DVB Logo
Home
မြန်မာသတင်း
ပြည်နယ်တိုင်း ၄ ခု အရေးပေါ်အခြေနေ ကြေညာခြင်းမဟုတ်ဟု သမ္မတရုံးပြော
DVB
·
August 1, 2015
ပြည်နယ်တိုင်း ၄ ခု အရေးပေါ်အခြေနေ ကြေညာခြင်းမဟုတ်ဟု သမ္မတရုံးပြော
Donate to DVB

ချင်း၊ စစ်ကိုင်း၊ မကွေးနဲ့ ရခိုင် စတဲ့ဒေသတွေမှာ ရေကြီးပြီး ဆုံးရှုံးမှုများလို့ အမျိုးသားသဘာဝဘေးဥပဒေအရ ကြေညာချက်ထုတ်တာဖြစ်ပြီး အရေးပေါ် အခြေအနေ ကြေညာတာ မဟုတ်ဘူးလို့ သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောပါတယ်။

ချင်း၊ စစ်ကိုင်း၊ မကွေးနဲ့ ရခိုင် စတဲ့ ပြည်နယ်တိုင်း ၄ ခုကို သဘောဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေပုဒ် ၁၁ အရ သဘောဝဘေးအန္တရာယ် ကျရောက်တဲ့ ဒေသတွေအဖြစ် ဇူလိုင် ၃၁ ရက်နေ့စွဲနဲ့ သမ္မတရုံးက ကြေညာလိုက်တဲ့အပေါ် ဒီဗွီဘီက ဆက်သွယ်မေးမြန်းရာမှာ အခုလို ပြောကြားလိုက်တာပါ။

“ဒီဒေသတွေမှာ သဘာဝဘေးကျရောက်တဲ့ ပမာဏ ကြီးမားတဲ့အတွက်  ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးတွေ ထိထိရောက်ရောက်လုပ်ဖို့ လုပ်တာပါ။ အမျိုးသားသဘာဝဘေး စီမံခန့်ခွဲရေးဥပဒေအရ ကြေညာတာဗျ။ အဲ့ဒါလေး နည်းနည်း နားလည်မှု လွဲမယ် ထင်တယ်ဗျ။”

မြန်မာပြည်ရေဘေးအတွက် နိုင်ငံတကာက အကူအညီပေးဖို့ ကမ်းလှမ်းချက်တချို့ရှိနေပြီး အစိုးရအနေနဲ့ ကူညီပေးမယ့် အလှူရှင်နိုင်ငံတွေကို ပိတ်ပင်ထားခြင်း မရှိဘူးလို့လည်း သူက ပြောပါတယ်။

အစိုးရအနေနဲ့ ရေကြီးတဲ့ကိစ္စမှာ အခုလို ကြေညာချက်ထုတ်ပြီး လုပ်ဆောင်နေတာတွေဟာ နောက်ကျမနေဘူးလားလို့မေးတော့ သူက “သမ္မတကြီးနဲ့ ကာကွယ်ရေးဦးစီးချုပ်တို့ ကောလင်းဘက်မှာ ရေကြီးပြီ ဆိုကတည်းက သူတို့ သွားပြီးတော့ တောက်လျှောက် ဖြစ်နိုင်တဲ့ အနေအထားပေါ့နော်၊ တခုရှိတာက ကျနော်တို့ဘက်က သတင်းထုတ်ပြန်ရာမှာ သက်ဆိုင်ရာ ၀န်ကြီးဌာနတွေမှာ နည်းနည်းလေး လိုအပ်ချက်တွေ ရှိကောင်း ရှိမယ်၊ သို့သော် အောက်ခြေမှာတော့ တော်တော်လေးကို လုပ်နေတာတော့ သိရတယ်ပေါ့နော်။”

ရေကြီးမှု အခြေအနေ ဆိုးဝါးနေတဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ စစ်တပ်၊ ရဲနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ ပေါင်းပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်နေကြတယ်၊ စစ်တပ်လေယာဉ်ပျံနဲ့ ရဟတ်ယာဉ်၊ ရေယာဉ်တွေ သုံးပြီး ကယ်ဆယ်ရေးလုပ်နေကြတယ်။ သမ္မတ ဦးသိန်းစိန်လည်း ဒီနေ့ ကလေးကို သွားမယ်လို့ ပြောပါတယ်။

အစိုးရ ရရှိထားတဲ့ ကိန်းဂဏန်းတွေအရ ရေဘေးအတွင်း သေဆုံးသူ လူ ၂၀ ကျော် သွားပြီလို့ ဦးဇော်ဌေးက ပြောပါတယ်။

ဒီဗွီဘီက သီးသန့် စုံစမ်းလို့ သိရသလောက် ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်ထဲမှာတင် လူ ၂၀ ကျော် တောင်ကျချောင်းအတွင်း မျောပါပျောက်ဆုံး သေဆုံးခဲ့ပါတယ်။

မြန်မာပြည် ပြည်နယ်တိုင်း ၁၂ ခုမှာ ရေကြီးမှုကြောင့် လူ ၁ သိန်းခွဲလောက် ရေဘေးသင့်နေပြီး  လယ်ဧက ၅ သိန်းကျော် ရေနစ်မြုပ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013