DVB Logo
Home
မြန်မာသတင်း
ချင်းတွင်း မြစ်ရေ တိုးမှုကြောင့် မုံရွာမြို့ စိုးရိမ်ရေမှတ်ကျော်လွန်
DVB
·
August 2, 2015
ချင်းတွင်း မြစ်ရေ တိုးမှုကြောင့် မုံရွာမြို့ စိုးရိမ်ရေမှတ်ကျော်လွန်
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းမှာ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ချင်းတွင်း မြစ်ရေတိုးလာပြီး ဩဂုတ် ၁ ရက်နေ့ ညနေ ၅) နာရီအချိန်မှာ မုံရွာမြို့ စိုးရိမ် ရေမှတ် (၁၀၀၀) စင်တီမီတာ အထက်ကို ကျော်လွန်ပြီး (၁၀၈၅) စင်တီမီတာကို ရောက်ရှိလာလို့  တာရိုးတချို့နေရာတွေမှာ ရေစိမ့်ယိုမှုတွေ ဖြစ်ပွားနေပါတယ်။

ရေစိမ့်တဲ့ နေရာတွေကို အာဏာပိုင်တွေ၊ လူမှုရေးအဖွဲ့တွေက သဲအိတ်တွေနဲ့ လိုက်လံဖာဆေးပြီး ရေဘေး ကာကွယ်ရေး လုပ်ငန်းတွေကို ဆောင်ရွက်နေတယ်လို့ မုံရွာမြို့ခံ သတင်းထောက်တဦးက ပြောပါတယ်။

ချင်းတွင်းမြစ်ရိုးတလျှောက်နဲ့ ဘုရားကြီးရပ်ကွက်အနီးက ထန်းတော စက်လေဆိပ်အနီးရှိ တာရိုးနေရာနဲ့ တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံးနဲ့ အောင်မင်္ဂလာ အဝိုင်းပတ်ကြားရှိ တာဘောင် လမ်းမှာ သဲအိတ်တွေ ကာရံတွေကို ပြည်သူတွေနဲ့ အာဏာပိုင်တွေ ပူပေါင်းပြီး ဆောက်ရွယ်နေတာ ဖြစ်ပါတယ်။

ဒါ့အပြင် ရေကင်းတွေ ၂၄ နာရီ စောင့်ကြည့်တာ၊ ရေဘေး အသိပညာပေး လက်ကမ်းစာစောင်တွေ လိုက်လံဝေငှနေတယ်လို့လည်း အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

မုံရွာမြို့နယ် တောင်ပိုင်းက ကျေးရွာတွေဖြစ်တဲ့ ညောင်ဖြူပင်၊ မရိုးကုန်း၊ ချောင်းကောက်စတဲ့ ရွာတွေမှာ ရေတွေ ၂ ပေလောက်အထိ ၀င်ရောက်နေပါတယ်။

အဲဒီအတွက် ကျေးရွာနေ ပြည်သူတွေကို ရေလွတ်ရာတွေကို ပြောင်းရွှေ့ပေးနေပြီး  လူနဲ့ တိရစ္ဆာန် အသေအပျောက် မရှိဘူးလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013