DVB Logo
Home
မြန်မာသတင်း
ချင်းပြည်နယ် ရိက္ခာပြတ်တော့မည်၊ ရဟတ်ယာဉ်ဖြင့်ကူညီရန် သမ္မတထံတောင်းဆို
DVB
·
August 2, 2015
ချင်းပြည်နယ် ရိက္ခာပြတ်တော့မည်၊ ရဟတ်ယာဉ်ဖြင့်ကူညီရန် သမ္မတထံတောင်းဆို
Donate to DVB

ချင်းပြည်နယ်တွင်းရှိ ဟားခါး၊ တီးတိန်၊ ဖလမ်း၊ ပလက်ဝ၊ မတူပီ စတဲ့ မြို့နယ်တွေမှာ ရေကြီးမြေပြိုပြီး ကူးသန်းသွားလာရေး အခက်အခဲဖြစ်နေတဲ့အတွက်  စားနပ်ရိက္ခာပြတ်လပ်တော့မယ်လို့ ချင်းပါတီအဖွဲ့အစည်း ၁၀ ခုကျော်က ပြောဆိုလိုက်ပါတယ်။

ချင်းအဖွဲ့အစည်း ၁၀ ခုကျော် ခေါင်းဆောင်တွေက သမ္မတ ဦးသိန်းစိန်အစိုးရအနေနဲ့ ချင်းပြည်နယ်ထဲက အဲ့ဒီမြို့တွေဆီ ရဟတ်ယာဉ်သုံးပြီး စားနပ်ရိကာ ပို့ပေးဖို့ လက်မှတ်ရေးထိုး တောင်းဆိုလိုက်ကြပါတယ်။

ချင်းတိုးတက်ရေးပါတီဥက္ကဋ္ဌ ဦးနိုထမ်ကပ်က ပြည်နယ်အတွင်း လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်တောက်ကုန်လို့ အခုလို ရဟတ်ယာဉ်နဲ့ ရိက္ခာပို့ပေးဖို့ သမ္မတဆီ တောင်းဆိုရတာလို့ ပြောပါတယ်။

“မြေပြိုတာပြိုလေ့ပြိုထ ရှိပါတယ်။ အခုဟာက မြေပြိုတယ်။ တောင်ပေါ်က ပေါင်လုံးလောက်ရှိတဲ့ ရေက ဒလဟော စီးနေတဲ့အခါ သွားမယ်ဆိုရင်လည်း ကျောက်တုံးကျောက်ခဲတွေ ပြုတ်ကျလာတော့ အန္တရာယ် များတယ်လေ။ လမ်းတွေက ပြုတ်ထွက်သွားတာ၊ ဖလမ်းနဲ့ ဟားခါးကြား လမ်းတွေက ၂ နေရာ ၃ နေရာ ပြုတ်ထွက်သွားတာ၊ ရဟတ်ယာဉ်တွေနဲ့ မပို့ဘူးဆိုရင် အကြီးအကျယ် တော်တော်လေး ဒုက္ခရောက်ကုန်မယ်။”

ချင်းပြည်နယ်မှာ ကုန်လမ်းတခုနဲ့ပဲ သွားလာနေရပြီး အခုလို မိုးကြီးတာကြောင့် လမ်းတွေ ပြတ်တောက်ပြုတ်ထွက်ကုန်တဲ့အတွက် ကယ်ဆယ်ရေးရဟတ်ယာဉ်တွေသုံးပြီး ရိက္ခာချပေးမှပဲ ဖြစ်တော့မယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ချင်းပြည်နယ်မှာ မိုးကြီးမြေပြိုပြီး မြို့တော် ဟားခါးမှာ အိမ်အလုံး ၅၀ ကျော် ပြိုကျပျက်စီးကုန်ပါတယ်။

ပြည်နယ်အတွင်း ဆန်၊ ဆီ၊ ကြက်ဥ စတဲ့ စားကုန်တွေ အဆ ၁၀၀ လောက် ဈေးမြင့်တက်နေပြီး မိုးဆက်ရွာရင် အတော်ဒုက္ခရောက်နိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။

ချင်းပါတီနဲ့ လူမှုအဖွဲ့အစည်းတွေအနေနဲ့ ကူညီထောက်ပံ့ရေး လုပ်ဆောင်ချင်ပေမယ့် လမ်းပန်းအဆက်အသွယ် ပြတ်တောက်နေလို့ ဘာမှ လုပ်မရ ဖြစ်နေကြတာပါ။

ဒါကြောင့် အစိုးရအနေနဲ့ အတိဒုက္ခရောက်နေကြတဲ့ ချင်းပြည်သူတွေကို ရဟတ်ယာဉ်သုံးပြီး စားနပ်ရိက္ခာ ထောက်ပံ့ပေးဖို့ တင်ပြ တောင်းဆိုကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013