DVB Logo
Home
မြန်မာသတင်း
ရေဘေးသင့်သူ ၁ သိန်းခွဲခန့်ရှိပြီး လူ ၂၀ သေဆုံး
DVB
·
July 31, 2015
ရေဘေးသင့်သူ ၁ သိန်းခွဲခန့်ရှိပြီး လူ ၂၀ သေဆုံး
Donate to DVB

ပြည်နယ်တိုင်း ၇ ခုမှာ ရေဘေးသင့်ဒုက္ခရောက်နေသူပေါင်း ၁ သိန်းခွဲလောက် ရှိပြီး ရေဘေးကြောင့် သေဆုံးသူ လူ ၂၀ ရှိပြီလို့ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဦး စီးဌာနက ညွှန်ကြားရေးမှူး ဦးချွမ်ဟရဲက ပြောပါတယ်။

ဇူလိုင် ၃၀ ရ က်ညနေအထိ ရရှိထားတဲ့ ကိန်းဂဏန်းတွေအရ စစ်ကိုင်းတိုင်း၊ ကချင်၊ ရှမ်း၊ မန္တလေး၊ ချင်း၊ ရခိုင်နဲ့ ကရင် စတဲ့ ပြည်နယ်တိုင်းတို့မှာ ဇူလိုင်ရေကြီးမှုအတွင်း ရေထဲမျောပါ ပျက်စီးသွားတဲ့ အိမ်အလုံးပေါင်း ၁၂၈ လုံး ရှိပြီလို့ သူက ပြောပါတယ်။

“အားလုံးပေါင်း ၁၄၉၉၀၀၊ အဲ့ဒါက ဘေးသင့်လူဦးရေ စုစုပေါင်း၊ သေဆုံးသူက ၂၀၊ ရေထဲ လုံးဝမျောပါပျက်စီးတာက ၁၂၈ အိမ်၊ စစ်ကိုင်းတိုင်းမှာ ၃၅ လုံး၊ ကချင်မှာ ၂ အိမ်၊ ရှမ်းမှာ ၃၊ မန္တလေးတိုင်းမှာ ၈၈ အိမ်၊ ရခိုင်မပါသေးဘူး၊ ကိန်းဂဏန်း တက်မလာသေးဘူး။”

ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဌာနအနေနဲ့ ရေဘေးသင့်နေသူတွေကို ဆန်၊ အိမ်ဆောက်ပစ္စည်းနဲ့ ကယ်ဆယ်ရေးပစည်းတွေ ထောက်ပံ့ကူညီပေးနေတာ ဇူလိုင် ၃၀ ရက်အထိ ကျပ်သိန်းပေါင်း ၅၀၀ ကျော်ဖိုး ရှိသွားပါပြီ။

ဌာနအနေနဲ့ ရေဘေးအတွင်း သေဆုံးသူ ၂၀အတွက် တဦးကို ငွေကျပ် ၁ သိန်းစီ ထောက်ပံ့ပေးပြီးလဲ ဖြစ်ပါတယ်။

လယ်ယာစိုက်ပျိုးရေးဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ ပြည်နယ်တိုင်း ၁၂ ခုမှာ ရေနစ်မြုပ်နေတဲ့ လယ်ဧကပေါင်း ၄ သိန်းလောက်ရှိပြီး ဧက ၃သောင်းလောက် ပျက်စီးသွားပြီလို့ သိရပါတယ်။

ရေကြီးမှုကြောင့် ပြည်နယ်တိုင်းတချို့မှာ မော်တော်ကားလမ်း၊ ရထားလမ်းတွေ ရေကျော်ပြီး ပျက်စီးမှုနဲ့ လမ်းတံတားကျိုးကျပျက်စီးမှုတွေလည်း ဖြစ်ပွားခဲ့ပါတယ်။

မြန်မာပြည်တ၀န်း မိုးကြီးပြီး ရေကြီးရေလျှံမှုတွေ ဒေသအတော်များများမှာ ဖြစ်ပွားနေတုန်း ဆိုင်ကလုန်းမုန်တိုင်း အဖျားခတ်သွားတာကြောင့် ရေကြီးမှုတွေ ပိုမိုဖြစ်ပွားနေပါတယ်။

သမ္မတ ဦးသိန်းစိန်က ဇူလိုင် ၃၀ ရက် ပြုလုပ်တဲ့ သဘာဝဘေးစည်းဝေးပွဲမှာ အစိုးရဌာနတွေ တခုနဲ့တခု ချိတ်ဆက်ပြီး ရေဘေးသင့်ပြည်သူတွေကို ကူညီထောက်ပံ့ဖို့ မှာကြားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013