DVB Logo
Home
မြန်မာသတင်း
ဆားလင်းကြီး တွင် ကျေးရွာ ၃၀ ခန့် ရေနစ်မြုပ် (ရုပ်သံ)
DVB
·
August 2, 2015
ဆားလင်းကြီး တွင် ကျေးရွာ ၃၀ ခန့် ရေနစ်မြုပ် (ရုပ်သံ)
Donate to DVB

ချင်းတွင်းမြစ်ရေကြီးမှုကြောင့် ဆားလင်းကြီးဒေသမှာ ကျေးရွာပေါင်း ၃၀လောက် ရေနစ်မြုပ်နေပြီး ဆားလင်းကြီး-ညောင်ပင်ကြီးလမ်းမပေါ်မှာ ရွှေ့ပြောင်းနေရပါတယ်။

ချင်းတွင်းမြစ်ရေဟာ ၁ နာရီကို ၂ စင်တီမီတာနှုန်းနဲ့ တက်နေတဲ့အတွက် ဆားလင်းကြီးဒေသက ကျေးရွာ ၃၀ လောက် ရေနစ်မြုပ်နေတာပါ။

အဲဒီဒေသက ဒေသခံတွေဟာ ကျွဲနွားလယ်ယာပစ္စည်းတွေနဲ့အတူ ရေလွတ်ရာ ဆားလင်းကြီး ညောင်ပင်ကြီးလမ်းမပေါ်မှာ ရွှေ့ပြောင်းနေထိုင်ကြပါတယ်။

အာဏာပိုင်တွေက လာရောက်ကူညီတာတွေတော့ ခုချိန်ထိ မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ရေကြီးမှုကြောင့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ ကာရံထားတဲ့ မြေတာဘောင်တွေ ကျိုးပျက်ပြီး စီမံကိန်းအတွင်း နေရာအချို့မှာ ရေလွမ်းခဲ့ပါတယ်။

ဒါကြောင့် မြစ်ရေ ပြန်ကြချိန်မှာ စီမံကိန်းက  ကျောက်အနည်အနှစ်တွေနဲ့ ဓာတုပစ္စည်းတွေ မြေနုကျွန်းပေါ်မှာ တင်ကျန်ပြီး လယ်ယာမြေတွေ ပျက်စီးမှာကို ဒေသခံတွေက စိုးရိမ်နေပါတယ်။

ချင်းတွင်းမြစ်ရေဟာ သြဂုတ် ၁ ရက်နေ့ ညနေအထိ မုံရွာမြို့ စိုးရိမ်ရေအမှတ် ၁၀၀၀ စင်တာမီတာရဲ့ အထက် ၁၀၈၂ စင်တီမီတာမှာ ရှိနေပါတယ်။

အပြည့်အစုံ ရုပ်သံကြည့်ရန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013