DVB Logo
Home
လူမှုရေး
ရှမ်းရွှေ့ပြောင်းလုပ်သားများကို နေရာမှ ဖယ်ရှားခိုင်း
DVB
·
June 10, 2011
Donate to DVB

ထိုင်း​နိုင်ငံ ချင်း​မိုင်ခရိုင်ထဲမှာ တရား​မဝင် ​မြေကွက်ဝယ်ယူပြီး​ ​နေထိုင်ခဲ့​တဲ့​ ရှမ်း​ရွှေ့​ပြောင်း​အလုပ်သမား​တွေရဲ့​ ​နေအိမ် နဲ့​ ​မြေကွက်​တွေကို ဖယ်​ပေး​ဖို့​ ထိုင်း​အာဏာပိုင်​တွေက သတိ​ပေး​ပြောကြား​လိုက်ပါတယ်။

ထိုင်း​နိုင်ငံ ချင်း​မိုင်မြို့​ ​မြောက်ဘက် ၂၆ ကီလိုမီတာ အကွာအ​ဝေး​မှာရှိတဲ့​ ​နောင်ဖိုင့်​ရွာက ​နေအိမ်​တွေကို ၄ လအတွင်း​ အပြီး​ဖျက်ပြီး​ ​ပြောင်း​ရွှေ့​သွား​ဖို့​ သက်ဆိုင်ရာ ထိုင်း​အာဏာပိုင်​တွေက ဒီက​နေ့​မနက်မှာ လာပြီး​ ​ပြောကြား​ခဲ့​တာပါ။

အဲဒီရွာက ​မြေကွက်​တွေကို ​တောင်​ပေါ်သား​ လက်မှတ်ကိုင်​ဆောင်သူ ရှမ်း​ရွှေ့​ပြောင်း​အလုပ်သမား​တွေက လွန်ခဲ့​တဲ့​ ၄ နှစ်​လောက်ကတည်း​က စပြီး​ ဝယ်ယူခဲ့​ပါတယ်။

အိမ်ရာ​ဆောက် အတည်တကျ ​နေထိုင်​နေကာမှ ဥပ​ဒေနဲ့​ မညီညွတ်ဘူး​ဆိုပြီး​ တရာနီး​ပါး​လောက်ရှိတဲ့​ အိမ်​ခြေ​တွေကို ​ရွှေ့​ပြောင်း​ခိုင်း​ခဲ့​တာ ဖြစ်ပါတယ်။

အိမ်ဖယ်​ပေး​ရမယ့်​ ရွာသား​တ​ယောက်က “သူတို့​ပြောတာ ကိုယ့်​ဟာကိုယ်ဖျက်တဲ့​။ မဖျက်ရင် သူတို့​ လာဖျက်​ပေး​မယ်။ ကျ​နော်တို့​က ဖျက်ပြီး​ရင် ဘယ်မှာသွား​နေမလဲ ကျ​နော်တို့​က ​နေတဲ့​နေရာ မရှိဘူး​လို့​။ ပိုက်ဆံ​တွေ ရှုံး​သွား​တာ အိမ်လာ​ဆောက်တဲ့​ အိမ်​တွေ အကုန်လုံး​ဆုံး​တယ်။ ခန့်​မှန်း​ တသိန်း​ကျော်​လောက်။”

အဓိက ပြဿနာက​တော့​ အလုပ်သမား​တွေက ထိုင်း​နိုင်ငံရဲ့​ ​မြေရာပိုင်ဆိုင်ခြင်း​ ဥပ​ဒေ​တွေကို နား​မလည်တာဖြစ်ပြီး​ ထိုင်း​နိုင်ငံသား​စစ်စစ်မဟုတ်ရင် ​မြေကွက်ဝယ်ခွင့်​ မရှိတဲ့​အပြင် အဲဒီ​မြေကွက်​တွေထဲမှာမှ ခြံ​မြေဥယျာဉ်လုပ်ငန်း​အတွက် သတ်မှတ်ထား​တဲ့​ ​မြေဆိုရင် အိမ်​ဆောက်ခွင့်​မရှိဘူး​လို့​ ချင်း​မိုင်အ​ခြေစိုက် ​ရွှေ့​ပြောင်း​အလုပ်သမား​ပညာ​ပေး​အဖွဲ့​ မက်​ဖောင်​ဒေး​ရှင်း​က ကိုစိုင်း​စွမ်မိုင်း​က ​ပြောပါတယ်။

