DVB Logo
Home
မြန်မာသတင်း
နိုင်ငံတ၀န်း ရေဘေးသင့်သူ ၁ သိန်းခွဲခန့်နှင့် သေဆုံးသူ ၄၅ ဦး ရှိပြီ
DVB
·
August 2, 2015
နိုင်ငံတ၀န်း ရေဘေးသင့်သူ ၁ သိန်းခွဲခန့်နှင့် သေဆုံးသူ ၄၅ ဦး ရှိပြီ
Donate to DVB

ပြည်နယ်တိုင်း ၁၁ ခုမှာ ရေကြီးနေပြီး သြဂုတ် ၁ ရက်အထိ ရေဘေးသင့်သူပေါင်း ၁ သိန်း ၄ သောင်းကျော် ရှိနေပါတယ်။

ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဦးစီးဌာနရဲ့ စာရင်းဇယားတွေအရ ရေဘေးမှာ သေဆုံးသူ ၂၇ ယောက် ရှိပြီး ဒီထဲ ရခိုင်ပြည်နယ်ရေဘေးအတွင်း သေဆုံးသူများ မပါဝင်ပါဘူး။

ရခိုင်ပြည်နယ်အတွင်း ဇူလိုင်ရေဘေးကြောင့် သြဂုတ်  ၂ ရက်ထိ လူ ၁၈ ယောက် သေဆုံးခဲ့တယ်လို့ ပြည်နယ်အစိုးရက ပြောပါတယ်။ ဒီအတွက် ရေဘေးကြောင့် မြန်မာနိုင်ငံတ၀န်းလုံးမှာ သေဆုံးသူ ၄၅ ယောက်ရှိပြီ ဖြစ်ပါတယ်။

ဒါကြောင့် ပြည်နယ်တိုင်းအလိုက် ရေဘေးကြောင့် သေဆုံးသူဦးရေဟာ ရခိုင်မှာ အများဆုံးဖြစ်ပြီး ချောင်းနြဲ့မစ်ရေများအတွင်း လှေမှောက်ပြီး သေဆုံးကြသူ များပါတယ်။

ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဦးစီးဌာနက ကိန်းဂဏန်းတွေအရ ရခိုင်မှာ ရေဘေးသင့်သူ ၈၆၈၃ ယောက်ဖြစ်ပြီး ပြည်နယ်အစိုးရရဲ့ သြဂုတ် ၂ ရက် စာရင်းအရ လူပေါင်း ၃၃၈၄၈ ရေဘေးဒုက္ခ ခံစားနေကြရပါတယ်။

ပြည်နယ်အတွင်း ကယ်ဆယ်ရေးစခန်း ၁၃၀ ဖွင့်ထားပြီး အိမ်ထောင်စုပေါင်း ၆၀၀၀ ကျော် ခိုလှုံနေထိုင်နေကြရပါတယ်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက ရခိုင်မှာ ဒီနေ့ ရေနည်းနည်း ပြန်ကျပြီး စားရေရိက္ခာ စဝေနိုင်ပြီလို့ ပြောပါတယ်။

“ရေတော့ ကျသွားပါပြီ၊ တပ်မတော်လေက ရဟတ်ယာဉ် ၂ စီးနဲ့ တောက်လျှောက် လိုတဲ့နေရာတွေ လိုက်ပို့ပေးနေတယ်။ ပထမခေါက်တော့ ခေါက်ဆွဲခြောက်တို့၊ ကြက်ဥတို့ အမြန်စားလို့ရတာတွေ ပို့တာပေါ့။ ဒါပြီးရင် ရဟတ်ယာဉ်နဲ့ ဆန်တွေ ပို့ပေးပါမယ်။”

ပြည်နယ်အတွင်း ရေဘေးဒဏ် အဆိုးဆုံး ခံခဲ့ရတဲ့ မြောက်ဦးနဲ့ မင်းပြားကို ရိက္ခာပို့ပေးခဲ့တာ ဖြစ်ပါတယ်။

ပင်လယ်ဒီရေ ကျသွားပေမယ့် တောင်ကျရေနဲ့ မြစ်ရေကတော့ တိုးနေတုန်း အခြေအနေ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013