DVB Logo
Home
မြန်မာသတင်း
ပွင့်ဖြူရေဘေးဒုက္ခသည်အခြေအနေ ပြောကြားချက်
DVB
·
July 31, 2015
ပွင့်ဖြူရေဘေးဒုက္ခသည်အခြေအနေ ပြောကြားချက်
Donate to DVB

ပွင့်ဖြူမြို့နယ်ရေကြီးမှုအပေါ် ပွင့်ဖြူမြို့နယ် အနောက်ဘက် ရေဘေးဒုက္ခသည်စုရပ်က ကိုကျော်မိုးနှင့် ဇူလိုင် ၃၁ ရက်နေ့ညနေ လေးနာရီပြောကြားရာမှာ “ပွင့်ဖြူမြို့အနောက်ဘက် ပြည်လုံးကျော်ကျေးရွာကပါခင်ဗျ။ အခြေအနေက မုန်းနား ဟိုဘက်ဒီဘက်တလျောက် ခြောက်ပေါက်ထိအောင် ရွာတွေမြုပ်ကုန်ကြပါပြီ။ တချို့ရွာတွေ ဆိုလို့ရှိရင် အိမ်မှာ လူနေလို့ မရတဲ့ရွာတွေရှိတယ်။ တချို့ကျတော့ ကျွဲနွားတိရစ္ဆာန်တွေလောက်ပဲ ကုန်းမြင့်ကိုကူးပြီးတော့ နေရတဲ့ ရွာတွေရှိသလို မြုပ်တဲ့ရွာတွေလည်း တော်တော်များများရှိပါတယ်။ ခုက ရေက ကြည့်နေရင်းက မျက်စိအောက်မှာကို သိသိသာသာတိုးတိုးလာတယ်။ ပွင့်ဖြူကိုတိုးတာ ဒီနေ့ကောဆိုရင် နှစ်ရက်ရှိပြီ။ ညကမှ ပွင့်ဖြူမြို့ကို စမြုပ်တာပေါ့လေ။ ညက တမြို့လုံးလောက်နီးပါး ရွှေ့ကြတာ။ အခု ပွင့်ဖြူမြို့ကလည်း တော်တော်အခြေအနေဆိုးသွားပါပြီ။ မြို့ပေါ်ရပ်ကွက်တွေလည်း အကုန်မြုပ်ပါတယ်။ အဆိုးဆုံးကတော့ သက်တော်ရှည်အနောက်ပိုင်းအဆိုးဆုံးပါပဲ။  “ရှောင်ချိန်တိမ်းချိန်ပြေးချိန်ကတော့ရပါတယ်။ ဒါပေမယ့် သွားဖို့လာဖို့ အခက်အခဲလေးတွေ ရှိတာပေါ့။ ခုဆို ဆိုင်ကယ်စီးမရတဲ့နေရာရှိတယ်။ လှည်းနွားရွှေ့ရတဲ့အခက်အခဲရှိတာပေါ့။

“ရေဘေးဒုက္ခသည်တွေအတွက် ထမင်းထုတ်ဝေတဲ့အဖွဲ့ လာနေပါတယ်။ ရေဘေးဒုက္ခသည်တွေက ရေဘုတ်ကလေးကျေးရွာမှာရှိတယ်။ မုန်းရဲ့အနောက်ဘက်ခြမ်းက ရွှေဘိုရွာမှာ  ညပ်သိပ်နေအောင် တော်တော်များများရှိပါတယ်။ ခန့်မှန်းရခက်ပါတယ် အတော်များပါတယ်။ မနက်က အခြေအနေကတော့ တောင်ပေါ်ကုန်းမှာ ထမင်းဟင်း ဖြစ်သလိုလေး ချက်စားကြတာပေါ့။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013