ်နဲ့ တိုင်းဒေသကြီး ၁၂ ခုမှာ ဧက ၈၅၀၆၀၀ ကျော်ထိ ရေကြီးနစ်မြုပ်နေတယ်လို့ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက သြဂုတ် ၂ ရက်နေ့က  တရားဝင်ထုတ်ပြန်လိုက်ပါတယ်။

တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ချင်းပြည်နယ်တို့ကလွဲရင် ကျန်ပြည်နယ်နဲ့ တိုင်းဒေသကြီးအားလုံးမှာ ပျက်စီးသွားတာပါ။

ရေမြုပ်ဧကတွေထဲမှာ ပျက်စီးဧက ၄၄၀၀၀ ကျော်၊ ရေပြန်ပေါ်ဧက ၁၅၀၀၀၀ ကျော်နဲ့ ထိခိုက်ဧက ၁၅၀၀၀၀ ကျော်ထိ ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒီထဲမှာ ရခိုင်ပြည်နယ်က ရေမြုပ်ဧကနဲ့ ပျက်စီးဧက အများဆုံးဖြစ်ပြီး ၂ သိန်း ၆ သောင်းကျော်နဲ့ ပဲခူးတိုင်းဒေသကြီးကတော့  ဒုတိယအများဆုံးဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013