DVB Logo
Home
မြန်မာသတင်း
အပေးအယူ ဖြင့် တရုတ်အကျဉ်းသားများကို ပြန်လွှတ်ပေးခဲ့ဟု သမ္မတရုံးညွှန်မှူး ပြော
DVB
·
August 1, 2015
အပေးအယူ ဖြင့် တရုတ်အကျဉ်းသားများကို ပြန်လွှတ်ပေးခဲ့ဟု သမ္မတရုံးညွှန်မှူး ပြော
Donate to DVB

သစ်ခိုးထုတ်မှုနဲ့ တသက်တကျွန်းကျ တရုတ် ၁၅၀ ကျော် ပြန်လွှတ်ပေးခဲ့တာဟာ တရုတ်နိုင်ငံနဲ့ အပေးအယူလုပ်ပြီး လွှတ်ပေးခဲ့တာလို့ သမ္မတရုံးက ပြောပါတယ်။

ဇူလိုင် ၃၀ ရက်က သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အကျဉ်းသား ၇၀၀၀ လောက် ပြန်လွှတ်ပေးခဲ့တဲ့ထဲ ကချင်ပြည်နယ်ထဲ သစ်ခိုးထုတ်လို့ တသက်တကျွန်းပြစ်ဒဏ် ချခံထားရတဲ့ တရုတ်နိုင်ငံသား ၁၅၅ ယောက်လည်း ပါဝင်ခဲ့ပါတယ်။

သစ်ခိုးထုတ်လို့ နှစ်ရှည်ထောင်ဒဏ်ချခံထားရတဲ့ တရုတ်တွေ ရက်ပိုင်းလောက်ပဲ ပြစ်ဒဏ်ကျခံရပြီး လွတ်မြောက်ခဲ့တဲ့အတွက် အစိုးရအပေါ် လူထုရဲ့ ဝေဖန်မှုမြင့်တက်နေချိန်မှာ သမ္မတရုံးရဲ့ အခု ပြောဆိုချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

သမ္မတရုံးညွှန်မှူး ဦးဇော်ဌေးက တရုတ်နဲ့ အချက် ၅ ချက် အပေးအယူလုပ်ပြီး လွှတ်ပေးခဲ့တာလို့ အခုလို ပြောပါတယ်။

“နံပါတ်တစ်က အကျဉ်းသား ကိစ္စပေါ့။ ဟိုဘက်မှာ ကျနော်တို့ဆီက အကျဉ်းကျခံနေရသူ ၂၅၀ ကျော် ရှိတယ်။ အလားတူ ကိုးကန့် စစ်ဘေးရှောင် ၃၀၀၀ လောက်ကို သူတို့ စောင့်ရှောက်ထားတာ ရှိတယ်၊ နောက်တချက်က ဟိုဘက်မှာ တရားဝင် အလုပ်လုပ်ခွင့် မရှိဘဲ လုပ်နေတဲ့ ကျနော်တို့ အလုပ်သမားတွေ အများကြီးရှိတယ်။ ဟိုမှာ သူတို့ နေမှုထိုင်မှု လုပ်သာကိုင်သာ အဆင်ပြေနေတာ သိရတယ်ပေါ့နော်။ အဲ့ဒါတွေ တရားဝင်ဖြစ်အောင် ညှိနှိုင်း ဆောင်ရွက်နေတယ်။ သူတို့ဘက်က ၂၅၀ ကျော်ကို ကြိုပြီးတော့ လွှတ်လိုက်တယ်။ နောက် တချက်ကတော့ ငြိမ်းချမ်းရေးကိစ္စ၊ တရုတ်က ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ၃ ချက် ကျနော်တို့ကို ပြောထားတယ်။ သူတို့ရဲ့ ကတိက၀တ်လို့ ခေါ်ရမှာပေါ့။ နံပါတ်တစ်အချက်က တရုတ်နိုင်ငံအနေနဲ့ လက်နက်ကိုင်သောင်းကျန်းသူတွေကို ကူညီထောက်ပံ့မှု မလုပ်ပါဘူး၊ နံပါတ်နှစ်အချက်က အစိုးရက လုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ်မှာ တရုတ်နိုင်ငံအနေနဲ့ ထောက်ခံတယ်။ နံပါတ်သုံးအချက်ကတော့ one china policy ပေါ့။ ကျနော်တို့ဘက်က ထားသလို သူတို့ဘက်ကလည်း မြန်မာနိုင်ငံအစိုးရနဲ့ပဲ Deal လုပ်မယ် ဆိုတဲ့ဟာ၊ ဒီ ကတိက၀တ်တွေက ကျနော်တို့ကို ပေးထားပြီး ဖြစ်တယ်။ ကုန်သွယ်မှုပိုင်းဆိုင်ရာမှာ မြန်မာဘက်က ဆန်တင်ပို့မှုကို တရုတ်အစိုးရက တရားဝင်ဖြစ်အောင် ဆောင်ရွက်ပေးမယ်။”

ဒါ့အပြင် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနဲ့ မဟာဗျုဟာ  မိတ်ဖက် နိုင်ငံတွေ အချင်းချင်းကြားမှာ ကတိက၀တ်ထား လုပ်ဆောင်နေတာတွေကြောင့် တရုတ်အကျဉ်းသားတွေကို ပြန်လွှတ်ပေးခဲ့တာလို့ ဆိုပါတယ်။

အခုနှစ်ဆန်းပိုင်းက တရုတ်-မြန်မာနယ်စပ် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဝါရှောင်၊ မံဝိန်း၊ ဆီနီကူး၊ မံတောင်၊ လောခွန်ယန်၊ ဆဒုံးဒေသအတွင်း  စစ်ဆင်ရေးမှာ တရုတ်နိုင်ငံသား ၁၅၀ ကျော်ကို သစ်ထုတ်တဲ့ ပစ္စည်းကိရိယာတွေ၊ မော်တော်ယာဉ်တွေနဲ့ ဖမ်းဆီးမိခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013