DVB Logo
Home
စီးပွားရေး
ဒေါ်လာဈေးကျဆင်းနေမှု အစိုးရက ဝင်ထိန်း၍မရနိုင်ဟု ဦးခင်ရွှေပြော
DVB
·
June 10, 2011
Donate to DVB

လတ်တ​လော ပြည်တွင်း​မှာ အ​မေရိကန်​ဒေါ်လာ​ဈေး​တွေ ထိုး​ကျ​နေတာဟာ ​ဈေး​ကွက်စိမ်​ခေါ်မှုပဲဖြစ်လို့​ အစိုး​ရက ဝင်ထိန်း​လို့​လည်း​ မရနိုင်ဘူး​၊​ ဝင်ထိန်း​စရာလည်း​ မလိုဘူး​လို့​ ထင်ရှား​တဲ့​ စီး​ပွား​ရေး​လုပ်ငန်း​ရှင် ​ဇေကမ္ဘာ ဦး​ခင်​ရွှေက ​ပြောပါတယ်။

ပြီး​ခဲ့​တဲ့​နှစ် ​ကျောက်မျက်ပွဲက ​ဒေါ်လာ​တွေ ​ဈေး​ကွက်ထဲဝင်လာတာ​ကြောင့်​ ​ဒေါ်လာ​ဈေး​ကျ​နေတာလို့​လည်း​ ဆက်​ပြောပါတယ်။

ပို့​ကုန်သမား​တွေ အပါအဝင် လုပ်ငန်း​ရှင်​တွေ ​တော်​တော်များ​များ​ ​ဒေါ်လာ​ဈေး​ကျတာ​ကြောင့်​ အရှုံး​ပေါ်​နေတဲ့​အ​ပေါ် ဦး​ခင်​ရွှေက စပ်ကူး​မပ်ကူး​ ကာလမှာ ဖြစ်တတ်ပါတယ်လို့​ ​ပြောပါတယ်။

“ပို့​ကုန်လုပ်ငန်း​ရှင်​တွေ တွက်ထား​တာက​တော့​ ၈၀၀ - ၉၀၀ နဲ့​ ပို့​တာ​ပေါ့​ဗျာ။ ပြန်ရတဲ့​အချိန်မှာ ၇၅၀-၈၀၀ ဆို​တော့​ မကိုက်ဘူး​ပေါ့​ဗျာ ရှုံး​တယ်​ပေါ့​ဗျာ။ လတ်တ​လောက​တော့​ ဖြစ်တတ်ပါတယ် လတ်တ​လော စပ်ကူး​မပ်ကူး​ ကာလမှာ။ အပွင့်​လင်း​ဆုံး​ ​ပြောရရင် ​ရေရှည်သဖြင့်​က​တော့​ ​ကောင်း​တဲ့​လက္ခဏာ။ ​နောက်တခါ သူတို့​ ပို့​မယ် သွင်း​မယ် ဆိုလို့​ရှိရင် ၇၅၀ ပဲ အ​ခြေခံ သွင်း​ပို့​ရင် ဒီပြဿနာ တခါ မရှိ​တော့​ ပြန်ဘူး​။ ပို့​ရင်း​ပို့​ရင်း​နဲ့​ တခါ ၈၀၀ ​ဈေး​ပေါက်သွား​ရင် သူတို့​ မြတ်သွား​ပြန်​ရော။ အရင့်​အရင်ကလည်း​ ဒီလိုပဲ ၈၀၀ ​လောက်မှန်း​ပြီး​ ပို့​ကြတယ်။ ပြန်​ရောက်လာတဲ့​ အချိန်မှာ ၁၀၀၀ ဖြစ်တယ် မြိုး​မြိုး​မြက်မြက် မြတ်ကြတယ်။ အဲဒီအချိန်မှာ ဘာသံမှ မထွက်လာဘူး​၊​ အခုက ၉၀၀ ​လောက်နဲ့​ မှန်း​ပြီး​တော့​ ပို့​ကြတယ်၊​ ပြီး​တော့​မှ ၇၅၀- ၈၀၀ ဖြစ်တဲ့​အချိန်မှာ ညံကုန်​တော​ပေါ့​ဗျာ။ စီး​ပွား​ရေး​အရက ရှုံး​တာနဲ့​ မြတ်တာ နှစ်ခုပဲ ရှိတာကိုး​။”

ဒါ​တောင် ​ကျောက်မျက် ​ရောင်း​ရ​ငွေ ၃၀ ရာခိုင်နှုန်း​ ၄၀ ရာခိုင်နှုန်း​လောက်ပဲ ဝင်လာ​သေး​တာ၊​ ရာနှုန်း​ပြည့်​ ဝင်လာရင် ​ဒေါ်လာ​ဈေး​က ဒီ့​ထက်မက ထပ်ကျဖို့​ပဲရှိပြီး​ ​လော​လောဆယ်​ဒေါ်လာ​ဈေး​တက်ဖို့​ မမြင်​သေး​ဘူး​လို့​လည်း​ ဆိုပါတယ်။

ဒီ​နေ့​မှာပဲ စီး​ပွား​ရေး​ပညာရှင် ခင်​မောင်ညို (​ဘောဂ​ဗေဒ) က ​ဒေါ်လာ​ငွေကျရတဲ့​ အ​ကြောင်း​ရင်း​တွေကို သူ့​ဖေ့​စ်ဘွတ်စာမျက်နှာမှာ သုံး​သပ်​ရေး​သား​တင်ပြလိုက်ပါ တယ်။

ဒေါ်လာတန်ဖိုး​ ကျဆင်း​ရခြင်း​ဟာ အ​ကြောင်း​တခုတည်း​ကြောင့်​ မဖြစ်နိုင်ဘူး​၊​ အစိုး​ရလက်ထဲမှာ နိုင်ငံခြား​ သီး​သန့်​ရန်ပုံ​ငွေ ​ဒေါ်လာသန်း​ ၅၀၀၀ ​ကျော်ရှိ​နေတာ၊​ နိုင်ငံပိုင်အ​ဆောက်အဦနှင့်​ အိမ်ရာ​မြေများ​ ​ရောင်း​ချခဲ့​တာ​တွေက​နေ အစိုး​ရလက်ထဲကို မြန်မာကျပ်​ငွေ အများ​အပြား​ ဝင်​ရောက်သွား​တာ၊​ ပြီး​ခဲ့​တဲ့​နှစ်က ​ကျောက်မျက် ​ရောင်း​ရ​ငွေ​တွေ စံချိန်တင်ခဲ့​တာ၊​ လာမယ့်​ဇူလိုင်လမှာ လုပ်မယ့်​ကျောက်မျက်ပွဲက ထပ်ပြီး​ စံချိန်ချိုး​ဦး​မယ့်​ အလား​အလာရှိ​နေတာ စတဲ့​အချက်​တွေ​ကြောင့်​လို့​ သုံး​သပ်ထား​ပါတယ်။

ဒေါ်လာ​ဈေး​ကျတဲ့​ဒဏ်ကို တကမ္ဘာလုံး​ ခံစား​နေရတာပါလို့​လည်း​ ​ရေး​သား​ဖော်ပြထား​ပါတယ်။

ဇွန်လဆန်း​ကစပြီး​ ​ဒေါ်လာ​ဈေး​ ကျပ် ၈၀၀ ​အောက်ကျဆင်း​ခဲ့​တာပါ။ မနှစ်ဇွန်လက ကျပ်တ​ထောင်​လောက် ​ပေါက်​ဈေး​ ရှိခဲ့​ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013