ငွေလိုချင်တဲ့​ ထိုင်း​ဒေသခံနဲ့​ ရွာသူကြီး​တွေရဲ့​ လိမ်ညာ​ရောင်း​စား​မှုကို ခံရတာလို့​ ဆိုပါတယ်။

“တကယ်လို့​ ထိုင်း​နိုင်ငံသား​အဟုတ်ဘူး​ဆိုရင် ထိုင်း​နိုင်ငံရဲ့​ ဥပ​ဒေအရ​ပေါ့​နော် လုံး​ဝ ဝယ်ပိုင်ခွင့်​ မရှိပါဘူး​။ ခြံ​တွေ ယာ​တွေ လုပ်စား​လို့​ပဲ ရတယ်။ အိမ်​ဆောက်ပြီး​တော့​ ​နေလို့​ မရဘူး​။ ပြီး​တော့​ အလုပ်သမား​တွေကလည်း​ မဝယ်ခင်တုန်း​က ဥပ​ဒေပိုင်း​ဆိုင်ရာ​ပေါ့​ မသိကြ​တော့​ သူတို့​ကလည်း​ ဝယ်ကြတာ​ပေါ့​။ ​ရောင်း​တဲ့​လူကလည်း​ ပိုင်ရှင်လို့​ သ​ဘော​ပြောရမှာ​ပေါ့​။ အဲဒီအထဲမှာ ရွာသူကြီး​တွေ ပြီး​တော့​ ဥက္ကဋ္ဌ​တွေ အပါအဝင်​ပေါ့​။ ပွဲစား​တွေ ဘာ​တွေလည်း​ ရှိ​သေး​တယ်။ အဲဒီပွဲစား​တွေကမှ တဆင့်​ပြီး​တဆင့်​ ​တောင်​ပေါ်သား​ကတ် ရှိတဲ့​လူ​တွေ​ကော အလုပ်သမား​ကတ် ရှိတဲ့​လူ​တွေ​ကော ​ရောင်း​ပေး​မယ်​ပေါ့​။ တကွက်ကို ၂ ​သောင်း​က​နေ ၄ ​သောင်း​အထိ အလုပ်သမား​တွေကလည်း​ သတင်း​ကြား​တော့​ ပိုက်ဆံရှိတဲ့​လူ​တွေက ဝယ်ပြီး​တော့​ အိမ်​တွေဘာ​တွေ ​ဆောက်ပြီး​ ​နောက်ပိုင်း​ကျမှ ပြဿနာက ဖြစ်လာတာ။ တိုက်​တွေဘာ​တွေ ​ဆောက်ထား​တာ ပြီး​စီး​ကုန်ပြီ။”

ထိုင်း​အာဏာပိုင်​တွေက ဒီ​မြေကွက်အ​ရောင်း​အဝယ်ကိစ္စမှာ ပါဝင်ပတ်သက်​နေတဲ့​ ရွာလူကြီး​တွေကို ​ခေါ်ယူစစ်​မေး​နေပါတယ်။ ဒီ​နောင်ဖိုင့်​ရွာက အိမ်​တွေဖယ်​ပေး​ခိုင်း​တာဟာ ဒုတိယအကြိမ်ဖြစ်ပြီး​ ၂၀၀၉ ခုနှစ်တုန်း​က တ​ခေါက် ဖယ်ခိုင်း​ခဲ့​ပါ​သေး​တယ်။

အဲဒီတုန်း​က​တော့​ ရွာသား​တွေအ​နေနဲ့​ ချက်ချင်း​ပြောင်း​ရွှေ့​ဖို့​ မဖြစ်နိုင်​သေး​ကြောင်း​ လူမှုဖွံ့​ဖြိုး​ရေး​နဲ့​ လူသား​ရင်း​မြစ်ဆိုင်ရာအဖွဲ့​၊​ အလုပ်သမား​ အဖွဲ့​တွေက ​ခေတ္တဆိုင်း​ငံ့​ပေး​ဖို့​ အသနား​စာတင်​ပေး​ခဲ့​တဲ့​အတွက် အခုထိ​နေ ​နေကြတာပါ။

ဒီတ​ခေါက်မှာ ဥပ​ဒေအတိုင်း​ လိုက်နာ​ဆောင်ရွက်ပါ့​မယ်လို့​ ရွာသား​တွေကို အာဏာပိုင်​တွေက ကတိဝန်ခံချက် လက်မှတ်ထိုး​ခိုင်း​သွား​ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013